အသည်းကွဲဖူးတာကြောင့် အခုအချိန်ထိ တစ်ယောက်တည်း ဖြစ်နေတာပါ ဖူးဖူး

0
137

အစ်​ကိုဖြစ်​သူ နိုင်းနိုင်းကလည်း အောင်​မြင်​တဲ့ သရုပ်​ဆောင်​ကောင်းတစ်​ယောက်​ဖြစ်​သလို ညီမဖြစ်​သူ ဖူးဖူးကလည်း အနုပညာနယ်​ပယ်​မှာ ပရိသတ်​တွေ အားပေးမှုကို ရရှိထားသူတစ်​ယောက်​လည်း ဖြစ်​ပါတယ်​။ အနုပညာလှုပ်​ရှားမှုတွေ သိပ်​မတွေ့တော့တာကြောင့်​ ပရိသတ်​တွေက အနုပညာအလုပ်ကို ရပ်​နားလိုက်​ပြီလို့ ထင်​နေကြတဲ့အပေါ်ကိုလည်း ဖူးဖူးက ” ဖူးကို သရုပ်​ဆောင်မကောင်းလို့ ခေါ်မရိုက်​တာထင်​ပါတယ်​ (ရီလျက်​)။ ဖူးက အနုပညာအလုပ်​ကို ဘယ်​တော့မှ မနားပါဘူး။ တချို့ကလည်း ဖူးကို အနုပညာအလုပ်​ကို နားတယ်​ဆိုပြီး မခေါ်တာရော၊ ခေါ်မရိုက်​တာတွေရော၊ ဖူးကလည်း မရိုက်​ဖြစ်​တာတွေကြောင့်​ အကြောင်းတိုက်​ဆိုင်​သွားပြီး ပရိသတ်​ကြီးနဲ့ အဆက်​အသွယ်​ပြတ်​သလို ဖြစ်​နေတာပါ။ ဖူးက အနုပညာအလုပ်​ကို ချစ်​တာကြောင့်​ ဘယ်​တော့မှမနားပါဘူး” လို့ ပြောပါတယ်​။

အစ်​ကိုဖြစ်​သူ နိုင်းနိုင်းက အနုပညာဘက်​မှာရော၊ အိမ်​ထောင်​ရေးမှာပါ အောင်​မြင်​တဲ့ သူတစ်​ယောက်​ဖြစ်​တာကြောင့်​ အားကျမိလားဆိုတာကိုလည်း “ဖူးကတော့သိပ်​အားမကျဘူး။ သူလည်းသူ့ lifeနဲ့သူပျော်​တယ်​။ အောင်​မြင်​တယ်​။ ဖူးလည်းဖူးlifeမှာ ဖူးအဖေ၊ အမေနဲ့အတူ ဘ၀ကိုဖြတ်​သန်းပြီးနေထိုင်​တယ်​။ ဖူးလည်းပျော်​တယ်​။ ဒါပေမယ့်​ အစ်​ကိုကြီးတို့ မိသားစုလေးက ပျော်​စရာကောင်းတဲ့ မိသားစုလေးတစ်​ခုအဖြစ်​တော့မြင်​တယ်​။ သူတို့ကို တွေ့ရရင်​လည်းပျော်​တယ်​ဆိုပြီးပြောပြခဲ့ပါတယ်​။ ကိုနိုင်းနိုင်းရဲ့ သား၊ သမီးတွေဆီ အလည်​သွားဖြစ်​တာနဲ့ ပတ်​သက်​ပြီးတော့လည်း ဒီ၂၀၁၈မှာသူတို့ဆီ ၂ခါသွားပြီးသွားပြီ ။ အစ်​ကိုကြီးကတော့ ပြောတယ်​။ အငယ်​လေးက ဖူးနဲ့ပုံစံချင်း တူတယ်​ဆိုပြီးပြောတယ်​။ သူတို့က လိုချင်​တာရှိရင်​အဒေါ်ကို ဇွတ်​ပူဆာတယ်​။ အဖေအမေကို ​မလုပ်​ရဲတဲ့ဟာတွေ အကုန်​လုံးကို အဒေါ်နဲ့လုပ်​တယ်​။ သူတို့ကိုတော့ ဖူးတအားချစ်​တယ်​” လို့ပြောပြခဲ့ပါသေးတယ်​။ အချစ်​ရေးမှာ ကံမကောင်းတဲ့အတွက်​ အခုချိန်​ထိတစ်​ယောက်​တည်းနေဖြစ်​တာပါဆိုတာကိုလည်း ဖူးဖူးက ​”အခုအချိန်ထိလည်းဖူးက တစ်​ယောက်​တည်းပါပဲ။ ဖူးစာရှင်​က ဘယ်​မှာလဲတော့မသိသေးဘူး။ အခုအချိန်​ထိ တစ်​ယောက်​တည်းဖြစ်​နေတာကဖူးကအချစ်​ရေးကံမကောင်းလို့ပါ။ အချစ်​ရေးမှာ တစ်​ကြိမ်​တစ်​ခါတော့ ဖူးခံစာဖူးခဲ့တယ်​။ အသည်းကွဲဖူးတယ်​။ အဲ့ကြောင့်​မို့ ဖူးအခုအချိန်​မှာ ဘယ်​အသက်​ရွယ်​မှာ လက်​ထပ်​မယ်ဆိုပြီး ဖူးသတ်​မှတ်​မထားတော့ဘူး။ တစ်​ခါတုန်းက သတ်​မှတ်​ထားခဲ့တယ်​။ ဒါပေမယ့်​ ဖြစ်​မလာခဲ့ဘူး။ ဖူးအချိန်​အချိန်​မှာ ကိုယ့်​မှကိုယ်​ တစ်​ယောက်​တည်းပဲနေပါတယ်​။ တစ်​ယောက်​တည်းပဲကောင်းပါတယ်​ ဆိုပြီး” ပြောပြခဲ့ပါတယ်​။

ခိုင်​ဝါဝင်း ဓာတ်​ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here