ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ စန္ဒီမြင့်လွင်

0
282

မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်ခါနီးမှာ ပျော်ရွှင်စရာသတင်းကောင်းလေးကို ပိုင်ဆိုင်ထားကာ မျက်နှာမှာ အပြုံးပန်းတွေပွင့် လန်းနေသူကတော့ သီဟနဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံပါ။ပထမဦးဆုံးရင်သွေးကလေးကို လွယ်ထားရပြီလို့ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အကြောင်းကို စန္ဒီမြင့်လွင်က…

“ပထမဦးဆုံးသိရတုန်းကပျော်တယ်။ကိုယ့်ရင်သွေးလေးရပြီဆိုတော့ ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာ  ကြိုတွေးပြီးရင်ခုန်တယ်။သိသိချင်းမှာ ကိုသီဟနဲ့ နှစ်ယောက်တည်းဆိုတော့ သူ့ကိုအရင်ပြောပြဖြစ်တယ်။ကလေးရှိတယ်ဆိုတာ သိတာတော့ကြာပြီ။လနုသေးတော့ မပြောဖြစ်သေးတာ။ကိုယ်ဝန်က နှစ်လခွဲပဲရှိသေးတယ်။ဒီးဒီးကတော့ မိန်းကလေးလိုချင်တယ်။ယောက်ျလေးဆိုလည်းချစ်မှာပါ” လို့ ပြောပြခဲ့ ပါတယ်။

ကိုယ်ဝန်ရှိတယ်ဆိုတာ မသိဘဲနဲ့ ပွဲတွေ လက်ခံထားဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး….

“ကိုယ်ဝန်ရှိတယ်ဆိုတာ မသိဘဲလက်ခံထားတဲ့ ပွဲတွေရှိတယ်။မေလမှာ တစ်ပွဲလက်ခံထားတယ်။အဲ့ဒီအချိန်လောက်ဆိုရင် ဒီးဒီးတော်တော် ပူနေလောက်ပြီ။ဒါပေမယ့်လည်း ဒီးဒီးဆိုမှာပါ။ဒီးဒီးက ဆိုချင်တာဆိုတော့ ခင်ပွန်းသည်က ပင်ပန်းမယ့်ပွဲတွေဆိုရင်တော့ မဆိုစေချင်ဘူး” လို့ စန္ဒီမြင့်လွင်က ပြောပြခဲ့ပါတယ်။

ကလေးတစ်ယေက်ပဲယူမယ်ဆိုတာကိုလည်း…

“ဒီးဒီးတို့ ကလေးတစ်ယောက်ပဲယူမယ်။ကလေးကတစ်ယောက်တည်းဆိုတော့ ပိုချစ်ရတာပေါ့။ကလေးလေးကို အကောင်းဆုံးပြုစုပျိုးထောင်မယ့်ရည်ရွယ်ချက်ရှိတယ်။အေးချမ်းပြီးပျော်ရွှင်တဲ့ မိသားစုဘဝလေးဖြစ်အောင် တည်ဆောက်မယ့် စိတ်ကူးလေးရှိတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇနီးသည်မှာ ကိုယ်ဝန်လွယ်ထားရတာနဲ့ပတ်သတ်ပြီး ခင်ပွန်းဖြစ်သူ ကိုသီဟက…

“ဒီးဒီးနဲ့ကျွန်တော်နဲ့ ကလေးတစ်ယောက်လောက်ယူမယ်လို့တိုင်ပင်ထားတာရှိတယ်။မင်္ဂလာဆောင်က တစ်နှစ်ပြည့်ခါနီးဆိုတော့ ကလေးရတာနဲ့အတော်ပါပဲ။ကျွန်တော်ကတော့ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် နှစ်ယောက်စလုံးကို ချစ်တယ်။ဒီးဒီးကို ပင်ပင်ပန်းပန်းပွဲတွေ၊ခရီးဝေးသွားရမယ့်ပွဲတွေဆိုရင်တော့ မဆိုစေချင်ဘူး။သူပင်ပန်းမှာစိုးလို့။ဘာပဲဖြစ်ဖြစ်သူ့သဘောပါ။”လို့ ပြောပြခဲ့ပါသေးတယ်။

စန္ဒီမြင့်လွင် နဲ့ ကိုသီဟတို့ မင်္ဂလာဧည့်ခံပွဲကို ၂၀၁၈ ခုနှစ်မတ်လအတွင်းမှာကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here