ကင်မ်နဲ့ ဝက်စ်တို့ မိသားစု နှစ်သစ်မှာ သားလေးထပ်ရဦးမယ်လို့ သတင်းတွေကဆို

0
181

နှစ်သစ်အစမှာ ဟောလိဝုဒ်က နာမည်ကျော်တွေကြား လှုပ်လှုပ်ရှားရှား ရိုက်ခတ်နေတဲ့ သတင်းတစ်ပုဒ်က ကင်မ်ကာဒစ်ရှန်တို့ မိသားစုထဲမှာ လူဦးရေ တိုးတော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ သတင်းကလည်း တော်တော်ကို ခိုင်ခိုင်မာမာ ထွက်လာတာပါ။

သတင်းကတော့ ကင်မ်နဲ့ ဝက်စ်တို့ မိသားစုထဲ စတုတ္ထမြောက် ရင်သွေးလေးအဖြစ် သားလေးတစ်ယောက် ရောက်လာတော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကလေးကိုတော့ အငှားကိုယ်ဝန်ဆောင်နဲ့ မွေးမှာဖြစ်ပြီး လာမယ့်မေလမှာ မွေးရက် သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လက်ရှိမှာ ကင်မ်က ၃၈နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ဝက်စ်ကတော့ ၄၁နှစ် ရှိနေပါပြီ။ စိန့်ဝက်စ်၊ နော့သ်ဝက်စ်နဲ့ ရှီကာဂိုဝက်စ် ဆိုတဲ့ သားသမီး သုံးဦးရှိနေပြီး ဖြစ်ပါတယ်။ ကင်မ်ရဲ့ မီးဖွားအတွေ့အကြုံအရ သွေးပြဿနာ၊ ကလေးအချင်းတိုင် ပြဿနာအပြင် ပြင်းထန်တဲ့ မီးတွင်းဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ဆုံး မွေးခဲ့တဲ့ ဆယ့်တစ်လသားအရွယ် သမီးလေး ရှီကာဂို ဆိုရင်လည်း အငှားကိုယ်ဝန်ဆောင်နဲ့ မွေးခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ အကြံပြုချက်အရ ကင်မ် အနေနဲ့ ကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖို့ မသင့်တော်ကြောင်း အရမ်းကို အန္တရာယ်များပြီး မွေးလာမယ့် ကလေးလည်း ထိခိုက်နိုင်တယ်လို့ ပြောထားပြီးပါပြီ။

ကင်မ်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တုန်းက သူဟာကလေးတွေကို ချစ်တတ်ကြောင်း အခုလက်ရှိ သားသမီးသုံးယောက်အပြင် ထပ်လိုချင်သေးတဲ့အကြောင်း ပြောပါတယ်။ ဖြစ်နိုင်ရင်တော့ သားသမီး ခုနှစ်ယောက်အထိ လိုချင်တယ်လို့ ပြောဆိုခဲ့ကြောင်းပါ။

Ref : Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here