Miss Universe Myanmar 2019ပြိုင်ပွဲအတွက်နိုနိုကေဘာတွေပြင်ဆင်နေလဲ

0
317

Miss Universe Myanmar 2019 ပြိုင်​ပွဲအတွက်​ ရန်​ကုန်​အနောက်​ပိုင်းခရိုင်​ကိုယ်စားပြုပြိုင်​ပွဲဝင်​တစ်​ယောက်​အနေနဲ့ ရွေးချယ်​ခံထားရသူကတော့ အလှမယ်​နိုနိုကေပါ။ Grand Final ပြိုင်​ပွဲကို ဧပြီလထဲ မှာစမှာ ဖြစ်​တဲ့အတွက်​ ပြိုင်​ပွဲအတွက်​ လိုအပ်​တဲ့ ပြင်​ဆင်​မှုတွေကို အခုအချိန်​ကတည်းက ကြိုးစား ပြီး လေ့ကျင့်​နေတယ်​ဆိုတာကို နိုနိုကေက…

”ကိုယ့်​ကိုယ်​ကိုယ်​တော့ အား မရသေးဘူး။ အကောင်းဆုံးတော့ အခုအချိန်​ကတည်းက ကြိုတင်​ပြင်​ဆင်​နေတယ်​။ Training တွေ လုပ်နေတယ်​။ ကိုယ့်​ကိုယ်​ကိုယ်​အကောင်းဆုံးဖြစ်​အောင်​ Train နေတယ်​။ Body၊Beauty ၊Brain နဲ့ ပတ်​သက်​တာတွေ အကုန်​လုံးကိုလေ့လာနေတယ်​။ အကောင်းဆုံးကြိုးစား နေတဲ့အတွက်​ အကောင်း ဆုံးရလာဒ်​ကို ရမယ်​လို့လည်း မျှော်မှန်းထား တယ်​”ဆိုပြီး ပြောပြပါတယ်​။ ကိုယ်​ကိုယ်​တိုင်​ကလည်း တယောပညာနဲ့ ပတ်​သက်​ပြီး ကျွမ်းကျင်​သူတစ်​ယောက်​ဖြစ်​တဲ့အတွက်​ကိုယ့်​ပညာကို မသန်​စွမ်းကလေးတွေအတွက်​ မျှဝေပေးချင်​တယ်​ဆိုတာကိုလည်း…

” မသန်စွမ်းကလေးတွေက သူတို့ဘဝကို သူတို့စိတ်​အားငယ်တယ်​ဆိုတာမရှိဘူး။ ပြင်းထန်​တဲ့စိတ်​ဓာတ်​ရှိကြတယ်​။ ကိုယ့်​ ဘဝကို လုံးဝစိတ်​ဓာတ်​မကျဘူး။ သူတို့ဘဝနဲ့သူတို့ ပျော်​ရွှင်​နေတဲ့သူတွေ။ သူတို့တွေအတွက်​ ပညာဒါနအဖြစ်​ ဒီတယောပညာကိုမျှဝေပေးလိုက်​မယ်​ဆိုရင်​ တအားကို ကောင်းမွန်​တဲ့အရာ တစ်​ခုဖြစ်​လာမယ်​ဆိုတာ ညီမယုံကြည်​တယ်​။ ဒါပေမဲ့ ညီမအဖွဲ့သား တွေရယ်​၊ ညီမရယ်​ အယောက်​ ၂ဝ၊ ၃ဝ အားနဲ့တော့ မရနိုင်​ဘူး။ အားလုံးပညာရှင်​တွေရော၊ ပြည်​သူလူထုတွေရော အကုန်​လုံးပါဝင်​မယ်​ဆိုရင်​ သူတို့တွေ အတွက်​ ပိုမိုကောင်းမွန်​လာမယ်​လို့ ညီမပြောနိုင်​တယ်။ ညီမကတော့ ညီမတတ်​စွမ်းတဲ့ ဒီတယောပညာကို တတ်​နိုင်​သလောက်​ လက်​ဆင့်​ကမ်း ပေးမယ်​။ Sharing လုပ်​ပေးမယ်​” လို့ နိုနိုကေက ပြောပြခဲ့ပါတယ်​။


ဆောင်းရာသီရောက်လာပြီဖြစ်​တဲ့အတွက်​ ခရီးတွေထွက်​ချင်​တယ်​ဆိုတာကိုလည်း ”ညီမက သူငယ်​ချင်း တွေနဲ့ သုံးလတစ်​ကြိမ်​ ခရီးသွားဖြစ်​တယ်​။ ကလောတို့၊ တောင်​ကြီးတို့ သွားဖြစ်​တယ်​။ အခုဆောင်းရာသီ ရောက်​ပြီဆိုတော့ ညီမအသွားချင်​ဆုံးက ကျွန်းစုဘက်​တွေ၊ ကမ်းခြေတွေကို ခရီးထွက်​ချင်​တယ်​။ မြိတ် ကျွန်းစု၊ ကော့သောင်းတို့ဘက်​ကို ဒီနှစ်​တော့ တကယ်​သွားချင်​တယ်​။ သူငယ်​ချင်းတွေနဲ့ တိုင်​ပင်​နေတယ်​။ ညီ မတို့ မြန်​မာနိုင်​ငံမှာလည်း တကယ်​လှပတဲ့ နေရာတွေ၊ ကျွန်းစုတွေ ရှိ တယ်​ဆိုတာကိုလည်း နိုင်​ငံတကာကို သိစေချင်​တယ်​။ သူတို့ကိုလည်း တကယ်​လာလည်​စေချင်​တယ်​။ ညီမ စွန့်​စားပြီးတော့ တစ်​ယောက်​တည်း solo trip တွေလည်းထွက်​ချင်​တယ်။ ခရီးသွားရတာလည်း တကယ်ဝါသနာပါတယ်​။ အခုပြိုင်​ပွဲက နီးလာပြီဖြစ်​တဲ့အတွက်​ပြိုင်​ပွဲအတွက်​ ပြင်​ဆင်​နေလို့ ခရီးတွေမထွက်​ဖြစ်​သေးဘူး။ ခရီးကို တကယ်သွားချင်​နေတယ်​။ သွားဖြစ်​အောင်​လည်းအခုကြိုးစား နေ တယ်”ဆိုပြီးတော့ နိုနိုကေက ပြောပြပါတယ်​။

ခိုင်​ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here