နိုင်ဇော်ကိုယ်တိုင် ရှင်းလင်း တီးပြထားသည့်MOOER GE 200 အပါအဝင်Multi Effecte အသုံးပြုနည်း DVD ထွက်ရှိမည်

0
204

နာမည်ကျော် ဂစ်တာသမား နိုင်ဇော် (Guitarist) ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရှင်းလင်းတီးပြ ထားတဲ့ MOOER GE 200 ဗာစ သြိနူငညါ ရ Multi Effecte အသုံးပြုနည်း DVD ကို ယခု တစ်ပတ်အတွင်း ထွက်ရှိမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဂီတ သမိုင်းမှာ ပထမဆုံးဖြစ်မယ့် အဲဒီ DVD စီစဉ်ဖြစ်ခဲ့ပုံအကြောင်းကို နိုင်ဇော်က အခုလိုပဲ ပြောပြပါတယ်။

”မြန်မာနိုင်ငံမှာ Digital Effect အသုံးပြုနည်းအကြောင်းကို ဘယ်သူကမှ သိပ်မရှင်းပြကြဘူး။ ဂစ်တာသမားတွေအတွက် အလိုအပ် ဆုံးက ဒါပဲလေ။ Digital Effect တွေကို သုံးနည်းဆိုတာ ဘယ်သူမှ မထုတ်ကြဘူး။ အဲဒီတော့ မြန်မာ နိုင်ငံရဲ့ ဂီတသမိုင်းမှာ ဒါဟာ ပထမ ဆုံး Special Effect အသုံးပြုနည်း DVD ပေါ့။ ဒီ Effect ကို ဝယ်တဲ့ အခါတင် မကဘူး။ တခြား Digital Effect တွေကို သုံးလည်း အဲဒီ Effect တွေအကုန်လုံးကို ဘယ်လို သုံးမလဲ ရှင်းပြထားတာပါ။ တစ် နိုင်ငံ လုံးမှာ ရှိတဲ့ ဂစ်တာသမားတွေ အတွက် ဒီ Effect ကို မဝယ်လည်း တခြား ခြေနင်း Effect တွေကို သုံး လည်းနားလည်အောင်ပါ။ ဂစ်တာ သမား တိုင်းမှာ အခက်အခဲ ရှိတယ်။ ဒါတွေ အတွက် သင်တန်းဆိုတာရှိတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ စမ်းတဝါးဝါး သုံးနေကြရတာ။ အဆင်မပြေတာ တွေ အများကြီးပဲ။ အဲဒီလူတွေအားလုံးအတွက်၊ ဂီတ လောကအတွက် အကျိုးပြုတဲ့အနေနဲ့ အစ်ကိုက ဒီ DVD ကို ထုတ်တာပါ။ ဒီတစ်ပတ်အတွင်း ထွက်မယ်။ တိုက် နှစ်လုံး တူရိယာကနေ စပွန်ဆာ ပေး ပြီးထုတ်တာပါ” လို့ နိုင်ဇော်က ပြော ပါတယ်။

သူက ဖန်တီးမှု အသစ် အဆန်း တွေ ၊ အထူးအဆန်းတွေ လုပ်ရတာ ဝါသနာပါသူဖြစ်ပြီး သူများလုပ်နေ ကျ အလုပ်တွေကို မလုပ်ချင်ဘူး လို့လည်း ဆိုပါတယ်။ ဒီ DVD ထွက် ရှိပြီးရင် ရော နောက် ထပ် ဘယ်လိုဖန်း မှုအသစ်တွေကို တွေ့ရဦးမလဲလို့ မေး မြန်းကြည့်တော့…

”နောက်တစ်ခုက နိုင်ဇော်ရဲ့ နိုင်ဇော်ဆိုတဲ့ Documentary ထွက်ဖို့ ရှိမယ်။ ကလေးဘဝက တည်းကနေ အခု အချိန်အထိ ဒီလို အောင်မြင်အောင် ဘယ်လို ဖြတ် သန်းခဲ့လဲဆိုတာတွေကို မှတ်တမ်းဗီဒီ ယိုအနေနဲ့ ထုတ်မယ်။ ဂစ်တာသမား တစ်ယောက်ရဲ့ မှတ်တမ်းပေါ့။ အဲဒီ ဗီဒီယိုထဲမှာ အစ်ကို့ကို အဆိုတော် ထွန်းရတီက Interviewer အနေနဲ့ မေးပေးထား တယ်။ အဲဒီအထဲမှာ အစ်ကို ကလေး ဘဝက ကျောင်း တွေမှာ ဘယ်လို တီးခဲ့လဲဆိုတာ တွေလည်း ပါမယ်။ အစ်ကို လက်စွမ်း ပြတီး ထားတဲ့ရှိုး တွေ၊ ဟောခဲ့တဲ့ စာပေ ဟောပြော ပွဲတွေ စတာတွေအ ပြင် နယ်အနှံ့ သွားပြီး ရိုက်ကူးထား တဲ့ Instrumental MTV ၅ပုဒ်လည်း ပါမယ်။ ကြည့်လိုက်ရင် ပရိသတ် စိတ်ဝင် စားသွားစေရမယ်။ နောက် ၂လလောက်နေရင် ထွက်မယ်” လို့ နိုင်ဇော်က ပြောပြခဲ့ပါတယ်။

သူ့ရဲ့ Art Robots Band အနေနဲ့တော့ လတ်တလောမှာ နယ်ရှိုးနဲ့ ရန်ကုန်ရှိုးပွဲတွေမှာ ဆက် တိုက်ဆိုသလို တီးခတ်နေရပြီး တေးစီးရီးခွေအတွက် တီးခတ်အသံ သွင်းခြင်းတွေလည်း ပြုလုပ်နေတယ် လို့ သိရပါတယ်။

စုမွန်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here