ရှေးရိုးစဉ်လာရခိုင်အကများ . . .

0
376

ရှေးရခိုင်ပြည်မှာ ”ဓညဝတီ- ဝေသာလီလေးမြို့နဲ့ မြောက်ဦး”အစ ရှိတဲ့ ခေတ်တွေ ထွန်းကားခဲ့တုန်းက ရခိုင်ယဉ်ကျေးမှုများလည်း ထွန်း ကားခဲ့ကြပါတယ်။ အဲဒီလိုထွန်းကား ခဲ့တဲ့ ယဉ်ကျေးမှုများထဲမှာ ”သဘင်၊ ဂီတ၊ အက”တို့တွေလည်း ပါဝင်ခဲ့ကြ ပါတယ်။
ရခိုင်အမျိုးသားတွေမှာ မြန်မာ အမျိုးသားများနည်းတူ ရှေးဘုရင် များလက်ထက်ကစပြီး၊ ၁၂ ရာသီပွဲ သဘင်တွေ ခင်းကျင်းလေ့ရှိခဲ့ကြပါ တယ် ။ ရာသီအလိုက်ခင်းကျင်းတဲ့ ပွဲသဘင်တွေကို အကြောင်းပြုလို့ တေး-ဂီတနဲ့အက-အခုန်အမျိုးမျိုးတို့ ပေါက်ဖွားလာခဲ့ပါတယ်။ ခေတ်အ မျိုးမျိုး၊ ပွဲသဘင်အမျိုးမျိုး၊ အက အခုန်အမျိုးမျိုးတွေထဲက ရှေးမြောက် ဦးခေတ်က စတင်ထွန်းကားလာတဲ့ ”တုံးအက”က တစ်နည်းတဖုံစိတ်ဝင် စားဖွယ်ရာကောင်းပါပေတယ် ..။ ”တုံးကြမ်းအက”နဲ့ ”တုံးအက”ရယ် လို့ ၂ မျိုးရှိပါတယ် ။

x x x x x x

”တုံးကြမ်းအက”

ဒီအကမျိုးက သက္ကရာဇ် ၈၉ဝ ကျော်မှာ ဆရာတော် အဂ္ဂသိဉ္စေယျ ဈာပနပွဲတော်က အစပြုလို့ ကပြလာ ကြတာ ဖြစ်တယ်ဆိုတာ ရှေးစာပေ ကျမ်းဂန်များအရ သိရှိပါတယ် ။ အဲ ဒီအခါက ရှေးရာဇဝင်အရ မာရယု မင်းရဲ့ ဝတ္တုကို ”တုံးချင်း” စပ်ဆိုလို့ ရှေးရခိုင်လူငယ်များ သီဆို ကခုန်ခဲ့ ကြပါတယ် ။
”တုံးကြမ်းအက”မှာ အမျိုးသား တွေချည်းဘဲ ကပြလေ့ရှိတဲ့ အကဖြစ် ပါတယ်။ ကပြရာမှာ လူရွယ် လူလတ် တွေ ၂၅ ယောက်ကနေ အယောက် ၅ဝ အထိ ပါဝင်လေ့ရှိပါတယ် ။ ၄ ယောက်တစ်တွဲ တန်းစီလို့ တူရိယာ စုံတို့နဲ့ ကွက်စုံနင်းပြီး ကလေ့ရှိကြ တယ် ။ သီဆိုရာမှာ ”တုံးချင်း”ကိုပဲ သီဆိုကြတာကို ငယ်စဉ်ကလေး အရွယ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ ဖြေဖျော်တင်ဆက်ပြသ တဲ့ ”ဗဟိုသတင်းစဉ်ရုပ်ရှင်မှတ်တမ်း”မှာ ကြည့်ရှုခဲ့ကြရတာကြောင့် ”တုံး ကြမ်းအက” ကို ကိုယ်တိုင်မြင်တွေ့ဖူး ပါတယ် ။

အဲဒီ ”တုံးချင်း”မှာ ဇာတ်နိပါတ် တော်လာ အဖြစ်အပျက်များ၊ ရာဇ ဝင်ရေးရာအဖြစ်အပျက်များနဲ့ ဒဏ္ဍာ ရီပုံပြင်တွေထဲက ရွေးချယ်ထုတ်နှုတ် လို့ သီကုံးစပ်ဆိုထားတဲ့ ”တုံးချင်း” များဖြစ်ပါတယ်။ ”တုံးကြမ်းအက” မှာ အရေးကြီးတဲ့အပိုင်းက ”အတက် အဆင်း”အကပဲ ဖြစ်တယ်။ ”အတက် အဆင်း”ကကြိုးကကွက်ဆိုတာက မိမိတို့ ကပြရမဲ့ဇာတ်အကြောင်းကို အကျဉ်းအားဖြင့် ဖွဲ့နွဲ့ဖော်ပြလိုက် တာပဲ ဖြစ်ပါတယ် ။

