ဒါရိုက်တာသားညီရိုက်ကူးတဲ့ သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထူးခြားတိုက်ဆိုင်မှုများ

0
326

ကွယ်လွယ်သူ အဆိုတော်၊ သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး၊ နေ ရဲတို့ ခေါင်းဆောင်မင်းသားသုံး ယောက်အနေဖြင့် ရိုက်ကူးခဲ့တဲ့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား ကို ဒီဇင်ဘာလ ၃ ရက်နေ့က Story Book မှာ ပြုလုပ်ခဲ့ပါတယ်။ စာနယ် ဇင်းရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ မင်းသွေးဆုံးပါးတာ ၂ လပြည့်နေ့လည်း ဖြစ်ခဲ့ပါတယ်။ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ကွယ်လွန်သူမင်းသွေးအတွက် ထိုင်ခုံ တစ်ခုံနေရာလွတ်အဖြစ်ထားကာ ပွဲ ကိုပြုလုပ်ခဲ့ပါတယ်။ ” ‘သတ်ကွင်း’ရုပ် ရှင်ဇာတ်ကားကို ဒါရိုက်တာသားညီ ရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသုတို့ ဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်ကူညီထားတယ်လို့လည်း သိရပါတယ်။ ညီဖြစ်သူ မင်းသွေးပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ သတ်ကွင်းဇာတ်ကားမှာ ဘာတွေကူညီ ဖြစ်ခဲ့လဲလို့ မေးကြည့်တဲ့ အခါမှာတော့ ကိုနေတိုးက ”ကျွန်တော် ဒီကားထဲမှာ မျိုးနွယ်စုတစ်စုရဲ့ နတ်ဆရာအနေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ဒါကိုယ်ကိုယ်တိုင်လည်း မိတ်ကပ်ခြယ်ပြီးတော့ ဒီကာရိုက်တာကို ပါဝင်အားဖြည့် သရုပ်ဆောင် ပေးခဲ့ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုတစ်ခုရဲ့ မိတ်ကပ်တွေ အကုန်လုံးကို ကျွန်တော်ပါဝင်ကူညီပြီး လိမ်းချယ်ပေးခွင့်ရခဲ့တယ်ပေါ့။ နောက်တစ်ခုက ဒီဇာတ်ကားကို မရိုက်ခင်အချိန်နဲ့ ရိုက်ကူးပြီးအချိန်ထိ မင်းသွေးကျွန်တော့်ကို အများကြီး ဒီကားနဲ့ပတ်သက်ပြီး အကူအညီ တောင်းခဲ့တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

သတ်ကွင်းဇာတ်ကားကို မင်းသွေး၊ စည်ဖြိုး၊ နေရဲတို့ သုံးယောက်နဲ့ စတင်ရိုက်ကူး ဖြစ်ပုံကိုလည်း စည် ဖြိုးက ”အခုကျွန်တော်တို့ စလုပ်ခဲ့တာက ကိုသားညီရယ် စတင်တိုင်ပင်တော့ ညီလေးနေရဲပါတယ်။ ကျွန် တော်ပါတယ်။ ဦးမော့စ်သား ထိုက်စံမော့စ်ပါခဲ့ပါတယ်။ ထိုက်စံမော့စ် က သူဟာ ဟာသကားပဲ ရိုက်ချင်တယ်ဆိုတဲ့ တခြားအဆင်မပြေတာလေးတွေကြောင့် မပါဖြစ်ခဲ့ဘူး။ အဲဒီအချိန်မှာ ကိုမင်းသွေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ရိုက်ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

သတ်ကွင်းရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး JCGV ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here