သမီးလေး ဝါသနာပါတာတွေကိုအကောင်းဆုံး ပံ့ပိုးကူညီအားပေးသွားမှာပါ ခိုင်သင်းကြည်

0
221

အနုပညာလောကမှာ အောင် မြင်တဲ့ သရုပ်ဆောင်ကောင်းတစ် ယောက်ဖြစ်ရုံသာမက ပျော်ရရွင် ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပါ ပိုင်ဆိုင်ထားသူကတော့ ပြည်သူ ချစ်သရုပ်ဆောင် ခိုင်သင်းကြည်ပါ။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက သူ့ရဲ့သမီး လေးစံထိပ်ထားဦးကိုမွေးဖွားခဲ့စဉ် အချိန်မှာ အခက်အခဲတွေအများကြီး နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သမီးလေးကို ၇ လနဲ့ မွေးဖွားခဲ့ ပြီး ကိုယ်အလေးချိန်၂ ပေါင်ပဲရှိတဲ့ အတွက် မိခင်တစ်ယောက်အနေနဲ့ စိတ်ဆင်းရဲမှုတွေများစွာကြုံ တွေ့ခဲ့ရပါတယ်။ သမီးလေးရဲ့ အသက်ရှင်သန်မှုအတွက် ရန်ကုန် ကလေးဆေးရုံကြီးမှာ မိခင်၊ ဖခင်၊ အဘိုး၊ အဘွားတွေနဲ့ မိသားစုတွေ စိုးရိမ်တကြီး ပူပန်စောင့်စားနေခဲ့ရ တာပါ။ ယခု ၂ဝ၁၈ နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ ပိုးမွေးသလို ပြု စုပျိုးထောင်မွေးခဲ့ရတဲ့ သူတို့ရဲ့ သမီး လေး စံထိပ်ထားဦးက အသက် ၁၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သ မီးလေး စံထိပ်ထားဦးရဲ့ ၁၆ နှစ်ပြည့် မွေးနေ့အလှူကို ငယ်ငယ်က သမီးလေး တက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးမှာ မိသားစုတွေ ပျော်ရွှင်စွာနဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ကြပါတယ်။ မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်နေတဲ့ အပြုံး၊ ဖခင်တစ်ယောက်ရဲ့ ကျေနပ် နေတဲ့ပီတိတို့က သူတို့ရဲ့မျက်နှာပေါ် မှာ အတိုင်းသားပေါ်လွင်နေကြပါ တယ်။ သမီးလေးရဲ့မွေးနေ့မှာ အလှူ အတန်းတွေ မိသားစု စုံစုံလင်လင်ပြု လုပ်ဖြစ်ခဲ့တာကို ခိုင်သင်းကြည် က. . .

‘မခိုင်လေး ထိပ်ထိပ်ကို ၇ လနဲ့ ပေါင် မပြည့်၊ လမစေ့မွေးခဲ့တုန်းက ၂ ပေါင်ပဲရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အဖေရော၊ အမေရော၊ အဘိုးတွေရော၊ အဘွားတွေရော စိတ်တွေဆင်းရဲပြီး တော့ စိတ်ပူပန်ခဲ့ကြရတယ်။ အစ်မရဲ့ အမျိုးသားကိုခန့်နိုင်ဆို တအားကို ပင်ပန်းတယ်။ လိုအပ်တဲ့ပစ္စည်းတွေ အိမ်နဲ့ဆေးရုံကို ပြေးလိုက်လွှားလိုက်၊ သွေးလိုတော့လည်း သွေးလှူမယ့်လူ ကိုပြေးပြီးတော့ရှာ၊ အစ်မတို့ကတော့ ဘုရား၊ တရား၊ ရတနာတွေကို အစုံပဲ ရွတ်ကြ၊ ဆုတောင်းကြနဲ့ တအားကို ပင်ပန်းခဲ့ကြတယ်။ အစ်မဆိုရင်လည်း ဒီဆေးရုံမှာ တစ်လခွဲလောက်နေခဲ့ရ တယ်။ ဆေးရုံက ဆရာကြီးတွေက လည်း တော်တော်လေးဂရုစိုက်ပေး ခဲ့ရတယ်။ အခုလိုမျိုး ၁၆ နှစ်ပြည့် တဲ့အချိန်မှာတော့ မခိုင်လေးတို့ မိ သားစုပျော်ပျော်ရွှင်ရွှင် ကျန်းကျန်း မာမာနဲ့ ထိပ်ထိပ်လေးကိုမွေးပေးတဲ့ ဆေးရုံမှာ အလှူလာလုပ်ရတယ်။ ခံ စားချက်ချင်းကတော့ မတူဘူး။ အခု လိုမျိုး ကျန်းမာပြီးကြီးပြင်းလာတဲ့ အ တွက်လည်း မခိုင်လေး တအားကို ပျော်ရွှင်မိတယ်’လို့လည်း သမီး လေးနဲ့ပတ်သက်တဲ့ ရင်ခုန်စိတ်လှုပ် ရှားမှုတွေကို ပြောပြခဲ့ပါတယ်။

