အနုပညာကြေးတွေနဲ့မွေးနေ့အလှူပြုလုပ်ခဲ့တဲ့စံထိပ်ထားဦး

0
159

ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေးဖြစ်တဲ့ စံထိပ် ထားဦးကတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က သူ့ရဲ့အသက် ၁၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ၁၆ နှစ်ပြည့် အမှတ်တရအဖြစ် ရန်ကုန်ကလေးဆေးရုံကြီးမှာ သူ့ရဲ့အနုပညာကြေးတွေနဲ့ သွားရောက် လှူဒါန်းဖြစ်ပုံကို စံထိပ်ထားဦးကအခုလိုပဲ ပြောပြခဲ့ပါတယ်။

”အခုအသက် ၁၆ နှစ် ပြည့် ပြီဆိုတော့ မေမေတို့ကို အလှူလုပ်ချင်တယ်လို့ပြောပြတယ်။ မေမေတို့က ထိပ်ထိပ်ငယ်ငယ်တုန်းက တက်ခဲ့တဲ့ဆေးရုံမှာအလှူလုပ်ရင် ကောင်းမယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ထိပ်ထိပ်တို့ ရန်ကုန်ကလေး ဆေးရုံကြီးမှာ လိုအပ်တဲ့နေရာမှာ သုံးဖို့ အလှူငွေ ၁၆ သိန်းလာရောက်လှူဒါန်းဖြစ်တယ်။ ထိပ်ထိပ်ရတဲ့ အနုပညာကြေးတွေ အကုန် လုံးကို မိဘကိုပေးတယ်။ ဖေဖေနဲ့မေမေကလည်း အကုန်လုံးကိုသိမ်းထားပေးတယ်။ ထိပ် ထိပ်ငယ်ငယ်ကတက်ခဲ့တဲ့ဆေးရုံမှာလာလာလှူရတဲ့အတွက်လည်း စိတ်ထဲမှာတအားဝမ်း သာတယ်။ ကိုယ်ရတဲ့ အနုပညာကြေးနဲ့လှူဒါန်းရတဲ့အတွက်လည်းပိုပြီးတော့ ကုသိုလ်ရတယ် ထင်ပါတယ်’လို့ ပြောပါတယ်။ ဖေဖေနဲ့မေမေဆီကလိုချင်တဲ့ လက်ဆောင်ရခဲ့တဲ့အတွက် ဝမ်းသာမိတယ်ဆို တာကိုလည်း စံထိပ်ထားဦးက” မေမေက မွေးနေ့လက်ဆောင်ပေးမယ်လို့ မထင်မိဘူး။ တစ်နှစ်မှလည်းမပေးဘူးလေ။ ဒီနှစ်ကျမှမေမေက ထိပ်ထိပ်နာမည်နဲ့ ဆွဲကြိုးလေးလုပ်ပေးတယ်။ ဒီဆွဲကြိုးလေးကို တစ်ပတ်နှစ်ပတ်လောက်ကြိုလုပ်ရတယ်ဆို တော့ မေမေကထိပ်ထိပ်ကို အများကြီးချစ်ပါလားလို့တွေးမိတယ်။ ဖေဖေက ထိပ်ထိပ်ကိုလိုချင် တာ လိုက်ဝယ်ပေးတယ်။ ထိပ်ထိပ်လိုချင်တဲ့ လက်စွပ်လေးပေးတယ်။ ထိပ်ထိပ်လိုချင်တာတွေပေးတဲ့အတွက်လည်း ဖေဖေနဲ့မေမေကို တအားကျေးဇူးတင်တယ်”လို့လည်း ပြောပြပါ တယ်။


အခုအသက် ၁၆ နှစ်အရွယ်ရောက်လာတော့ မိဘနှစ်ပါးရဲ့မေတ္တာတရားကို ပိုပြီးတော့ သိတတ်လာတယ်ဆိုတာကိုလည်း …..

”ငယ်ငယ်တုန်းကတော့ မိဘမေတ္တာကို ထိပ်ထိပ်သိပ် မသိဘူး။ အခုကြီး လာမှငါဘယ်တော့မှ မိဘကျေးဇူးကိုတစ်သက်လုံး ဆပ်လို့မကုန်နိုင်ပါလားလို့တွေးမိတယ်။ ထိပ်ထိပ်ကြောင့် ငယ်ငယ်တုန်းက တအားပင်ပန်းခဲ့တဲ့ ဖေဖေနဲ့မေမေ ကိုလည်းသနားတယ်။ ထိပ်ထိပ်ကိုလည်းတော်တော်လေးချစ်ပေးကြတယ်။ အခုအတိုင်းပဲ ဆက်ပြီးတော့ ထိပ်လေးကို ဖေဖေနဲ့ မေမေတို့ ချစ်ပေးကြပါ။ မသိသေးတာတွေကိုလည်း ထိပ်ထိပ်ကိုပိုပြီးတော့ သင်ပြပါ၊ ပြောပြပါ။ ဖေဖေနဲ့မေမေကိုလည်း ထိပ်ထိပ်တတ်နိုင် သမျှသမီးကောင်းတစ်ယောက်ဖြစ်အောင် အခုလည်းကြိုးစားမှာပါ။ အနာဂတ်မှာလည်း ကြိုးစားမှာပါ ‘လို့ ပြောပြခဲ့ပါ တယ်။

ညပိုင်းမှာတော့ စံထိပ်ထားဦးရဲ့ Happy Birthday Party ကို ပါရမီလမ်းနှင့် အေဒီပွိုင့် ထောင့်မှာရှိတဲ့ Fish &Co Restaurant မှာ အနုပညာမောင်နှမများ၊ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here