ထိတ်လန့် ဖွယ်ရာတွေနဲ့ကြုံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းဝတ်မှုံရွှေရည်ပြောပြ

0
334


ထိတ်လန့်ကြောက်မက်ဖွယ်ရာ တွေနဲ့ ၂ဝ၁၉ ဇန်နဝါရီလထဲမှာ ပရိ သတ်ရှေ့ ရောက်ရှိလာမှာကတော့ အကယ်ဒမီ ဝတ်မှုံ ရွှေရည် သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံ အိမ်ပဲဖြစ်ပါတယ်။ ကြောက်မက်ဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ လိပ်ပြာစံအိမ်ဇာတ်ကား မှာ စိတ် လှုပ်ရှားစရာတွေ အများကြီး နဲ့ တွေ့ခဲ့ရတဲ့ အတွက်လိပ်ပြာစံအိမ် ကားဟာ ကစ်ကစ် အတွက် စိန်ခေါ် မှုတွေနဲ့ ပြည့်နှက်နေတဲ့ အကြောင်းအခုလိုပဲ ပြောပြခဲ့ပါတယ်။

”ပထမ ဦးဆုံး ကစ် ဒီကားလေးကို လက်ခံ ဖြစ်ပုံက ဒီဒါရိုက်တာနဲ့ အရှေ့မှာ လည်း တစ်ကား ရိုက်ဖူးတဲ့အတွက် အတွေ့အကြုံတော့ ရှိပြီး သားဖြစ်နေ တယ်။ သူ့ကိုလည်း ယုံကြည်တယ်။ အဲဒီက (၁) အချက်ပေါ့။ နောက် တစ်ခုက ကျတော့ သူ့ရဲ့ Creation တွေကို သဘောကျ တယ်။ သူ့ရဲ့ ဇာတ်ပေါ်မှာထားတဲ့ Creation တွေ၊ အိုင်ဒီယာတွေကို သဘောကျ တယ်။ ပြီးတော့ ဒီဇာတ်လမ်းကိုလည်း ကြိုက်တယ်။ ဒီဇာတ် ကားလေးအတွက် ကစ်တို့တွေ ကြိုတင် ပြင်ဆင်မှု တွေ အများကြီးလုပ်ခဲ့ရ တယ်။ ရိုက် တော့လည်း အချိန်တွေ အများကြီး ပေးတယ်။ ဒါရိုက်တာလည်း ဒီကား နဲ့ ပတ်သက်ပြီး စိတ်နှစ်ပြီးတော့ကို သရုပ်ဆောင် ထားကြတယ်။ ဒီကားထဲမှာလည်း ကစ် ရေနစ်တဲ့ အခန်း တွေ ရိုက်ရတာလည်း အမှတ်တရတွေရှိခဲ့တယ်။ အမှန်တိုင်းပြော ရရင် ကစ်ဒီကားကို အရမ်း စိတ်လှုပ်ရှား တယ်။ ဒီကားစရိုက်ကတည်းက အခက်အခဲ တွေကော၊ အမှတ်တရတွေကော၊ ထိတ်လန့် ဖွယ်ရာတွေကော အဲဒီလိုအဖြစ် အပျက်တွေ အများကြီး တွေ့ခဲ့ရတော့ ဒီကား ကို ကစ်တော်တော်လေး စိတ်လှုပ်ရှားတယ်။ ပြီးတော့ ရိုက်နေတဲ့ အချိန်မှာကိုမှ အဲဒီလို တချို့နေရာတွေဆို ကြောက်စရာတွေကို ကောင်းနေတာ။ အဖြစ်အပျက်တွေလည်း အများကြီးရှိခဲ့တယ်။ ဒါရိုက်တာကလည်း အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ကစ်တို့ ရိုက်ကူးတဲ့သူတွေလည်း ကျေနပ် တယ်။ ပြီးတော့ ကစ်ဒီကားနဲ့ ပတ်သက် ပြီးတော့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here