ဝါရင့်ကာတွန်းဆရာကြီးများ၏ ပညာနှင့်သမ္ဘာကို ဂါရဝပြုခဲ့ကြသည့် ၄၂ ကြိမ်မြောက် ကန်တော့ပွဲ

0
300


မြန်မာနိုင်ငံ ကာတွန်းဆရာ များအသင်းက ကြီးမှူးကျင်းပသည့် ၄၂ကြိမ်မြောက် ကာတွန်းဆရာကြီး များအား ဂါရဝပြု ကန်တော့ပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅လမ်း အလယ်ဘလောက်ရှိ သြ-သည ဗမအွေူနမပ တွင် နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဝါရင့် ကာတွန်းဆရာကြီးများ ဖြစ်ကြသည့် မောင်မောင်သက်၊ လှဖေ၊ ချစ်ဆွေ၊ မြင့်သိန်း၊ မောင် မောင်၊ ရွှေမင်းသား၊ ဖေစန်း၊ အောင် အောင်၊ တင်အောင်နီ၊ မြေဇာ၊ အကိန်း၊ ငွေကြည်၊ မောင်မောင်လေး၊ သစ် ထွဏ်းတို့အား ဂါရဝပြု ကန်တော့ ခဲ့ကြခြင်းဖြစ်ပြီး ကာတွန်း ငွေကြည်နှင့် ကာတွန်းလှဖေတို့မှာ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင် ခြင်းမရှိခဲ့ကြောင်း သိရသည်။

”ဒီပွဲက ၄၂ ကြိမ်မြောက် ကန်တော့ပွဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ ကန်တော့ခံဆရာကြီး ၁၄ယောက် ရှိပါတယ်။ အမှန်တော့ ၁၅ယောက် ပေါ့။ မော်လမြိုင်က ဆရာကြီးတစ် ယောက်ဖြစ်တဲ့ ဦးကြည်လွင်ဆိုတာက ကန်တော့ခံစာရင်းထဲ ပါပြီးတော့ ဆုံးပါးသွားခဲ့တယ်။ အဲဒီတော့ ၁၄ယောက်ပေါ့။ ၄၂ ကြိမ်မြောက် ကန်တော့ပွဲရဲ့ ထူးခြားချက်က တခြားပွဲတွေနဲ့တော့ မတူဘူး။ ကန် တော့ပွဲဆိုရင် အသက်အရွယ်အားဖြင့် ၇ဝနှစ် ၊ ၇၅နှစ်စသည်ဖြင့် သတ်မှတ် ပြီး ကန်တော့ကြတယ်။ ဒီကန်တော့ ပွဲက အသက်ကို ကန်တော့တာ မဟုတ်ဘူး။ အသက်အရွယ်အရ သတ်မှတ်ထားတာတော့ ရှိတာပေါ့။ ဒါပေမဲ့ အဓိကက ဆရာတွေရဲ့ သမ္ဘာရယ်၊ ပညာရယ်၊ လောကကို ကောင်းကျိုးပြုခဲ့တဲ့၊ နောင်မျိုးဆက် သစ်တွေအတွက် အကျိုးပြုခဲ့တဲ့ ဆရာတွေကို ကန်တော့တာ ဖြစ်ပါ တယ်” ဟု မြန်မာနိုင်ငံ ကာတွန်းဆ ရာများအသင်းမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သည့် ကာတွန်း စိုးသော်တာက ပြောသည်။

ကန်တော့ပွဲ ကျင်းပပြီးနောက် တွင် ကျန်းမာရေးအရ ပွဲတက်ရောက် နိုင်ခြင်းမရှိသည့် ကာတွန်း ငွေကြည် နှင့် ကာတွန်း လှဖေတို့ထံသို့ မြန်မာ နိုင်ငံ ကာတွန်းဆရာများအသင်း တာဝန်ရှိသူများက ကန်တော့ပစ္စည်း များဖြင့် သွားရောက်ဂါရဝပြုခဲ့ ကြောင်း သိရသည်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here