‘ကိုယ်စောင့်နတ်’ ရုပ်ရှင်ဇာတ်ကားက ယိုးဒယားကားကို Copyယူပြီးရိုက်ထားတာလားဆိုတဲ့အပေါ် လွှမ်းပိုင်ရဲ့ အဖြေစကား

0
521

ဇာတ်ကားပုံစံလေးကတော်တော်ကောင်းတယ်။ ရိုက်တဲ့ဒါရိုက်တာကလည်း ၀င်းလွင်ထက်ဖြစ်တယ်။ ပြီးတော့ လွှမ်းပိုင်ကလည်း ဇာတ်ကားအတွက် တစ်ဝက်ကို ပရိုဂျူဆာလုပ်ထားတယ်။ ပရိသတ်ကို တင်ဆက်ပြသချင်တဲ့လွှမ်းပိုင်ရဲ့ စေတနာက…..“ပြောရမယ်ဆိုရင်တော့ ကျောင်းသားကားဆိုတာထက် ကျွန်တော်က Teenage Movie  ဆိုရင် ပိုပြီးမှန်ပါတယ်။ Teenage Movie ဖြစ်တဲ့အတွက် ကျောင်းကပါလာတာပေါ့နော်။ ကျောင်းကို အဓိကမထားထားပါဘူး။ အဓိကကတော့ လူငယ်တွေရဲ့ ဇာတ်လမ်းပါ။ ကိုယ်ကြည့်ခဲ့ရတဲ့ ကျောင်းသားကားတွေကိုမှ ပုံစံတူ တစ်ထေရာတည်းပြန်ရိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ကူးထဲကဇာတ်လမ်းနဲ့ ကျွန်တော်တို့မျက်လုံးထဲမှာပုံဖော်ထားတဲ့ပုံရိပ်တွေကို ရိုက်ကူးပြီးတော့ ပရိသတ်ကို တင်ဆက်ပြတာပေါ့နော်” လို့ လွှမ်းပိုင်ကပြောပါတယ်။

‘ကိုယ်စောင့်နတ်’ ရုပ်ရှင်ဇာတ်ကားရဲ့ ပုံစံက ယိုးဒယားကျောင်းသားကားပုံစံနဲ့ ဆင်တူဖြစ်နေတဲ့အပေါ် လွှမ်းပိုင်က……“ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ကားတွေပေါ့နော်။ ယိုးဒယားကားပဲဖြစ်ဖြစ် အာရှကားတော်တော်များများရဲ့ Teenage Movie တွေရဲ့ မြစ်ဖျားခံရာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်က နာမည်ကြီးခဲ့တဲ့ Disney Lands ရဲ့ ကားတွေကို အခြေခံပြီးတော့ ဖြစ်လာကြတာပါ။ အားလုံးကတော့ အင်တာနေရှင်နယ်ဒီဇိုင်းသွားမယ်ဆိုလို့ရှိရင် ဒီလိုပုံစံမျိုးတွေရိုက်ကြတာပေါ့နော်။ အဲဒီအတွက်ကြောင့် ယိုးဒယားမှာလည်း ဒီလိုမျိုးရိုက်တာရှိတယ်။ သူများနိုင်ငံမှာလည်း အဲဒီလိုမျိုးရိုက်တာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဒီလိုမျိုးရိုက်တာမရှိတဲ့အတွက် ကျွန်တော်တို့က အခုစပြီးတော့မှ ဒီဇိုင်းပိုစတာပုံစံတွေ အကုန်လုံးက တကယ့်လူငယ်ဆန်ဆန်ပုံစံလေးဖန်တီးထားတဲ့အခါကျတော့ ဒါမျိုးကားတွေက ယိုးဒယားမှာလည်း ရိုက်ထားတော့ မင်းတို့ယိုးဒယားကားကို ကော်ပီယူထားတာလား။ ဘယ်လိုလားပေါ့။ အဲဒီလိုမျိုးထင်ကြတာပါ။ တကယ့်တကယ်တမ်းက ဘာမှလည်းမတူပါဘူး” လို့ဆိုပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကို Copy တွေ၊ Reference တွေလုပ်လို့မရတဲ့ခေတ်ရောက်နေပါပြီဆိုတာကိုလည်း…….“ပြောရမယ်ဆိုရင် ဒီလိုခေတ်ကြီးမှာ Copy တွေ၊ Refrence တွေယူပြီးသွားရိုက်ရင် လူမသိဘဲမနေဘူးလေ။ Youtube မှာလည်းအားလုံးက နာမည်လေးရှာလိုက်တာနဲ့တွေ့နေတာပဲဟုတ်တယ်မဟုတ်လား။ Google မှာဆိုရင်လည်း ဒီပုံက ဘယ်သူ့ကို ခိုးထားတာလဲဆိုပြီးတော့ ပုံနဲ့တောင်ရှာလို့ရနေတဲ့ခေတ်မှာ အဲဒီလိုမျိုး Refrence တွေ၊ Copy တွေလုပ်ပြီးတော့မှ ငါတို့က Original ကြီးပါလို့ ဖင်ပိတ်ငြင်းနေရင်လည်း တော်တော်မိုက်ရူးရဲဆန်တာလို့ပြောလို့ရတယ်” လို့ လွှမ်းပိုင်ကပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here