သားဖြစ်သူ အီတိုးနဲ့ မိသားစုပွဲ တစ်ပွဲစီစဉ်ချင်သေးတဲ့ ဇော်ဝင်းထွဋ်

0
399
အီတိုးကို အခွေတစ်ခွေထုတ်ဖို့ တိုက်တွန်းနေတဲ့ ဇော်ဝင်းထွဋ်ရဲ့ ဆန္ဒက သားဖြစ်သူနဲ့ မိသားစုပွဲတစ်ပွဲ စီစဉ်ချင်တာလို့ သိရပါတယ်။

”ကျွန်တော်ကတော့ အီတိုးကို အခွေတစ်ခွေပေါ့နော်။ အယ်လ်ဘမ် လေးတစ်ချပ်ထုတ်ဖို့ ပြောထားတယ်။ သူ စတူဒီယိုမှာ Set Up ပြန်လုပ်နေ တယ်။ သူ Recording လုပ်မှာပေါ့။ သီချင်း ၁ဝ ပုဒ်လောက်သွင်းမယ်ပြော တယ်။ သူသီချင်းခွေတစ်ခွေ လောက်ထွက်ပြီးရင်တော့ ကျွန်တော်တို့ နှစ် ယောက် မိသားစုပွဲတစ်ပွဲ လောက် ထပ်စီစဉ်လို့ရတာပေါ့” လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

အမှန်တကယ်လည်း အီတိုးက တကယ့်မြူး ဇစ်သမားစစ်စစ်ဖြစ်တဲ့ အတွက် ဖခင်ဖြစ်သူက ဂုဏ်ယူနေပုံရှိပါတယ်။ သားဖြစ်သူအပေါ် ဇော်ဝင်း ထွဋ် မြင်တဲ့အမြင်က …

”သူတို့ကတော့ ပိုလွတ်လပ်ပါတယ်။ ကျွန်တော်တို့ ကမှ ပိုအိနြေ္ဒရတယ်ပြောရမှာပေါ့နော်။ ကျွန်တော်တို့တုန်းကတော့ တစ် ယောက်နဲ့တစ်ယောက် မလိုအပ်ဘဲနဲ့ ပြိုင်ဆိုင်နေရတာတို့၊ အခွေ ရောင်းရ လား၊ မရောင်းရလား။ စတိတ်ရှိုး လူနည်းလား၊ မနည်းလား အဲဒီဖိစီးမှုတွေ အများကြီးရှိတာပေါ့။ သူတို့ကျတော့ သူတို့ မြူးဇစ်အသစ်တစ်ခုကို ချပြတာဖြစ်တဲ့အတွက် သူက ပိုသက်သောင့်သက်သာရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ စိတ်ထဲမှာ ချပြချင်တာကို တစ်ရာရာခိုင်နှုန်း ချပြတဲ့အတွက်လူ တွေကြိုက်မလား၊ မကြိုက်ဖူးလားဆိုတဲ့ပြဿနာ ကျွန်တော်တို့ထက်တော့ ပိုနည်း တာပေါ့” လို့ ပြောပြပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ နှစ်သစ်ကူး Plan က …

”ကျွန်တော်က နယူးရီးယားပွဲတော့ တစ်ပွဲ ရှိသေးတာပေါ့နော်။ ပုဂံမှာ ပေါ့။ အဲဒါပြီးသွားရင် ဇန်နဝါရီ ၄ ရက်နေ့မှာ ပြင်ဦးလွင် ပန်းပွဲတော်မှာ တစ်ပွဲရှိ တယ်။ နောက်ပြီး သီချင်းခွေတစ်ခွေ Mini Album တစ်ချပ်လည်း ထွက် မှာပေါ့နော်။ နယူးရီးယားကို မှန်းထားတယ်။ ဆောင်းဦးလှိုင်ရေးပေးထားတဲ့သီချင်းတွေပေါ့။ ၇ ပုဒ်ထည့်ထားတယ်”လို့ ပြောပြခဲ့ပါတယ်။

 

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here