သမီးလေးစံထိပ်ထားဦးအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း မိခင် ဖြစ်သူ ခိုင်သင်းကြည်က…

‘ မခိုင်လေးက တော့ ကိုယ့်သမီးလေးကို နေ့တိုင်း၊ နေ့ တိုင်း ချစ်နေရတယ်။ နေ့တိုင်းနေ့တိုင်း အကောင်းဆုံးဖြစ်စေချင်တယ်။ မိ သားစုလေးပျော်ပျော်ရွှင်ရွှင် ကျန်း ကျန်းမာမာနဲ့ အလှူလုပ်ခွင့်ရတဲ့ အ တွက်လည်း ဝမ်းသာတယ်။ ဒီရောက် လာတဲ့အခါမှာလည်း ငယ်ဘဝကို ပြန်ပြီးသတိရမိတဲ့အခါ စိတ်မကောင်း တော့ ဖြစ်မိတယ်။ သူက အခုအချိန်မှာ သူကြီးလာရင်သူ့အဖေရဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါဝင်ပြီးတော့ လုပ် ကိုင်မယ်လို့ပြောတယ်။ ဝမ်းသာပါ တယ်။ သူလုပ်တာမလုပ်တာ နောက် ပေါ့ အခုလိုမျိုးအဖေ့စီးပွားရေးတွေ ဝိုင်းလုပ်ပေးမယ်ဆိုတှဲို့နေ လေးရှိ တဲ့အတွက်လည်း မဆိုးပါဘူး ။ အဖေ အားကိုးရတယ် ‘လို့ ခိုင်သင်းကြည်က ပြောပြ ခဲ့ပါတယ်။

သမီးလေးအတွက် မွေးနေ့ ဆုတောင်းစကားကို ဖခင်ဖြစ်သူ ကိုခန့်နိုင်က ‘သူက အခု ၁၆ နှစ် ပြည့်ပြီဆိုတော့ အရွယ်ရောက်ပြီ။ သူ့ဘဝရည်မှန်းချက်၊ ရည်ရွယ်ချက် တွေက ၁၆ နှစ်ကစပြီး စထားလို့ရပြီ။ သူရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ။ သမီးလေးက အနု ပညာမှာလည်း သူကဝါသနာပါတယ်။ စီးပွားရေးကိုလည်း သူကဝါသနာပါ တယ်။ မိဘတစ်ယောက်အနေနဲ့ စီး ပွားရေးကိုပိုပြီးတော့ လုပ်စေချင် တယ်။ ကျန်တဲ့ဝါသနာပါတာကိုလည်း မကန့်ကွက်ဘူး။ သမီးလေး ဝါသနာ ပါတာတွေကို အကောင်းဆုံးပံ့ပိုးကူညီ အားပေးသွားမှာပါ’လို့လည်း ပြောပြ ခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here