”တုံးကြမ်းအက”ကပြရာမှာ က ပြတဲ့ ဝတ္တုဇာတ်လမ်းထဲပါတဲ့အတိုင်း ထီးပုံ၊ နန်းပုံ၊ သစ်ပင်၊ တော၊ တောင် စတဲ့ပုံတွေကို ပေါ်လွင်အောင် ရုပ် လုံးဖော်လို့ ကပြရတဲ့အပြင်၊ တီးကွက် နဲ့ ကကွက်တို့မှာလည်း သီဆိုတဲ့ အသံနဲ့ ကိုက်ညီအောင် အထူးသတိ ပြုလို့ ကပြကြရပါတယ် ။

”တုံးကြမ်းအက”က ခြေနင်း တစ်ကွက် လက်ခုပ်တစ်ချက်စီမြှောက် ပြီး ကနေရာက ကုန်းပြီး တီးရတော့၊ ကပြရတဲ့သူတွေအဖို့ အတော်ပင်ပန်း ခက်ခဲပါတယ်။ ညောင်းညာတယ် ပေါ့။ ပြသတဲ့ သင်ဆရာတွေလည်း နည်းပါးလာတော့၊ ကပြမဲ့သူတွေ လည်း ရှားပါးသွားပါပြီ။ အဲဒါကြောင့် ”တုံးကြမ်းအက”မျိုးကို ရှေးအခါက ဘုန်းကြီးပျံပွဲများမှ တစ်ပါး၊ တခြား ပွဲသဘင်တွေမှာ မကကြတော့ဘူးလို့ ရခိုင်အမျိုးသားကြီး ဦးထွန်းလှဖြူက ပြောပြပါတယ်။ ထိုထိုသော အခက် အခဲများကို အကြောင်းပြုလို့ ယနေ့ ခေတ် ရခိုင်လူငယ်များက ”တုံးယိမ်း အက”တစ်မျိုးကို တီထွင်ကပြလာကြ တာကို တွေ့ရပါတယ်။

x x x x x x

”တုံးယိမ်းအက”

”တုံးယိမ်းအက”ဆိုတာ ”တုံး ကြမ်းအက”ကနေ ပေါက်ဖွားလာခဲ့ တာဖြစ်ပါတယ် ။ အဲဒီ ”တုံးကြမ်း အက”နဲ့မတူ တမူထူးခြားတာက ”တုံးယိမ်းအက”ကကွက်တို့ကို ”ကွက် နင်းအက၊ အတက်အဆင်းအက၊ အနွဲ့အက”ရယ်ဆိုပြီး အကသုံးမျိုး ပြောင်းလဲလို့ ကပြနိုင်ခဲ့တယ်လို့ ဦး ထွန်းလှဖြူရဲ့ ပြောစကားအရ သိခဲ့ရ ပါတယ် ။

