New Year မှာ ဂျပန်နိုင်ငံကိုအလည်အပတ် သွားဖို့ စီစဉ်ထားတဲ့ သရုပ်ဆောင်အောင်ရဲလင်း

0
254

ပရိသတ်ရဲ့ ချစ်ခင်အားပေးမူ ရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ဗီဒီယိုဇာတ်ကားတွေ ပြန်ရိုက်လည်ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ကားတွေ ရွေးချယ်ရိုက်ကူးဖြစ်နေပြီး အဓိပ္ပယ်ရှိတဲ့ ဇာတ်ကားတွေရိုက်ကူးသွားမယ်လို့ ပြောလာတဲ့ သရုပ်ဆောင် အောင်ရဲလင်းက ….

“ ဗီဒီယိုကား ကားတစ်ကား ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုပြန်ရိုက်ဖြစ်တဲ့ အကြောင်းကတော့ လာကမ်းလှမ်းတယ်။  ဗီဒီယိုဆိုရင်လည်း ဇာတ်လမ်းကြည့်ပြီး လက်ခံသွားမှာပါ။ ရုပ်ရှင်ကားတွေလည်း အများကြီးထွက်ဖို့ ကျန်နေသေးပါတယ်။  ဆယ့်ငါးကား ဆယ့်ခြောက်လောက်တော့ ကျန်မယ်ထင်ပါတယ်။ ပရိသတ်တွေကို စောင့်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော် ပိုပြီးတော့လည်း ကြိုးစားထားပါတယ်။ သိပ်မကြာခင်မှာ ထွက်လာတော့မှာပါ။ အဓိပ္ပယ်ရှိတဲ့ ဇာတ်ကားတွေ အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတွေကို ရိုက်ချင်ပါတယ်။  လက်ခံရိုက်ကူးဖြစ်တာကတော့ အဓိကဇာတ်လမ်းပါဘဲ။ ဇာတ်လမ်းကောင်းမှ ကျွန်တော်ရိုက်ချင်တယ်။ ဇာတ်လမ်းမကောင်းရင် မရိုက်ချင်ဘူး။ အဓိက အသက်သွေးကြောက ဇာတ်လမ်းဖြစ်တဲ့အတွက် ဇာတ်လမ်းကိုဘဲ အဓိက ထားပြီး ရွေးချယ်သွားမှာပါ။ နောက်ပိုင်းမှာ ပိုပြီးကောင်းတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ပြောပြခဲ့ပါတယ်။

နှစ်သစ်မှာလည်း ဂျပန်နိုင်ငံရဲ့ ဆောင်ရာသီကို မရောက်ဖူးသေးတဲ့အတွက် ဂျပန်နိုင်ငံကို ခရီးသွားဖို့ စီစဉ်ထားကြောင်းကိုလည် သရုပ်ဆောင် အောင်ရဲလင်းက ခုလိုပြောပြခဲ့ပါတယ်။

“ New year ကတော့ အရင်က ဒီမှာလည်နေပါတယ်။ ခရီးလည်သွားဖြစ်ပါတာယ်။ ဒီနှစ်မှာတော့ ခရီးသွားဖို့စီစဉ်ထားပါတယ်။ အဲ့တာလေးအကောင်အထည်ပေါ်ရင်တော့ New Year ကို နိုင်ငံခြားမှာ ဖြတ်သန်းဖြစ်မှာပါ။ သွားမှာကတော့ ဂျပန်ဖြစ်ဖို့များပါတယ်။ ဒီအချိန်ကတော့ ဂျပန်မှာတော်တော်အေးတယ်ပြောတယ်။ ကျွန်တော်က ဂျပန်နွေရာသီဘဲ ရောက်ဖူးတာလေ။ ဂျပန်ရဲ့ ဆောင်းရာသီကို မရောက်ဖူးသေးဘူး အဲ့တာကြောင့်လည်း သွားချင်တာပါ။” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here