ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အခုအချိန်ထိ ပရိ သတ်တွေရဲ့ချစ်ခင်အားပေး မှုတွေကိုရရှိထားသူကတော့ ဝါဆိုမြင့်အောင်ပါ။ အနုပညာမျိုးရိုး ရှိသူဖြစ်ပြီး သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ တူမလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ နည်းပါး လာတာနဲ့ပတ်သက်ပြီး ဝါဆိုမြင့်အောင်က ”အနုပညာနဲ့ ပတ်သက်ပြီး မလုပ်ဖြစ်တော့တာ မဟုတ်ပါဘူး။ Graduation ကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတာ။ ကျောင်းကိစ္စတွေ ရှိသေး တယ်။ သင်တန်းတွေလည်း တက်ဖြစ်နေတာဆိုတော့ အနုပညာ ဘက်ကို မလှည့်ဖြစ်သေးတာပါ။ နှစ်ခုစလုံးကိုတော့ ဆိုဆိုက ဝါသနာပါတယ်။အနုပညာဘက်မှာလည်း ကိုယ်က အဘိုးရဲ့ သွေးသား၊ အဒေါ်ရဲ့သွေးသားက ပါနေပြီးသား ဆိုတော့ အနုပညာဘက်ကိုလည်းအားသန်တယ်။ ပညာရေးဘက်မှာလည်း ကိုယ်က အားသန်တယ်။ အနုပညာပဲ ဆက်လုပ်ဖြစ်မလား။ စီးပွားရေးပဲ လုပ်ဖြစ်ဦးမလား မသိသေးဘူး”လို့ ပြောပြခဲ့ ပါတယ်။
အနုပညာလုပ်ဖြစ်ရင်လည်း မေမွှေး (မို့မို့မြင့်အောင်)လို အောင်မြင်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုတာကိုလည်း ”မေမွှေးက ကိုယ့်အတွက် Idol တစ်ယောက်ပါပဲ။ မေမွှေးက အနုပညာနဲ့ ပတ်သက်ရင်လည်း သင်ပေးတယ်။ ဆုံးမပေး တယ်။ မေမွှေးဆုံးမပေးတဲ့ အတိုင်း နာခံတယ်။ သူက အလုပ်တစ်ခုကိုတစ်စိုက်မတ်မတ်လုပ်တယ်။ ရည်ရွယ်ချက်ထားပြီးလုပ်တော့ သူကအောင်မြင်တယ်။ သူ့အတိုင်း လည်းဖြစ်ချင်တယ်။ သူ့ လိုဖြစ်ဖို့ကို လည်း အများကြီး ကြိုးစားရဦးမယ်” လို့ ဝါဆိုမြင့် အောင်က ပြောပြပါ တယ်။
ကျွန်မချစ်သော ယောက်ျား သုံးယောက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတစ်ကား ရုံတင်ဖို့ ရှိသေးတယ်။ အဲဒီဇာတ်ကားမှာ ဆိုဆိုက မအူဝဲရဲ့ ငယ်ဘဝ (ကလေးသရုပ်ဆောင်) နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ ပရိသတ်တွေက ဆိုဆိုကို ချစ်ကြတယ်။ ကလေးသရုပ်ဆောင်ဘဝ ကနေ အခုအချိန်ထိ အားပေးကြတယ်။ ပရိသတ်ကြီးရှေ့ကို ဆိုဆို ပြန် ရောက်လာဦးမှာပါ။ ဆိုဆိုကိုလည်း အားပေးကြပါဦးလို့ ပြောပြ ခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ- မင်းမင်းထွန်း