ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁၄)

0
230

စာဆိုတော်နေ့ နီးလာတော့ စာ ပေဟောပြောပွဲများအကြောင်း သတိ ရလာသည်။ ကျွန်တော်လည်း စာပေ ဟောပြောပွဲ တော်တော်များများ ဟောပြောခဲ့ပါသည်။ ဟောပြောပွဲ အတွေ့အကြုံများကို အမှတ်တရ ဆောင်းပါးများလည်း ရေးခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှာ ပုဂံတိုက်က ထုတ် သော ရင်ထဲမှာ လင်းလက်နေဆဲ ပန်းချီကားများ စာအုပ်တွင် ဟော ပြောပွဲအကြောင်း ဆောင်းပါးတွေ အစုလိုက်ပါနေသည်ကို ထိုစာအုပ်ထဲ က တွေ့ရသည်။ ‘ဘာသာရပ်ဟော ပြောပွဲ စာပေဟောပြောပွဲ’ဟူသော ခေါင်းစဉ်ကို တွေ့ရတော့မှ တစ်ချိန် က ဆယ်တန်းနှင့်ပတ်သက်သည့် ဘာသာရပ်ဟောပြောပွဲတွေ တော် တော်ဟောခဲ့ရသည်ကို ပြန်သတိရ သည်။ ဆယ်တန်းစာမေးပွဲနီးလာပြီ ဆိုလျှင် ကျောင်းတွေက ဘာသာရပ် ဟောပြောပွဲဖိတ်သည်။ ထိုစဉ်က မြို့ နယ်လမ်းစဉ်လူငယ်အဖွဲ့တွေက လည်း ဟောပြောပွဲတွေ လုပ်သည်။ ကိုယ့်ဌာနမှ ပါမောက္ခက တာဝန်ပေး ၍ သွားဟောရသည်လည်း ရှိသည်။ ခင်ရာမင်ကြောင်း ဖိတ်သည့်အတွက် သွားဟောရသည်လည်း ရှိသည်။ ကျွန်တော်က ၁၉၆ဝ ကျော် ၇ဝ ကာ လမှာ တောင်ဥက္ကလာပက လူငယ် ရေးရာညကျောင်းမှာ ဆယ်နှစ် လောက် သင်ကြားခဲ့သည့် အတွေ့အ ကြုံရှိထားတော့ ဆယ်တန်းစာတွေ ကျေညက်သည်။ သည်တော့ ဆယ် တန်းကျောင်းသားတွေအတွက် အ ထောက်အကူဖြစ်မည့် လေ့လာနည်း၊ ဖြေဆိုနည်းများကို ဟောရပြောရ သည်။

ဆယ်တန်းစာမေးပွဲနီးပြီဆိုလျှင် နှစ်စဉ်ဟောပြောပွဲလာဖိတ်လေ့ရှိ သော မိတ်ဆွေတစ်ယောက်ကတော့ ဆရာဦးစောလွင် (အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကွယ် လွန်)ဖြစ်သည်။ ဦးစောလွင်က ကြည့် မြင်တိုင်မြို့နယ် လမ်းစဉ်လူ ငယ်အဖွဲ့ကို ကမကထလုပ်ခဲ့သူဖြစ် သည်။ သူ့ မြို့နယ် သံယောဇဉ်ကြောင့် နှစ်စဉ် သူ့မိတ်ဆွေဆရာဆရာမတွေ ကို ဖိတ်ပြီး လမ်းငယ်မှာ စင်ကြီးထိုး ကာ မီးတထိန်ထိန်နှင့် ဟောပြောပွဲ ကျင်းပလေ့ရှိသည်။ လာနားထောင် သော ကျောင်းသားပရိသတ်က အပြည့်ရှိသည်။ ဆယ်တန်းဘာသာ ရပ်အသီးသီးကို ဆရာဆရာမများက ဟောကြ ပြောကြသည်။ သူတို့ အတွက် များစွာ အကျိုးရှိပါသည်။

