ဒုတိယတစ်ကိုယ်တော်အခွေအတွက် Secret ထားထားတဲ့ဝန

0
831

ဒီဇင်ဘာလက အဆိုတော်တွေအတွက်တော့ ဂီတဖျော်ဖြေပွဲတွေနဲ့ ပြည့် နေတဲ့လပါ။ ရှိုးတွေများလွန်းလို့ ဝနဆိုရင်တောင် မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက် ရတဲ့အထိပါပဲ။

”အမှန်က ကျွန်တော် ဒီဇင်ဘာထဲမှာ မင်္ဂလာဆောင်ဖို့ စီစဉ်တာပေါ့ နော်။ ဒါပေမဲ့ အလုပ်လေးတွေ နည်းနည်းများလာတဲ့အခါကျတော့ နောက်ကိုနည်းနည်းလေးဆုတ်ထားတယ်ဗျ။ တစ်လ၊ နှစ်လလောက်ပါပဲ”လို့ ဝနက ပြောပါတယ်။ လာမယ့် ခရစ္စမတ်နေ့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပပြု လုပ်မယ့် Age of Rangoon ဂီတဖျော်ဖြေပွဲမှာ ဝနက Horizon Band နဲ့ ဖျော်ဖြေ သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်း အတွင်းကလည်း ဝနက ‘သာတယ် နာတယ်မလိုဘူး’ ဆိုတဲ့ သီချင်း ၃ ပုဒ်ပါဝင်တဲ့ Album ထွက်ခဲ့သေး တယ်။ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့် သူကတော့ သီချင်းကို အကောင်းဆုံး သီဆို ချင်တာပါပဲလို့ ဝနက ပြောပါတယ်။ ဒုတိယတစ်ကိုယ်တော်အခွေအတွက် ကိုလည်း ဝနက …

”ကျွန်တော်စထွက်ကတည်းက အခုချိန်အထိ ကောင်းတယ်ဆိုတဲ့ Result ပဲ ထွက်ခဲ့ပါတယ်။ ပျော်ပါတယ်ဗျ။ စိန်ခေါ်မှုဆိုတာကြီးကတော့ ရင်ဘတ်ထဲမှာ မရှိပါဘူး။ ကျွန်တော် လုပ်ချင်လို့ ပရိသတ်နဲ့ ကျွန်တော်နဲ့ ကြားမှာ လုပ်နိုင် သလောက်လုပ်ခဲ့ပါတယ်။ ဒုတိယအခွေကတော့ လာမယ်ဗျ။ ကျွန်တော် ကတိတွေ အထပ်ထပ်ပေးပြီးတော့မှ မထွက်နိုင်တဲ့အတွက်လည်း ပရိသတ်ကို တောင်း ပန်ပါတယ်။ အမြန်ဆုံးထွက်နိုင် အောင် ကြိုးစားနေပါတယ်”လို့ ပြော ပါတယ်။ သို့သော် ဒုတိယတစ်ကိုယ်တော်အခွေမှာ ဘယ်လို ရော့ခ်ဆန်တဲ့ အကြောင်းအရာတွေ ပါဝင်မလဲ ဆိုတာကိုတော့ … ”ဒုတိယအခွေအတွက် က ကျွန်တော်နည်းနည်း Secret ထားထားတယ်ဗျ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here