ဝတ်မှုံရွှေရည်အား Baby-G Brand Ambassador ခန့်အပ်ခြင်းနဲ့ G-SHOCK ၃၅နှစ်ပြည့်အထိမ်းအမှတ်ပွဲကျင်းပ

0
316

နိုဝင်ဘာ ၂၉ရက်နေ့၊ ရန်ကုန်မြို့၊ Pioneer Club မှာ ကျင်းပတဲ့ G.SHOCK ပွဲမှာ အနုပညာရှင်အများအပြားတက်ရောက်ခဲ့ကြသလို G-SHOCK Brand Ambassador စိုင်းစိုင်းခမ်းလှိုင်လည်းတက်ရောက်ခဲ့ပါတယ်။ G.SHOCK အနေနဲ့ သူ့ရဲ့ Baby-G Brand Ambassador အဖြစ် အကယ်ဒမီဝတ်မှုံရွှေရည်ကို ခန့်အပ်လိုက်တဲ့အတွက် စိုင်းစိုင်းခမ်းလှိုင်နဲ့ ၀တ်မှုံရွှေရည်ကို G.SHOCK ရဲ့ Brand Ambassador များအဖြစ် အတူတွဲတွေ့မြင်ရတော့မှာဖြစ်ပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတော်တော်များများမှာလည်း သူ့နိုင်ငံရဲ့ ကမ္ဘာကျော်အနုပညာရှင်တွေက G-SHOCK ရဲ့ Brand Ambassador အဖြစ်တာဝန်ယူနေကြတာဖြစ်သလို မြန်မာနိုင်ငံအတွက် ကျွန်တော်က G-SHOCK ရဲ့ Brand Ambassador အဖြစ်တာဝန်ယူရတဲ့အတွက် ကျွန်တော် အင်မတန်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျွန်တော် G-SHOCK ကို Brand Ambassador အဖြစ်တာဝန်ယူနေတာ ၂နှစ်ရှိပြီးဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Baby-G ရဲ့ Brand Ambassador အဖြစ် မ၀တ်မှုံရွှေရည်ကိုခန့်အပ်ပြီးတော့၊ လက်တွဲပြီးတော့ G-SHOCK နဲ့ Baby-G အတွက်လည်း တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက်လည်း ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ ကစ်ကစ်ကို Baby-G ရဲ့ Brand Ambassador အဖြစ် ကျွန်တော့်အနေနဲ့ကြိုဆိုကြောင်းလည်းပြောချင်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပြခဲ့ပါတယ်။

P-069


LEAVE A REPLY

Please enter your comment!
Please enter your name here