အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာအကြောင်း လူအများသိစေရန် ဖိုးသောကြာ၊ ပန်းအိဖြူတို့ဖြင့် ဇာတ်လမ်းတို ရိုက်ကူးမည်

0
235


အနုပညာ ဆည်းဆာရိပ်ဘိုး ဘွားရိပ်သာနဲ့ ပတ်သက်လို့လူအ များ သိရှိစေဖို့ရည်ရွယ်ပြီး ပန်းဒဏ္ဍာ ရီလို့ နာမည်ပေးထားတဲ့ ဇာတ်လမ်း တို တစ်ခုကို ဒီဇင်ဘာလ ၅ရက် နေ့မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါ တယ်။ ဇာတ်လမ်းကိုတော့လှတော ဆရာတော်က ရေးသားထားပြီး ဒါရိုက်တာခန့်လူက ရိုက်ကူးပုံဖော် မှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ ကတော့ ဖိုးသောကြာ၊ ကျော်ထက် ၊ပန်းအိဖြူ၊ နှင်းသန့်ဝဒီတို့က သရုပ် ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ် လမ်းက လှတောဆရာတော်ရဲ့ ခံစား ချက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ပရိ သတ်တွေအားလုံးအနေနဲ့ ရသတစ်ခု ကိုခံစားစေရမှာပါလို့ ဆရာတော်က မိန့်ကြားပါတယ်။

”ဒီဇာတ်လမ်းကသေချာ ပေါက် ကို ပရိသတ်တွေငိုကြရမှာပါ။ အဘိုး က တယောဆရာ၊ အဘွားကအငြိမ့် သမပေါ့။ သူတို့ရဲ့သမီးလေးက သ ဘောမတူတဲ့ လူနဲ့လိုက်ပြေးသွား တယ်။ အဲဒီလိုနဲ့ အဘိုးက သမီးရှိ တဲ့ရန်ကုန်ကိုလာနေတယ်။ ဒါပေမဲ့ သမီးကလည်း အဖေကို ထားဖို့ အဆင်မပြေတော့ ဘုန်းကြီးကျောင်း ကိုပို့ထားရတယ်။ ဘုန်းကြီးကျောင်း မှာကလည်း အကြာကြီးနေလို့အဆင် မပြေတော့ တောကိုပြန်မလို့လုပ် ရတယ်။ အဲဒီလိုပြန်မလို့လုပ်နေတဲ့အ ချိန်မှာပဲ အနုပညာဆည်းဆာရိပ်ဘိုး ဘွားရိပ်သာအကြောင်းကို သိသွား ပြီးတော့ ဘိုးဘွားရိပ်သာဆီရောက်သွားတယ်ပေါ့။ အဲဒါလေးကို ဇာတ် လမ်းတည်ပြီးရေးထားတာပါ။ ဇာတ် သိမ်းခမ်းမှာ တစ်ရှူးဘူးဘေးချပြီး ဒီဇာတ်လမ်းတိုကို ကြည့်မယ်ဆိုရင် တောင် တစ်ရှူးတွေလုံလောက်မယ် မထင်ပါဘူး။ ကြည့်ရမယ့်သူတွေ သရုပ်ဆောင်တွေတော့မသိဘူး။ ကိုယ်တိုင်ခဏလေး ဇာတ်လမ်းကို စာလေးရေးချရတာတောင် ငိုချင် စိတ်တွေပေါ်လာတယ်” လို့ဇာတ် လမ်းတိုနဲ့ ပတ်သက်လို့လှတောဆ ရာတော်က မိန့်ကြားပါတယ်။

ဒီဇာတ်လမ်းတိုကိုတော့ ပုလဲ မြို့သစ်ရှိ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ရိုက်ကူးသွားမှာ ဖြစ်ပြီး ရိုက်ကူးပြီးတဲ့အချိန်မှာလည်း
အွန်လိုင်းမှာ တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here