သီဆိုရာမှာ ဇာတ်နိပါတ်၊ ရာဇ ဝင်၊ နိုင်ငံရေးရာ အဖြစ်အပျက်တွေ များထဲက ကောင်းနိုးရာရာကို ရွေး ချယ်ထုတ်နှုတ်လို့တစ်မျိုး၊ ပုဂ္ဂိုလ် ကျော်တစ်ဦးတစ်ယောက်အကြောင်း ကို ရွေးချယ်လို့ တဖုံ၊ သီကုံးဖွဲ့ဆိုလေ့ ရှိကြပါတယ်။ ဥပမာ ရခိုင်အာဇာ နည်ပုဂ္ဂိုလ် ဦးမြဝါအကြောင်း ဖွဲ့ဆို ရာမှာ
”ရက္ခာအောင်ချာ x x မဏ္ဍလ မှာ x x x မြို့ရာချမှတ် x x ထီးနန်း တည် x x x မြောက်ဦး x x ရွှီပြည် x x ဌာနီမြတ်က x x x မော်ကွန်းတင် မှတ် x x x ဦးမြဝါ x x များလူတကာ x x x နိရာနှံ့အောင် x x နိညမပြတ် x x နာမည်ပြောင် x x x ရက္ခိုင် ပြည်ဘောင် x x x လွန်ထင်ရှားရေ x x (ဦးမြဝါ-ဇာနည်စစ်စစ် x x ဇာ နည်စစ်စစ် ဦးမြဝါx x) x x x x ” အစရှိတဲ့ ဇာတိမာန် တက်ကြွဖွယ် ရာ ဖွဲ့ဆိုထားပါတယ်။ ကြားရသူ ပရိ သတ်အပေါင်း နှစ်သက်စွဲလန်းသွား စေပါတယ်။ အဆိုမှာလည်း အကနဲ့ လိုက်လျောညီထွေရှိစေဖို့ ခွဲခြားလို့ ဆိုတတ်ရပါတယ်။ အကတစ်ခုနဲ့ တစ်ခုအကူးအပြောင်းမှာဖြစ်စေ၊ သီ ချင်းတစ်ပုဒ်ဆုံးလို့ နောက်တစ်ပုဒ် အကူးမှာ ဖြစ်စေ …
”ယိမ်းလိုက်လေ ယိမ်းလိုက် မောင်ရို့၊ ဘယ်ခွင် ညာချိန် ယိမ်း လိုက်ကြစမ်း”လို့ သံတိုင် သံချပ်မျိုး ကို သီဆိုလေ့ရှိပါတယ်။ ဒီလိုအကမျိုး ကို ရခိုင်တိုင်းရှိ မြို့၊ ရွာအသီးသီးတို့ မှာ ကပြလာခဲ့ကြတာ နှစ်ပေါင်း ၄ဝ မျှ ကြာရှိခဲ့ပါပြီ။ ရခိုင်လူငယ် လူ လတ်တို့ အနှစ်ခြိုက်ဆုံးနဲ့ ကျေးလက် တို့မှာ ခေတ်အစားဆုံး အကတစ်မျိုး ဖြစ်ခဲ့ပါတယ်။ ”တုံးယိမ်းအက”တွေ ကို ဘုန်းကြီးပျံပွဲနဲ့ ကျေးလက်ပွဲသဘင် တွေမှာ အများဆုံးတွေ့နိုင်ပါတယ်။

”တုံးယိမ်းအက”ကပြတဲ့အခါ လူငယ်အယောက် ‘၆ဝ’ကနေ ‘၁ဝဝ’ အထိ ပါဝင်ရပြီး၊ ၂ တန်း၊ ၄ တန်း စသဖြင့် အတန်းခွဲကာ ကကြရပါ တယ်။ မြန်မာယိမ်းတွေလို အမြိုင်တီး ကွက်ကို အခြေခံလို့ ယိမ်းတီးလုံးနဲ့ တေးသွားအလိုက် စီစဉ်ကပြသွားကြ ပါတယ်။ လက် – ခြေ၊ ခေါင်း – ခါး တို့ အယိုင်အစောင်းညီညီ၊ တေးသံ မြိုင်မြိုင်နဲ့ ဇာတိမာန်တက်ကြွဖွယ် ရာ တေးသီချင်းတွေ သီဆိုကပြကြ တဲ့အခါမျိုးမှာ ပွဲကြည့်သူပရိသတ် တွေ စိတ်ထဲအားရ ရွှင်မြူးဖွယ်ရာ ဖြစ်ပေါ်လာပါတယ်။
ရှေးအခါက ”တုံးကြမ်းအက” ကို အစဉ်အဆက် ကပြလာခဲ့ကြပေ မယ့်လည်း ယခုအခါ ”တုံးကြမ်းအက” ပျောက်ကွယ်လာခဲ့တာ နှစ်ပေါင်း ၅ဝ နီးပါးကြာရှိခဲ့ပါပြီ။
”အသက် ၇ဝ ကျော်အရွယ်ရှိ တဲ့ ကျွန်တော့်မိတ်ဆွေကြီး ဘကြီးဖြူ လို့ခေါ်တဲ့ ရခိုင်အမျိုးသားကြီး ဦး ထွန်းလှဖြူက ”တုံးကြမ်းအကနဲ့ တုံး ယိမ်းအက” ၂ မျိုးစလုံးကို ”တုံးအ က”ရယ်လို့ ရခိုင်အမျိုးသားကြီး၊ အမျိုးသမီးကြီးများက ယနေ့ထိခေါ် ဆိုနေကြတယ်”လို့ ပြောပြပါကြောင်း ကျွန်တော့်မိတ်ဆွေများကို ထပ်ဆင့် ပြောကြားရင်း …အားလုံးကို ကျေးဇူးတင်ပါ တယ်။

သော်တာအောင် (ကျောက်တောင်)


LEAVE A REPLY

Please enter your comment!
Please enter your name here