ဖြိုးလေးနဲ့ စုံတွဲ အချစ်သီချင်း သီဆိုဖို့ ရှိတယ်ဝါဆိုမိုးဦး

0
301

သရုပ်ဆောင်ပိုင်းမှာ ထူးချွန် ရုံတင်မက အဆိုပိုင်းမှာရော၊ သရုပ် ဆောင်ပိုင်းမှာပါ ပရိသတ်တွေ သဘောကျကာ အားပေးမှုတွေ ရရှိထားသူကတော့ ဝါဆိုမိုးဦးပါ။ ဇာတ်ကား ရိုက်ကူးမှုတွေ အနည်း ငယ်ကျဲတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် သီချင်းတွေ စီစဉ်ဖြစ်နေပုံကိုလည်း ဝါဆိုမိုးဦးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

”အခုလောလောဆယ် ဝါဆို ကိုယ်ပိုင်သီချင်း လုပ်နေတယ်။ သီချင်းအခွေတော့ မဟုတ်ဘူး။ တစ် ပုဒ်ချင်းစီပဲ အွန်လိုင်းပေါ်တင်ဖို့ အစီအစဉ်ရှိတယ်။ သီချင်းက အမြူး လေးပဲ။ သင်္ကြန်မတိုင်ခင် တင်ဖို့တော့ ဝါဆိုကြိုးစားနေပါတယ်။ ပြီးတော့ ကိုဖြိုးလေးနဲ့ စုံတွဲသီချင်း သီဆိုဖို့ ရှိတယ်။ ကိုဖြိုးလေးက အခု Single Album လုပ်နေတယ်။ ၂လ ပိုင်းလောက် ထွက်ဖို့ ရှိတယ်။ ဝါဆို အခွေမှာတုန်းက ကိုဖြိုးလေးနဲ့ ဆိုထားတဲ့ မင်းကြိုက်တာလုပ် ဆိုတဲ့ သီချင်းက လမ်းခွဲတဲ့သီချင်းပုံစံမျိုး။ အခု ကိုဖြိုးလေးအခွေမှာက နှစ်ယောက်ဆိုမယ့် သီချင်းကလည်း လမ်းခွဲမယ့်ပုံစံမျိုး ဖြစ်နေတော့ နှစ်ယောက်စလုံးကလည်း ချစ်နေကြတယ်။ ထပ်ပြီး လမ်းခွဲ မယ့်ပုံစံမျိုး ဆိုရင် ပရိသတ်တွေက ကြိုက် ကြမှာ မဟုတ်လောက်ဘူးထင်လို့ အခု တိုင်ပင်ပြီး အချစ် သီချင်းလေးဆိုဖို့လုပ်နေပါတယ်” လို့ ပြောပါ တယ်။

ဖြိုးလေးနဲ့ အချစ်ရေးကို ဘယ် လို နားလည်မှုတွေနဲ့ တည်ဆောက် ထားလဲဆိုတာကိုလည်း ”ဝါဆိုတို့ ချစ်သူသက်တမ်းက အခု၁၂လပိုင်းဆို ၃နှစ်ပြည့်ပြီ။ စကြိုက်တုန်းကတော့ အဆင်မပြေ တာတွေရှိတယ်။ မိဘက သဘောမတူလို့ ၊ Type မတူလို့ဆိုပြီး အခက်အခဲတွေရှိတယ်။ အခု နောက်ပိုင်း တော့ အဆင်ပြေသွားပါတယ်။ နှစ်ယောက် စလုံးညှိယူကြပါတယ်” လို့ ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here