တစ်နှစ်မှာတော့ ရန်ကုန်တက္က သိုလ်ပါမောက္ခချုပ် ဒေါက်တာချစ် ဆွေက သူ့မဲဆန္ဒနယ်ဖြစ်သော လယ် ဝေးမြို့နယ်ကို သွားပြီး ဟောပြောဖို့ ဆရာဆရာမများကို အကူအညီ တောင်းသည်။ သို့ဖြင့် ဆရာဆရာမ များ ရထားစီးပြီး တပျော်တပါးသွား ဟောပြောကြသည့် ပျဉ်းမနားလယ် ဝေး အထက်တန်းကျောင်းများမှာ ၂ ရက် ၃ ရက်လှည့်ပြီး ဟောကြပြော ကြသည်။ မှတ်မှတ်ရရ ကျွန်တော့် မိတ်ဆွေ ပျဉ်းမနားမောင်နီသင်း (ကွယ်လွန်)သည် ‘အိမ်ရှင်’အဖြစ် ကျွန်တော်တို့နှင့် အတူလိုက်ပါဟော ပြောသည်။ ကျောင်းသားများက သိ လိုသည်ကို မေးကြမြန်းကြသည်။ မှတ်မိနေသည်ကတော့ ပျဉ်းမနား ဈေးထဲမှာ ပဲမုန့်နိုင်နိုင်နှင့် နန်းကြီး သုတ်တွေ စားပြီးအပြန်မှာ လက် ဆောင်ပေးလိုက်သော မျှစ်ချဉ်တွေ တစ်ထုပ်တစ်ပိုးသယ်ပြီး ပြန်လာခဲ့ကြ ခြင်းဖြစ်သည်။

ကျွန်တော်က စာကလေးပေက လေးရေးသည့် အရှိန်ရနေတော့ ၁၉၇ဝ ကျော် ၈ဝ ဝန်းကျင် ပုသိမ် ကောလိပ်မှာ တာဝန်ကျစဉ် နှစ်စဉ် ကျင်းပရာ ပြည်ထောင်စု၊ အထိမ်း အမှတ်စာပေဟောပြောပွဲမှာ အမြဲပါ ဝင်ဟောပြောရသည်။ ‘တိုင်းရင်းသား ချစ်ကြည်ရေးနှင့် မြန်မာစာပေ’၊ တိုင်းရင်းသားနောက်ခံဝတÄုများ စသည့်ခေါင်းစဉ်များဖြင့် ဟောပြော သည်။ ဟောရင်းပြောရင်း အရှိန်ရ လာတော့ မြို့နယ်တွေက ဖိတ်သော စာပေဟောပြောပွဲတွေ လိုက်ဟော သည်။ မှတ်မှတ်ရရ သုံးခွမြို့၊ ဧဒန် မိန်းကလေးစာကြည့်တိုက် အထိမ်း အမှတ်စာပေဟောပြောပွဲကို ၂ နှစ် ဆက်ပြီး ဖိတ်သည့်အတွက် လိုက် ဟောဖြစ်သည်။ တစ်နှစ်မှာတော့ ဆရာကျော်အောင်၊ ဆရာမင်းကျော် တို့နှင့်အတူ ဟောရသည်။ ဆရာမင်း ကျော်က ”ခင်ဗျားအဲဒီလို ဟောမှန်း မသိလို့ သိရင် အရင်ကတည်းက ကျုပ်တို့နဲ့လိုက်ဖို့ ခေါ်တာပေါ့။ နောက်လည်း လိုက်ခဲ့ဗျာ”ဟု ဝမ်း သာအားရပြောသည်။ (သတိရနေ သည်မှာ ထိုမှ နှစ် ၃ဝ လောက်ခြား ပြီး ၂ဝ၁ဝ ကျော်မှာ ဧဒန်မိန်းက လေးစာကြည့်တိုက်က အမှတ်တရ ဟောပြောပွဲဖိတ်ပြန်သည့်အတွက် တတိယအကြိမ် ရောက်ရပြန်သည်။ ထိုပွဲမှာတော့ လယ်တွင်းသားစော ချစ်၊ မြင်းမူမောင်နိုင်မိုးတို့နှင့်အတူ ‘ရသမိုး’ရွာခဲ့ကြပါသည်။)

