အချစ်ဒရာမာကားရိုက်ကူးမယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

0
177

ဇာတ်လမ်းကောင်းတွေကိုသာ သဘာဝဆန်ဆန်၊ အရည်အသွေး ကောင်းကောင်းရိုက်ကူးနေတဲ့ ဒါရိုက်တာခရစ္စတီးနားခီကတော့ သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ် ကားရိုက်ကူးမှုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီကားကြီးရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေ။ အချိန်ကာလတွေ ဘယ်လို သတ်မှတ်ပြင်ဆင်ထားလဲလို့ မေးကြည့်တဲ့အခါမှာတော့ ခရစ္စတီးနားခီက ”ဒီကားက အချစ်ကား၊ အချစ်ကားဆိုရင်များသော အားဖြင့် သိကြတာက ကလေးနှစ်ယောက်ချစ်တယ်လို့ပဲ သိကြတာ လေ။ အချစ်ဆိုရင် တော်တော်များများကထင်တာ အိမ်ထောင်ကျသွား ရင် ချစ်စရာမလိုတော့ဘူးလို့၊ အိမ်ထောင်ကျသွားရင် သိပ်ပြီးတော့ အပိုတွေလုပ်စရာမလိုတော့ဘူးလို့ထင်ကြတယ်။ တကယ်တော့ အိမ် ထောင်ပဲကျကျ၊ ဘာပဲကျကျ၊ ရင်ထဲက အချစ်ကတစ်ယောက်နဲ့ တစ်ယောက်ရင်ထဲရှိနေရမယ်။ ပြီးတော့ ရာသက်ပန်ရှိနေရမယ်။ နောက်ပြီးတော့လည်း ဒီအိမ်ထောင်ကျလို့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပြောင်းသွားတာတို့၊ ဝတ္တရားအရဆိုတဲ့ဟာမျိုးတွေမဖြစ်ရဘူး ဆိုပြီး ဒီကားလေးက အဲဒီလိုအချစ်ကားလေးပါ”လို့ ပြောပါတယ်။

ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံမှာလည်း ပရိသတ်ရဲ့ အကြိုက်အောင် မြင်ခဲ့တဲ့အတွက် အခုရိုက်ကူးမယ့် Now & Ever ဇာတ်ကားမှာကော ကိုယ့်အတွက် အောင်မြင်မှုတွေရှိလာမလားမေးကြည့်တဲ့အခါမှာတော့ ခရစ္စတီးနားခီက ”အဲဒီလိုမျိုးတော့ မထားထားဘူး။ ကိုယ့်အတွက်က တော့ အစွမ်းကုန်ကြိုးစားတယ်။ အဲဒီအချိန်တုန်းက အမှားတွေရှိခဲ့ တယ်ဆိုရင်လည်း ဒါကိုယ့်ပညာကမပြည့်ဘူး။ မပြည့်လို့သာဘဲ အမှား လေးတွေပါသွားတာပေါ့နော်။ အဲဒီဟာလေးတွေကို အတတ်နိုင်ဆုံး လေ့လာပြီးတော့ မမှားအောင်ဒီကားမှာလုပ်မယ်။ အဲဒီလိုပြောတော့ လည်း အမှားကင်းမှာ မဟုတ်ဘူးဆိုတာသိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာကမပြည့်မှ မပြည့်သေးတာ။ မပြည့်သ၍ကတော့ ဒီလိုပဲလုပ် လိုက်၊ ပြန်ကြည့်လိုက်၊ ကြိုးစားလိုက်ပေါ့လေ။ အဲဒီလိုမျိုးလေးနဲ့ပဲ သွားနေရတာပဲ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here