ပလေးဘွိုင်းသန်းနိုင် သီဆိုထားတဲ့ သီချင်းတွေကိုပြန်လည်သီဆိုရတာ တအားတာဝန်ကြီးပါတယ် စည်သူလွင်

0
644

စည်သူလွင်က လတ်တလောမှာတော့ လေးစားရတဲ့ ကိုလေးလွင်လို့ နာမည်ပေးထားတဲ့တစ်ကိုယ်တော် စီးရီး ခွေကိုထွက်ရှိထားပါတယ်။ ဒီစီးရီးခွေကတော့ ကိုလေးလွင် ရေးသားထားတဲ့ တေးသီချင်းတွေကိုပဲ ပြန်လည်သီဆိုထား တာပဲဖြစ်ပါတယ်။ သီချင်းအားလုံး ၁၃ ပုဒ်ပါဝင်ပြီးအများ ဆုံးကတော့ အဆိုတော်ကြီးပလေးဘွိုင်းသန်းနိုင်သီဆိုထား တဲ့ သီချင်းတွေများပါတယ်။

”ဒီအခွေကို စီစဉ်တာကတော့ချိုကြည်သာတေးသံသွင်းက အန်တီနီလာစီစဉ်တာပါ။ သူက ကျွန်တော့်ကို ဒီသီချင်းလေးတွေ ပြန်ဆိုစေချင်တယ်။ သူအကြိုက်ဆုံးဖြစ် တဲ့သီချင်းလေးတွေပေါ့။ ပြန်ဆိုကြရအောင်ဆိုပြီး ကျွန် တော်နဲ့တိုင်ပင်ပါတယ်။ ကျွန်တော်ကလည်း ကိုယ်အရမ်း ကြိုက်ခဲ့ရတဲ့သီချင်းတွေဖြစ်တော့ ပြန်ဆိုမယ်ဆိုပြီးတော့ အမှတ်တရ အနေနဲ့လုပ်ဖြစ်သွားတာပါ”လို့ စီးရီးခွေနဲ့ ပတ်သက်လို့ စည်သူလွင်ကပြောပါတယ်။ သူ့အနေနဲ့လည်း ဒီသီချင်းတွေကိုပြန်ဆိုတဲ့အခါမှာ သူ့ရဲ့ Taste ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သီဆိုထားပြီး သီချင်းရဲ့မူရင်း အရသာကိုလည်း မပျက်အောင်ဂရုစိုက်ပြီး တော်တော် လေးကြိုးစားထားကြောင်း သူကပြောပါတယ်။

”တော်တော်လည်းတာဝန်ကြီးတယ်။ ဦးသန်းနိုင်က တော့ သူကတကယ့်က တအားတော်တဲ့ အဆိုရှင်တစ် ယောက်ပါ။ ကျွန်တော်တို့ လည်း တကယ်လေးစားရတယ်၊ တကယ်အားကျရတယ်။ သူကိုယ်တိုင်လည်းဆိုလည်းဆို တယ်၊ သူကိုယ်တိုင်လည်း player လေ။ ပြီးတော့သူက တအားကို အောင်မြင်ခဲ့တဲ့လူလေ။ သူသီချင်းဆိုတဲ့အချိန်မှာ Mood တအားကောင်းတယ်။ Mood တအား ကောင်းပြီး တော့ အဲဒီ Mood ကိုမှီအောင် ကျွန်တော်တို့ဘယ်လိုမှမ လိုက်နိုင်ဘူး။ အဲဒီတော့ သူ့သီချင်းတွေ ပြန်ဆိုတဲ့အခါမှာ လည်း ကိုယ့်အရသာလေးနဲ့ ကိုယ်ဖြစ်အောင်တတ်နိုင်သ လောက် မူရင်းအရသာလေးလည်း မပျက်အောင် တော် တော်ကြိုးစားပြီးတော့ ဆိုရပါတယ်။ ဒါကြောင့် နားထောင် ပြီးတော့ အဆင်မပြေလို့ရှိရင်လည်း ကြိုပြီးတော့ တောင်း ပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်အရသာလေး ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ ကျွန် တော့်အနေနဲ့ ဒီသီချင်းလေးတွေကို ဆိုတယ်ဆိုတာက လည်း ရှေ့ကစီနီယာ အနုပညာရှင်တွေကို ကျွန်တော် တကယ်ကြိုက်ခဲ့လို့ပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားပါတယ်”လို့ သီချင်းတွေနဲ့ပတ်သက်လို့ သူ့ရဲ့ ကြိုးစားထားမှုတွေကို စည်သူလွင်ကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here