အိမ်ထောင်ပြုဖို့ အချိန်ကျော်သွားတယ်ဆိုတာမျိုး လက်မခံပါဘူး အေးမြတ်သူ

0
193

လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာအေးမြတ်သူ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာသူ့ရဲ့ပါဝင် သ ရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး …

”ဆရာ ဦးယဉ်အောင်တို့ ကိုဖိုး ချစ်တို့ ဒီနေရာလေးမှာ သရုပ်ဆောင် ဖို့ လာကမ်းတယ်။ ကိုယ်ကလည်း ဆရာကြီးကို ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ကားမှာကတည်းက အရမ်း သဘောကျတယ်။ သူ့ရဲ့ဇာတ်အိမ် တွေကလည်း အမြဲတမ်းနက်နက်နဲနဲ တွေဆိုတော့။ လာကမ်းလှမ်းပြီး ဇာတ်ညွှန်းကိုဖတ်ကတည်းက ဒီကား ကိုကြိုက်တယ်။ ဆရာကြီးက ရိုက် မယ့် အရုပ်တွေကိုပါ အပြည့်အစုံရေး ပေးထားတယ်။ အဲဒီတော့ ဇာတ်ဖတ် ကတည်းက မြင်နေရတယ်။ ကိုယ့် အတွက် အခက်ခဲကတော့ အမေတစ် ယောက်လုပ်ရတဲ့ အခန်းတွေက ခက် ခဲပါတယ်”လို့ ပြောပြခဲ့ပါတယ်။

နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်တော့မှာဆိုတာ့ အိမ်ထောင်ပြု ဖြစ်တော့မှာလားလို့ မေမြန်းခဲ့ရာ.

”လက်ရှိမှာ ကြိုးစားပြီး တည် ဆောက်နေပါတယ်။ ကြိုးစားနေပါ တယ်။ ကိုယ်ကတော့ ၃၅ နှစ်လောက် မှန်းထားတယ်ကျော်သွားရင် ၄ဝ ပေါ့။ အသက်ဆိုတာ ဘာမှမဟုတ်ပါ ဘူး။ အမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်ကျဖို့ အချိန်ကျော်သွား တယ်ဆိုတာကိုလည်း လက်မခံပါဘူး” လို့ ပြောပြခဲ့ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင် ဒဏ် ၁၇ နှစ်ကျသွားခဲ့ရတဲ့ သူငယ် ချင်းဖြစ်သူ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေကြောင်းကို လည်းသရုပ်ဆောင်အေးမြတ်သူက…

”တစ်ခါတလေကျရင်လည်း ကိုယ်လုပ်ခဲ့တဲ့အမှားတစ်ခုအတွက် ပြန်ပြီးပေးဆပ်ရတာတွေက မတန် တဆလို ခံစားရပါတယ်။ လူတိုင်း မမှားဘူးတဲ့သူဆိုတာ မရှိပါဘူး။ အမှားနဲ့လည်း မကင်းကြဘူး။ အမှား နည်းအောင်နေကြရတယ်။ ကိုယ် လုပ်လိုက်တဲ့အမှားက တိမ်းစောင်း သွားတဲ့အခါကျရင် ကိုယ်လုပ်လိုက် တဲ့အမှားနဲ့ ကိုယ်ပြန်ပေးဆပ်ရတာနဲ့ တန်ရဲ့လားလို့ ပြန်စဉ်းစားတယ်။ သူက ကိုယ်နဲ့လည်း အမြဲဇာတ်ကား တွေ တွဲရိုက်နေတဲ့ မင်းသားပါ။ ကိုယ်နဲ့လည်း သူငယ်ချင်းလိုဖြစ်နေ ပါပြီ။ သူမမှားဘူး မဟုတ်ဘူး။ သူ မှားပါတယ်။ ဒါပေမယ့် သူလုပ်လိုက် တဲ့ အမှားနဲ့ သူပြန်ပေးဆပ်ရတာနဲ့ လူငယ်တစ်ယောက်အနေနဲ့ အချိန် တွေ အများကြီးပေးလိုက်ရမှာ နှမျောပါတယ်။ ဒါပေမယ့်လည်း အားမငယ်ပါနဲ့ ဘာပဲပြောပြော ဒီ ဆယ့်နှစ်နှစ်မှာ ကိုယ်စာတွေ အများ ကြီးဖတ်လိုရတယ်။ ကိုယ့်ကိုယ်ကိုယ် အများကြီး တည်ဆောက်လို့ရတယ်။ ရင့်ကျက်ဖို့အတွက် နောက်ဆက်လုပ် သွားမယ့်ဟာတွေကို စဉ်းစားလို့ရ တယ်။ ခုချိန်မှာ အဓိကကတော့ စာ များများဖတ်ဖို့နဲ့ စိတ်တည်ငြိမ်ဖို့ တရားတွေလုပ်ဖို့နဲ့ ခန္ဓာကိုယ်ကျန်း မာကြံ့ခိုင်ဖို့တွေ ဦးစားပေးပြီး လုပ် စေချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here