နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင် ဇာတ်ကား စတင်ပြသခြင်း အထိမ်းအမှတ်အနေနဲ့ စတုဒိသာများ ကျွေးမွေးခဲ့

0
249

နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကား ကိုတော့ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ပြီး တစ်နိုင်ငံ လုံးရှိ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ပြသနေပြီဖြစ်ပါတယ်။


‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ် ကားကိုတော့ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် ရိုက်ကူးပြီး ရန်အောင်၊ ရဲအောင်၊ လူမင်း၊ ဖိုးချစ်၊ အလင်းရောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အေးမြတ်သူ၊ ရတနာဗို၊ ချိုပြုံး၊ မေသန်းနု၊ မေသဉ္ဇာဦး၊ မိုးဒီ၊ ခင်မို့မို့အေးနှင့် အခြားသရုပ်ဆောင် ပေါင်းများစွာ ပါဝင်ထားကြပါတယ်။ ဒရမ်မာကားကောင်းတစ်ကားကိုမှ ကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် ကတော့ ဒီဇာတ်ကားက အကောင်း ဆုံးရသကို ဖြည့်စွမ်းပေးနိုင်မှာပဲဖြစ် ပါတယ်။

ရုပ်ရှင်ဇာတ်ကား စတင်ပြသ ခြင်း အထိမ်းအမှတ်အနေနဲ့ ဒီဇင် ဘာ ၂၁ ရက်နေ့မှာတော့ ရန်ကုန်၊ ရွှေဘို၊ မကွေး၊ မြဝတီမြို့တွေရှိ မင်္ဂ လာအဆင့်မြင့်ရုပ်ရှင်ရုံတွေမှာလာ ရောက်ကြည့်ရှုကြတဲ့ ပရိသတ်များကို မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ မိသားစုများ နှင့် ပရိသတ်များက စတုဒိသာများ ကျွေးခဲ့ကြပါတယ်။ ဒီဇင်ဘာ၂၃ ရက်နေ့မှာတော့ မန္တလေးမြို့ရှိ မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ လာ ရောက် ကြည့်ရှုကြတဲ့ပရိသတ်များကို စတု ဒိသာများ ကျွေးမွေးခဲ့ကြပါတယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here