တောင်ဥက္ကလာပစာပေလုပ် သားအဖွဲ့ ဥက္ကဋ္ဌ ဆရာကရမက်က ဖိတ်သည့်အတွက် သွားဟောဖြစ် သည်။ ဆရာဦးလေးမြိုင်၊ ဆရာကြပ် ကလေး၊ ဆရာမယုဝတီခင်စိန်လှိုင်တို့ ပါသည်ကို မှတ်မိနေသည်။ တောင် ဥက္ကလာပမြို့တည်စက မိုးတွင်းမှာ ရွှံ့ထဲဗွက်ထဲ ရုန်းသွားရသည့် ကိုယ် တွေ့အကြောင်းကို ပြောရင်း ထိုစဉ် က ဆရာဒဂုန်တာရာက ‘ဥက္ကလာပ’ ကဗျာတွင် မြို့တည်စက လမ်းတွေ မဖောက်ရသေးသဖြင့် ကိုယ့်အိမ်ကို မှတ်မိအောင် ရရာအဝတ်စကို အလံ ထူထားကြရသည့် မြင်ကွင်းကျ၊ ပိုင် နက်နေရာ၊ ကိုယ့်ဂေဟာကို၊ သိသာ စေရန်၊ အလံပုဆိုး၊ မိုးသို့လွှင့်ထူ၊ တလူလူတည့်’ဟု ရေးဖွဲ့ထားပုံကို ရွတ်ပြသောအခါ ပရိသတ်ပွဲကျသွား ပါသည်။

အင်းစိန်စာပေဟောပြောပွဲမှာ အင်းစိန်စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာတင်အောင်အေး နှင့်အတူဟောပြောရသည်။ ဆရာ မောင်ထင်၏ စာပေကျေးဇူးကို ဖော် ထုတ်ရင်း ဆရာမောင်ထင်၏ စာအ ရေးကောင်းပုံကို ဂုဏ်ပြုဟောပြော ခဲ့ပါသည်။

နောက်ပိုင်းမှာတော့ ဘာသာ ရပ်ဟောပြောပွဲတွေ မလိုက်တော့ပါ။ ဆယ်တန်းစာမေးပွဲ တာဝန်ရှိနေသည့် အတွက် ငြိစရာ ရှုပ်ထွေးစရာတွေ ဖြစ်လာနိုင်သဖြင့် ရှောင်လိုက်ပါ သည်။ စာပေဟောပြောပွဲတော့ ဟောပြောပါသည်။ မှတ်မှတ်ရရ ရန် ကုန်တက္ကသိုလ် ၈၈ နှစ်မြောက်အ ထိမ်းအမှတ်ဟောပြောပွဲကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဘွဲ့ နှင်းသဘင်ကောင်စီခန်းမမှာ ကျင်းပ ရာ ကျွန်တော့်ကို ဟောပြောဖို့ ဖိတ် သဖြင့် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်ညွန့်နှင့်အတူ ဟောပြောရသည်။ အငြိမ်းစားယူပြီး ဖြစ်သော ကျွန်တော်က ‘ကျွန်တော် ပညာဆည်းပူးခဲ့သော ကျွန်တော်အမှု ထမ်းခဲ့သော တက္ကသိုလ်’ခေါင်းစဉ် ဖြင့် ဟောပြောပါသည်။ ကျွန်တော် ၏ ကျောင်းသားဘဝ၊ ဆရာဘဝ အတွေ့အကြုံဖြစ်သည့် ‘စာတွေ့ ကိုယ်တွေ့ဟောပြောပွဲ’မှာဟု မှတ် တမ်းတင်ခဲ့သည်။

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့မှာတော့ ရေကြည်မြို့မှာ ကျင်းပသော စာပေ ဟောပြောပွဲကို ဖိတ်သည့်အတွက် ဟောရသည်။ ဆရာလယ်တွင်းသား စောချစ်နှင့် ဆရာချစ်ဦးညို၊ ‘ချစ်နှစ် ချစ်’နှင့်အတူ ဟောပြောရခြင်းဖြစ် သည်။ ‘နှလုံးသားကို တံခါးခေါက် သောစာပေ’ ခေါင်းစဉ်ဖြင့် ရသစာ ပေအကြောင်းကိုပင် ဟောပြောခဲ့ပါ သည်။

