ရန်သူဇာတ်ကားနဲ့ ဝတ်မှုံရွှေရည်ကိုအကယ်ဒမီ ရစေချင်သူနေခြည်ဦး

0
294

Beauty Blogger တစ် ယောက်အနေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ နေခြည်ဦးက သူ့ရဲ့ပထမဦး ဆုံး သရုပ်ဆောင်တဲ့ ရန်သူရုပ်ရှင် ဇာတ်ကားရုံတင်ပြသတော့မှာ ဖြစ် တဲ့အတွက် စိတ်တွေလှုပ်ရှားနေပါ တယ်။ ဒီဇာတ်ကားကို အထူးပွဲပြသ ပြီးတဲ့အချိန်မှာတော့ အသစ်တစ် ယောက်ပေမယ့်လည်း သရုပ်ဆောင် မှု လျော့မနေဘဲ ဝါရင့်သရုပ်ဆောင် တွေနဲ့အတူ ပီပြင်စွာသရုပ်ဆောင် နိုင်တယ်လို့လည်း မှတ်ချက်ပြုခံရသူ ပါ။ ကိုယ့်ကိုယ့်ကိုယ်လည်း သရုပ် ဆောင်ပိုင်းမှာ အောင်မှတ်ရတယ်လို့ ထင်တယ်လို့ ဆိုတဲ့ နေခြည်ဦးက …

”မနက် ၄ နာရီထဲက ထပြီး စကားတွေလည်း မပြောနိုင်၊ အသံ တွေလည်း ဝင်တယ်။ သမ္မတရုပ်ရှင်ရုံ ဆိုတာ နေခြည်ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ရုံလေ။ ငယ်ငယ် တုန်းက ကျောင်းက သူငယ်ချင်းတွေ နဲ့လာတယ်။ ရည်းစားရတော့ ရည်း စားနဲ့လာတယ်။ မိဘတွေနဲ့လာတယ်။ အခုအချိန်မှာကျတော့ ကိုယ့်မျက် နှာကြီးကို ပိတ်ကားမှာ မြင်ရတော့ မယ်ဆိုတော့ ဘာနဲ့မှမလဲနိုင်ဘူး။ ဒါတောင် ဒီဇာတ်ကားကို နေခြည် ကြည့်ပြီးသား။ အဲဒီဇာတ်ကားမှာ ငါ့ မျက်နှာကြီးပြဲနေမှာလား သေးနေ မှာလား။ တအားကြောက်တယ်။ ထွက်လာတော့ ကိုယ့်ကိုယ်ကိုယ် အောင်မှတ်ကျော်တယ်လို့ နေခြည် ထင်တယ်။ နေခြည်သရုပ်ဆောင် တာတွေက ဒီဇာတ်ကားအတွက် မကျသွားစေဘူး။ ထောင့်လေးတစ် ထောင်ကနေ ပံ့ပိုးမှုအပြည့်နဲ့ လုပ် နိုင်တယ်လို့ ထင်ပါတယ်”လို့ ပြောပါ တယ်။

ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ အပိုင်းတွေလည်းရှိပြီး ဒေါသထွက် တာ၊ ဝမ်းနည်းပူဆွေးတာတွေကို သိပ်မပိုင်နိုင်သေးသလို ခံစားရတဲ့ အတွက် ဒါတွေကိုလေ့လာပြီး နောက်ပိုင်းဇာတ်ကားတွေမှာ ဒီထက် ပိုကောင်းအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ နမူနာ ဇာတ်ဝင်ခန်းတွေကြည့်တာနဲ့ တင် ပရိသတ်အားပေးမှုရခဲ့ပြီး အကယ်ဒမီဆန်ခါတင်ဝင်နိုင်မယ်လို့ ပရိသတ်တွေက ခန့်မှန်းကြပါတယ်။ အကယ်ဒမီရင်ခုန်သံနဲ့ပတ်သက်ပြီး နေခြည်ဦးက …

”ဒီဇာတ်ကားနဲ့ မကစ်ကို အကယ်ဒမီမှန်းပါတယ်။ မကစ် အတွက် လုံးဝကာရိုက်တာ ထူးထူး ဆန်းဆန်းလည်း ဖြစ်တယ်။ နေခြည် ကတော့ ကိုယ့်ကိုယ်ကိုယ် အကယ် ဒမီမမှန်းဘူး။ အကယ်ဒမီဆိုတာ အဝေးကြီးဘဲ။ ကိုယ့်ကိုယ်ကိုယ်က တော့ ဒီဇာတ်ကားလေးများ ဆန်ခါ တင်ဝင်လို့ရှိရင် အကယ်ဒမီ ပွဲလေး များတတ်ရမလားပေါ့။ ကိုယ့်ကိုယ် ကိုယ်တော့ အဲဒီလောက်ပဲမှန်းပါ တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here