ပေါချောင်ကောင်း သိပ်မလိုက်ဘူးဆိုတဲ့ ဖော်ကာ (Wanted)

0
403


Age of Rock ပွဲမှာဖော်ကာ ကတော့ ‘စိတ်နဲ့လူ’ ထဲက သီချင်း တွေကို ဖျော်ဖြေဖို့ ဆန္ဒပြင်းပြနေပါပြီ။

”ကျွန်တော်အခွေသစ်လည်း ထွက်ထားတယ်။ အဲဒီက သီချင်းတွေ ရန်ကုန်မှာ မဆိုရသေးဘူးလေ။ အဲဒါကြောင့် ဒီပွဲမှာ အခွေသစ် လေးစဆိုမယ်။ တော်တော်တော့ စဉ်းစားထားတယ်။ အခုပွဲက ၂ ခေါက်တက်ရမယ်ထင်ပါတယ်။ အဲဒီ အတွက် လွန်ခဲ့တဲ့ ပွဲတွေကတည်းက သီချင်းတွေ စီထားတယ်။ အသစ် ထွက်ထားတော့ နည်းနည်းလေးဆို ချင်တဲ့သီချင်းတွေကများနေတယ်” လို့ ဖော်ကာကပြောပါတယ်။ ဒီဘက် ခေတ်ဂီတဖျော်ဖြေပွဲတွေရဲ့ အခြေ အနေက လက်မှတ်ပွဲတွေထက် ကြော်ငြာပွဲတွေများလာတဲ့အပေါ် ဖော်ကာက သူ့အမြင်ကို အခုလို ပြော ပါတယ်။

”Ticket Show ကတော့ ရေရှည်မှာလည်း ရှိကိုရှိသင့်တဲ့ဟာ မျိုးဖြစ်နေတာကိုး။ တလောကလည်း ဆရာရွှေဂျော်ဂျော်ရေးတဲ့စာလေး တစ်ခုတောင် သဘောကျလိုက် ပါတယ်။ ခေတ်ကတော့ အမြဲတမ်းကို လည်တာကိုး။ ဆိုတော့ ဘာမှတော့ ပြောလို့မရဘူးထင်တယ်။ ဖြစ်နိုင်ရင် တော့ Ticket Show ဆိုတာထက် ကြော်ငြာလုပ်တဲ့ပွဲသက်သက်ကြီး မဟုတ်ဘဲနဲ့ တကယ့်ကို Rock ပွဲတစ် ပွဲနဲ့ပီသတဲ့ပွဲလေးဖြစ်နေရင်တော့ အကောင်းဆုံးပဲပေါ့လေ” လို့ ဖော် ကာကဆိုပါတယ်။ ဆရာရွှေဂျော် ဂျော်ရေးထားတဲ့ ‘ဂီတသမားများ မြန်မြန်သဘောပေါက်’ ဆိုတဲ့ စာ ထဲမှာ နာမည်ရှိပြီးသား အဆိုတော် တွေဆိုရင် တချို့ပွဲတွေမှာ ကိုယ့် တန်းကို ကိုယ်ပြန်ထိန်းသင့်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းပါနေတော့ ဖော်ကာရဲ့အမြင်က ဘယ်လိုရှိလဲ လို့မေးတဲ့အခါ –

”အဲဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူတာ တွေ၊ ခံယူချက်ချင်းမတူတာတွေ ရှိ တာကိုး။ အကုန်တူနေရင်လည်း ဘယ်ဟုတ်တော့မတုန်း။ ကျွန်တော် ကတော့ ဘယ်လိုပဲပြောပြော ဆရာ ရွှေနဲ့ စိတ်သဘောထားချင်း တိုက် ဆိုင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီ လိုပဲနေလာခဲ့တော့ တချို့ဟာ လေး တွေဆိုလို့ရှိရင် ခေါင်းမာတယ်ဆို လို့တောင် မိန်းမကပြောတယ် ပေါ့(ရယ်လျက်)။ အဲဒီလိုမျိုးလေး တွေရှိပါတယ်။ ကျွန်တော်က အဲဒီ ဟာကိုကြိုက်ပါတယ်။ ကျွန်တော် တို့လည်း ဒီလိုမျိုး ရှိုးတွေဆိုရအောင် မနည်းဆောက်တည်လာခဲ့ရတာဆို တော့ နည်းနည်းလေးတန်ဖိုးထား တာလည်းပါတယ်။ ကျွန်တော်က ပေါချောင်ကောင်းသိပ်မလိုက်ဘူး” လို့ ဖော်ကာကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here