မြွေမကိုပခုံးမှာပတ်ပြီး အလန်းစားဖက်ရှင်နဲ့ရှိုးလျှောက်ခဲ့တဲ့လင်းလင်းMake-up Artist

0
301


လင်းလင်း Make-up Artistu Style Secret Season 4 Grand Final ပြိုင်ပွဲမှာ ရင်သပ်ရှုမောစရာကောင်းလှအောင် ရှိုးလျှောက်ပြခဲ့ပါတယ်။ ဒါကတော့ အလန်းစားဖက်ရှင်ဝတ်စုံနဲ့ မြွေမကိုပခုံးပေါ်မှာ တင်ပြီး စင်မြင့်ပေါ် မှာ လမ်းလျှောက်ပြခဲ့တာပဲဖြစ်ပါတယ်။ စင်အောက်ကကြည့်ရတဲ့ ပရိသတ်တွေ အကုန်လုံးလည်း အသည်းတယားတယားနဲ့ ကြည့်ရှုအားပေးခဲ့ကြသလို သူ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားစရာကောင်းခဲ့ကြောင်း လင်းလင်းက ပြော ပြခဲ့ပါတယ်။

 

‘အရင်တုန်းကလည်း လင်းကို ရှိုးလျှောက်ပေးဖို့ ကမ်းလှမ်းကြတာ တွေရှိတယ်။ ဒါပေမဲ့ လင်းကကျတော့ ထိုင်မသိမ်းကြီးနဲ့လျှောက်ရရင် ကိုယ့် ကိုယ် Confendence မရှိဘူး။ အဲဒါနဲ့ Style Secret မှာကျတော့လည်း လင်း က မိတ်ကပ်လည်းလိမ်းခဲ့တယ်။ မနှစ်ကလည်းရှိုးလျှောက်ခဲ့ဖူးတယ်။အဲဒါနဲ့ ကိုဇင်အောင်က လျှောက်ကြည့်ပါလားလို့ပြောတယ်။ ကိုယ်ကတွေးထားတာက လည်း စင်ကို ၄၊ ၅ပတ်လောက်ပတ်ရမယ်လို့ မတွေးထားဘူး။ ရီဟာဇယ် သွားတဲ့နေ့မှာလည်း Suprise လုပ်ထားကြတယ်။ တကယ်လျှောက်ရမယ့်နေ့ လည်းကျကော စင်ကြီးကလည်း အကြီးကြီးပဲ။ ပြီးတော့ဝတ်စုံကလည်း မပြော ထားဘူး။ ရီဟာဇယ်လုပ်မှသူတို့က ဘာဝတ်ရမယ်ဆိုတာသိရတာ။ ဝတ်စုံဝတ် ရတဲ့အချိန်မှာ နည်းနည်းလေးတော့လန့်သွားတယ်။

ငါအဲဒါကြီးများ ဝတ်လိုက် ရင် ဆဲခံရမလားမသိဘူးပေါ့။ ပြီးတော့မှဒါက ဖက်ရှင်ရှိုးမဟုတ်ဘူး။ ပြိုင်ပွဲဆို တော့ ကိုယ်ကဒါကြီးမဝတ်ရဲလို့ တစ်မျိုးပြောင်းချုပ်ပေးဆိုရင်လည်း သူတို့အ တွက် အမှတ်နည်းသွားမှာစိုးတယ်။ ဒါကြောင့်လင်းအနေနဲ့ကလည်း သူများ ကိုကူညီပြီဆိုရင် အားလုံးကိုမေ့ပြီးတော့ကူညီပေးလိုက်တယ်။ ပြီးတော့ လင်းကမြွေမကို တအားကြောက်တယ်။ မြွေမကိုကိုင်ပြီးလျှောက်ရမယ်ဆိုတဲ့ အချိန်မှာ ပိုဆိုးတာပေါ့နော်။ ခြေတွေလက်တွေအေးပြီးတော့ရင် တွေခုန်လာ တယ်။ စင်ပေါ်လည်းရောက်ရော ဒေါက်ဖိနပ်ဝိတ်ကလည်း ၅ လက်မလောက်ရှိ တယ်။ မြွေမကလည်းကြည့်တော့သာသေးသေးလေးလေ။ ကိုယ်တကယ်ကိုင် လိုက်တဲ့အချိန်မှာ အိစိအိစိကြီးနဲ့ ကိုယ်နဲ့မြွေမနဲ့ တစ်ရပ်တည်းဖြစ်နေတာ။ အလွန်ကြောက်တာပဲ။ ပြီးတော့မြွေမကလည်း ငြိမ်ငြိမ်မနေဘူးလေ။ မြွေမသမား လေးကပြောပါတယ်။ မြွေမကမကိုက်တတ်ဘူးတဲ့။ မျိုပဲမျိုတာတဲ့။ အဲဒီတော့ ကိုယ့်ကိုစင်ပေါ်မှာမျိုနေရင်တော့သူများကလာပြီးတော့ဆွဲထုတ်ပေးမှာပဲ ပေါ့ဆိုပြီး စိတ်ဒုံးဒုံးချပြီးလျှောက်ခဲ့ရတာ။ ဘဝမှာရှိုးလျှောက်ခဲ့ရတဲ့အချိန် တွေထဲမှာ အမှတ်တရအဖြစ်ဆုံးလို့ပဲပြောရမှာပါ’လို့ ရှိုးလျှောက်ခဲ့ရတဲ့ အတွေ အကြုံနဲ့ပတ်သက်လို့ လင်းလင်းက ပြောပြပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-Amazing Grace


LEAVE A REPLY

Please enter your comment!
Please enter your name here