ပွဲဆက်က ရှိနေသေးသည်။ အသုတ်မှ ကျွန်တော့်မိတ်ဆွေ ဦး ကျော်နိုင်၊ ဆရာမောင်ကျော်လှိုင် (အသုတ်)က ဟောပြောပွဲလာနား ထောင်ပြီး နောက် ၁ နှစ်တိတိအ ကြာ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ သူတို့မြို့ဖြစ်သော အသုတ်မြို့မှာ ပြုလုပ်မည့် စာပေ ဟောပြောပွဲသို့ တစ်နှစ်ကြို ဖိတ်သွား သည်။ နှစ်စဉ်ထိုရက်မှာ ဟောပြော ပွဲ အမြဲလုပ်သည်ဟု ဆိုသည်။ သည် တစ်ခါ ဆုံရသူများက ဦးအောင်သန်း နှင့် မောင်သာချိုတို့ ဖြစ်သည်။ ကျွန် တော်တို့ ၃ ယောက်စလုံး ‘မြန်မာစာ ဌာန’က ဖြစ်နေသည်မှာ တိုက်ဆိုင်မှု တစ်ခုဖြစ်သည်။ ဦးအောင်သင်းနှင့် ကျွန်တော်က မြန်မာစာဌာနမှာ ရှေ့ ဆင့်နောက်ဆင့်အလုပ်ဝင်သူများ ဖြစ်သည်။ သူက တစ်နှစ်စောသည်။ ကျွန်တော့်ထက် အသက်တော်တော် ကြီးသဖြင့် သူ့ကို အစ်ကိုကြီးသဖွယ် ဆက်ဆံကြသည်။ ဗဟုသုတပြည့်စုံ သည်။ ကားရှေ့ခန်းမှာ ၂ ယောက် အတူထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ် တွေ တစ်လမ်းလုံး ပြောသွားရတာ အမှတ်တရရှိသည်။ ကျွန်တော်က ‘စာပေဆိုသော သူငယ်ချင်းကောင်း’ ဆိုသည့်ခေါင်းစဉ်ဖြင့် စာပေအကြောင်း ဟောပြောသည်။ ကျွန်တော် တို့ ၃ ယောက် အေးအေးဆေးဆေး ဟောပြောကြပါသည်။ ပရိသတ်က စိတ်ဝင်တစားနားထောင်ပါသည်။ ရေကြည်နှင့် အသုတ်မှာ ၂ နှစ်ဆက် ပြီ လွတ်လပ်ရေးနေ့ ညတွေမှာ ဟောပြောခဲ့ရသည်ကို အမှတ်ထင် ထင်ဖြစ်နေပါသည်။

ဦးကျော်လှိုင်နှင့် စကားပြောစဉ် ၁၉၆၃ – ၆၄ ခုနှစ်တုန်းက ပုသိမ် ကောလိပ်မှာ သူနှင့်ကျွန်တော်ဆုံခဲ့ ပုံအကြောင်းကို စမြုံပြန်ကြသည်။ ထို စဉ်က စာကူးစက်ဖြင့် ကျွန်တော်တို့ ထုတ်ကြသော ‘သုံးကြောင်းကဗျာ’ ဆိုသည့် စာစောင်ကလေး သူသိမ်း ထားသည်ကို ထုတ်ပြသည်။ ထိုစာ စောင်မှာ ကျွန်တော်က ‘ပိုးဟပ်’ ဟု ခေါင်းစဉ်တပ်ပြီး ‘စာအုပ်ပုံကြား’ စာတွေစားပြီး၊ သူကား ဘာမျှမတတ် ချေ’ဟု သုံးကြောင်းကဗျာတစ်ပုဒ် ရေးသည်။ သူငယ်ချင်းတွေက ဖတ် ကြည့်ပြီး ‘ကြံကြံဖန်ဖန်ဗျာ’ဟု ပြော ရင်း ရယ်ကြသည်ကိုမှတ်မိနေပါသည်။

