ဇာတ်လမ်းတွဲ ရိုက်ရတာ အခက်အခဲတော့ ရှိတယ် ကောင်းမြတ်စံ

0
434

ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှုရရှိလာခဲ့တဲ့ ကောင်းမြတ်စံကတော့ အခု တီဗီမှာ ပြသနေတဲ့ ‘နှလုံးသားနှင့် အရင်းနှီးဆုံး’ ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်အားပေးမှုရရှိလာခဲ့ပါတယ်။ ‘နှလုံးသားနှင့် အရင်းနှီးဆုံး’ ဇာတ်လမ်းတွဲလေးကို ပရိသတ်အားပေးမှု ရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ကောင်းမြတ်စံက . . .

”အဓိက ပထမဦးဆုံး ပြောချင်တာက ကျွန်တော်ဟာ သရုပ်ဆောင်အသစ် တစ်ယောက်ဖြစ်သလို ကာရိုက်တာ တိုင်းလည်း မငြင်းဘဲ သရုပ်ဆောင်ရတာပါ။ ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာလေးကို ပေါတောတောလေး ဆန်ထားတဲ့အတွက် ပရိသတ်ကြီးက ကျွန်တော့်ကို နားလည်ပြီးတော့ ကြည့်ရှုပေးပါလို့။ ကာရိုက်တာမတူတဲ့ ဇာတ်လမ်း တွဲတွေလည်း အများကြီး ရိုက်ဖို့ကျန်ပါသေးတယ်။ အခုဇာတ်လမ်းတွဲလေးက ဒါကျွန်တော်တို့ ကာရိုက်တာက နည်းနည်းပေါတော့ တချို့ပရိသတ်တွေက သိပ်မကြိုက်ချင်ကြဘူး။ အဲဒါလေးတစ်ခုကိုပဲ ပရိသတ်တွေ ကို မေတ္တာရပ်ခံချင်တာပါ။ နောက်ထပ်လည်း အများကြီး ကြိုးစားပါဦးမယ်” လို့ ပြောပါတယ်။

ဇာတ်လမ်းတွဲ သရုပ်ဆောင်ရတဲ့ အခါ အခက်အခဲတွေရှိလားလို့ မေးကြည့်တဲ့ အခါမှာတော့ ကောင်းမြတ်စံက ”ဇာတ်လမ်းတွဲ ရိုက်ရတာ အခက်အခဲတော့ ရှိတယ်။ ဒါပေမဲ့လည်း ကိုယ်က ဇာတ်လမ်းတွဲ ရိုက်ရင်း ပရိသတ်အားပေးမှုကို ရရှိ ခဲ့တယ်ဆိုတော့ ဇာတ်လမ်းတွဲ ရိုက်ရတာက အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေကျရင် ဇာတ်လမ်းတွဲ ရိုက်ရတာ အချိန်တအားပေးရတယ်။ ဇာတ်လမ်းတွဲက ၃လ ကြာတာရှိတယ်။ ၆လ ကြာတာရှိတယ်။ အဲဒီအချိန် ပရိသတ်ကို ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ မချပြနိုင်သလို ဖြစ်တယ်။ ဒါပေမဲ့လည်း အကောင်းဆုံးတော့ တင်ဆက်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကလည်းများတဲ့ အချိန်ဆို ကိုယ့်ကိုယ်ကိုယ် ခွန်အားဖြစ်တယ်။ တက်ကြွတဲ့ စိတ်တွေလည်း ဖြစ်မိတယ်။ အဲဒီတော့ ဇာတ်လမ်းတွဲ ရိုက်နေလို့ ပရိသတ်ရှေ့ လုပ်ဆောင်ချက်တွေ မချပြနိုင်ရင်လည်း ချစ်ပေးကြပါ ဦး” လို့ ပြောပါတယ်။

သဲစုလှိုင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here