သားသမီးတွေနဲ့ ခင်ပွန်းဖြစ်သူအပေါ် မေတ္တာတွေအပြည့်ပေးထားတဲ့မချိုသန္တာထိုက်

0
213

ခင်ပွန်းဖြစ်သူ နိုင်လူကို ချစ်ခြင်းမေတ္တာတွေ အပြည့်ပေးထားသူကတော့ မချိုသန္တာထိုက်ပဲဖြစ်ပါတယ်။ သူက အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်သလို အိမ်ထောင်ရေးမှာလည်း ဝတ္တရားကျေပွန်တဲ့သူ တစ်ယောက်ဖြစ် ပါတယ်။ ခင်ပွန်းဖြစ်သူကိုလည်း ချစ်မြတ်နိုးသလို အိမ်ထောင်တစ်ခုကိုလည်း မကွဲစေချင်တာကြောင့် အသားအနာခံပြီး အိမ်ထောင်ကွဲစေမယ့် လက္ခဏာလမ်းကြောင်းကို အက်စစ်နဲ့ဖျက်ခဲ့တာကလည်း သူ့ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။

”အဲဒီတုန်းက တော်တော် တောင်စိုးရိမ်သွားတယ်။ အရိုးများ ထိသွားပြီးလားပေါ့လေ။ ထမင်း တောင်လက်နဲ့စားလို့မရဘူး။ ဇွန်းနဲ့ စားတာတောင်မှ ကိုင်လို့မရဘူး။ တော်တော်လေးတော့ ခံစားလိုက်ရတယ်။ အဲဒီလို အက်စစ်နဲ့ ဖျက်လိုက်တာကိုလည်း မှားတယ်လို့ မထင်ပါ ဘူး။ မှားတယ်လို့ မထင်လို့ကို သူ့ဘက်ကိုပါ ဖျက်ခိုင်းလိုက်တာ။ ကိုယ့်ဘက်ကနေ cover လုပ်ထားပေမယ့် သူ့ဘက်ကနေပြီးတော့ ကွဲရမယ့်လမ်းကြောင်းလေးတွေ ဖြစ်လာမှာစိုးလို့ဆိုပြီး ဆရာမနဲ့တိုင်ပင်ပြီးတော့ သူ့ကိုပါလုပ်ခိုင်းလိုက်တာ” လို့ အိမ်ထောင်ရေးမကွဲစေချင်တဲ့အတွက် လက္ခဏာလမ်းကြောင်းကို အက်စစ် နဲ့ ဖျက်လိုက်တာနဲ့ ပတ်သက်လို့ သူကရှင်းပြပါတယ်။

ဒါ့အပြင် သူက မိခင်တစ်ယောက်ရဲ့ စိတ်အပြည့်နဲ့ အငယ်ဆုံးသမီးလေးကို လူ့လောက ရောက်အောင်မွေးထုတ်ပေးခဲ့ပါတယ်။ အငယ်ဆုံးသမီးလေး မွေးဖွား စဉ်မှာ ကျန်းမာရေးအရ အလွန်ချုခြာလျက်ရှိသလို ကလေးမွေးပြီး ပြီးချင်းမှာပဲ ဆေးရုံမှာ တစ်လနီးပါးဆေးကုသမှုခဲ့ယူခဲ့ရပါတယ်။

”ခဏခဏကိုဆေးရုံတက်ခဲ့ရ တယ်။ ဆေးရုံကိုကြိုတက်နေရတယ်။တန်ဆောင်မုန်းလပြည့်နေ့ကြီးမှာ ရေမြွာပေါက်ပြီးတော့ခွဲထုတ်လိုက် ရတယ်။ သူ့ကိုမွေးပြီးတဲ့အထိ အစ်မက ဆေးရုံပေါ်မှာ ပဲနေနေရ သေးတယ်။ ၃၃ရက်လောက်ကြာမှ သူ့ကိုပြန်တွေ့ရတယ်။ကလေးကကျန်းမာတယ်။ လူကြီးက မကျန်းမာဘဲနဲ့ ဆေးရုံပေါ်မှာနေခဲ့ရတယ်” လို့ သမီးဖြစ်သူ အတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်ကို မချိုသန္တာထိုက်က ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here