‘ဝါးဘလောက်သောက်ရွာ၏ စာပေည’ဟု ခေါင်းစဉ်တပ်ထား သော ဆောင်းပါးမှာတော့ ဝါးဘ လောက်သောက်ရွာမှာ ကျင်းပသည့် စာပေဟောပြောပွဲမှာ ပါဝင်ဟော ပြောခဲ့ရသည်ကို မှတ်တမ်းတင်ခဲ့ သည်။ ‘ဝါးဘလောက်သောက်’ဆို သော နာမည်မှာ ကြားနေကျ နာ မည်မျိုးမဟုတ်ဘဲ ထူးခြားနေသည့် အတွက် ငယ်စဉ်ကပင် မှတ်မိနေပါ သည်။ ယခုကြုံကြိုက်ချင်တော့ ဝါး ဘလောက်သောက်ရွာစာပေဟော ပြောပွဲမှာ ပါဝင်ဟောပြောခဲ့ရသည်။ ဖိတ်ကြားသူမှာ စာရေးဖော်ရေးဖတ် ကိုခါး (ကွမ်းခြံကုန်း)ဖြစ်သည်။

ကို ခါး၏ စာပေရေးရာဆောင်းပါးတွေ ဖတ်ဖူးနေသည်မှာ ကြာပါပြီ။ လူကို တော့ ဟောပြောပွဲက ဖိတ်မှသိရ သည်။ ဆရာမသန်းမြင့်အောင်နှင့် ဆရာမောင်သာချိုတို့နှင့်အတူ ဟော ပြောရမည်ဟု သိရသည်။ ပန်းဆိုး တန်းဆိပ်ကမ်းမှ ဒလဘက်သို့ သင်္ဘောကြီးနှင့်ကူးပြီး ကိုခါးစီစဉ် ထားသော ကားနှင့်ဆက်သွားရသည်။ ကော့မှူးမြို့မှ ဆက်၍ တော်တော် မောင်းပြီးနောက် ရောက်ပါပြီဟု ကြားလိုက်ရ၍ ကြည့်လိုက်တော့ ‘ဝါး ဘလောက်သောက်ကျေးရွာ’ဆိုသော ဆိုင်းဘုတ်က အသင့်ကြိုနေသည်။ နာမည်သာ ကြားဖူးသော ထိုဒေသ ကို ရောက်ရန် စိတ်ထဲမှာ တစ်မျိုး ထူးခြားနေသည်။

ရွာမှာ စာပေဟော ပြောပွဲလုပ်သည်မှာ ၃ ကြိမ်ရှိပြီဖြစ် ကြောင်း သိရသည်။ ကိုခါးက ဝါးဘ လောက်သောက်ဇာတိဖြစ်သည်။ ရွာ မှာ ကျောင်းဆရာဖြစ်သည့်အတွက် တပည့်တပန်းတွေ များသည်။ သူ့ အိမ်က အကြီးကြီးဖြစ်သည်။ သူ့အိမ် မှာ အနားယူပြီး ဟောပြောပွဲစင်မြင့် သို့ သွားကြသည်။ ဟောပြောပွဲမှာ ကျွန်တော်က ‘ဆရာကြီး လူထုဦးလှ နှစ်တစ်ရာပြည့်ချိန်မှာ ဆရာကြီးရဲ့ ‘စာဖတ်ပါ’ဆိုတဲ့ ဆောင်းပါးခေါင်းစဉ် ကို ဒီညကျွန်တော့်ခေါင်းစဉ်အဖြစ် ဟောပြောပါ့မယ်ဟု စကားခံပြီး စာ ဖတ်၍ရသော အရသာနှင့် အသိ အမြင်အကြောင်း ဟောပြောခဲ့သည်။

ဝါးဘလောက် အထကမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းရီက ‘ကျွန်မပညာရေးတက္ကသိုလ်က ဆင်း တာပါ ‘ဆရာတပည့်ပါ’ဟု မိတ်ဆက် ပြီး ကန်တော့သည့်အတွက် ဝမ်းသာ ကြည်နူးရပါသည်။ ဟောပြောပွဲပြီး တော့ ထိန်ထိန်သာနေသော လ ရောင်အောက်မှာ လမ်းလျှောက်ပြီး ကိုခါးတို့ အိမ်သို့ ပြန်လာရင်း ထိုည မှာ ကြုံခဲ့ရသော ကြည်နူးစရာ အ တွေ့အကြုံကို ပြန်စဉ်းစားနေမိပါ သည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here