အွန်လိုင်းမှာ အကုန်လုံးက ထိလွယ်ရှလွယ် ဖြစ်နေတယ်ကြက်ဖ

0
322

”ဟစ်ဟော့လောကမှာ ကျွန်တော်တို့ အမြဲတမ်းအတုယူခဲ့ ရတဲ့ First Generation ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့က Second Generationပါ။ First Generation မှာ လေ့လာရင်းနဲ့ ကျွန်တော်တို့သိခဲ့ရတာ တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဖန်တီးတဲ့အနုပညာတိုင်းက အပြုသဘောဆောင်တယ်ဆိုတာ ပါပဲ”လို့ အဆိုတော်ကြက်ဖက သူလေ့လာခဲ့ဖြစ်တဲ့ First Generation က သီဆိုခဲ့တဲ့သီချင်းတွေနဲ့ပတ်သက်လို့ ပြောပြ ပါတယ်။ ဒါဟာကောင်းတဲ့ဖန်တီးမှုတွေပဲဖြစ်ပြီး သူတို့အတွက် လည်း လိုက်နာကျင့်သုံးစရာတစ်ခုဖြစ်ခဲ့သလို အိမ်က မိဘတွေ မနိုင်တဲ့လူငယ်တွေရှိရင် အဲဒီအတွက်ကို အနုပညာက အများ ကြီး ထိန်းသိမ်းပေးနိုင်တယ်လို့မြင်ကြောင်း သူကဆက်ပြော ပြပါတယ်။

”ကျွန်တော်တို့ခေတ်ရောက် သွားတဲ့အချိန်ကြ တော့ တအားသွေြး<ွကလာတယ်၊ ဆတ်ဆတ်ထိမခံဖြစ် လာတယ်။ တစ်ယောက်နဲ့တစ်ယောက်ထိလွယ်ရှလွယ်တဲ့အနေအထားတစ်ခုကို ဖန်တီးဖြစ်တယ်။ အစကတော့ဆိုလို့တော့ကောင်းတယ်။ ကိုယ်က မကျေနပ်တဲ့အခံရှိလို့လေ။ ကျွန်တော် ၉တန်း နှစ်လောက်က နေခဲ့ဖူးတဲ့ရွာမှာကာရာအို ကေဆိုင်ဖွင့်တော့ သတိထားမိတာတစ်ခုက First Generation က သီချင်းတွေ ကိုဆိုရင် သူတို့သိပ်နားမလည်တာပဲရှိတယ်။ Rap တွေ ပေါ်ကာစဆိုတော့ သိပ်နားမလည်ကြဘူးလေ။ ဒါပေမဲ့ သူတို့သဘောကျကြတယ်။ ကျွန်တော် တို့ခေတ်ရောက်လာတဲ့အခါကျတော့ နား ထောင်မှုတွေမတူတော့ဘူး။ ဒီကောင် ဘယ်သူ့ကို ပြောနေတာလဲပေါ့။ ဘယ်သူ့ကိုဆဲနေတာလဲပေါ့။ နားထောင်တဲ့လူကိုဆဲနေသလိုဖြစ်နေတယ်။ ကြာ လာတော့ခံစားလို့မကောင်းတာကို တွေ့ရတယ်။ ပြီးတော့ ကျွန်တော် ဘာကိုသွားတွေ့လဲဆိုတော့ အွန် လိုင်းတွေမှာဆိုရင်လည်း သိသာတယ်။ အကုန်လုံးက ထိလွယ်ရှလွယ်နေတယ်။ ပြောချင်တာတစ်ခုက ရည် ရွယ်ချက်ကောင်းရင်တောင် အဲဒီရည်ရွယ်ချက်ကို မ ရောက်တော့ဘဲနဲ့ ရန်ဖြစ်နေကြတယ်။ ကိစ္စ တစ်ခုဖြစ်ပြီ ဆိုရင် ဒီဘက်ကတစ်ဖွဲ့ ဟိုဘက်ကတစ်ဖွဲ့ အဖွဲ့ဖွဲ့ပြီးချကြ တာပဲ။ ဘက်စုံထောင့်စုံတွေကနေပြင်ရမယ်။ အဲဒီတော့ ကျွန်တော်တတ်ကျွမ်းတဲ့အပိုင်း၊ ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်းကနေ ကျွန်တော်အခုရှင်းပြသလိုမျိုး အနုပညာကို ခံစားတဲ့ပရိသတ်တွေကို ဒီလိုအနုပညာမျိုးတွေချပြချင်ပါ တယ်” လို့ ကြက်ဖက ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကို ပြောပြတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here