ကွယ်လွန်သူ ဒီဂျေအဗီချီ ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်းကို မိဘများက ဆက်ခံပိုင်ဆိုင်ခွင့်ရ

0
211

ကမ္ဘာကျော် ဆွီဒင် ဒီဂျေသမား အဗီချီတစ်ယောက် ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အိုမန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက်၂၈ နှစ်အရွယ်သာ ရှိသေးလို့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေက သူ့အတွက် ယူကြုံးမရ ဖြစ်ခဲ့ရတာ ဒီနေ့ထိတိုင် အိပ်မက်လို ဖြစ်နေဆဲပါ။

အခု ထွက်ပေါ်လာတဲ့ သတင်းကို ထုတ်ပြန်လိုက်တာက ဆွီဒင်နိုင်ငံ အခွန်အေဂျင်စီက ဖြစ်ပါတယ်။ အခွန်ဌာနရဲ့ ပြောဆိုချက်အရ အဗီချီဟာ သေဆုံးချိန်အထိ လက်ထပ်ထိမ်းမြားထားသူမရှိသလို သားသမီးလည်း မရှိပါဘူး။ ဒီအတွက် ဆွီဒင်နိုင်ငံရဲ့ တည်ဆဲဥပဒေအရ အဗီချီရဲ့ ပိုင်ဆိုင်မှုတွေကို မိဘနှစ်ပါးက ဆက်ခံကြရမှာ ဖြစ်ပါတယ်။

အဗီချီဟာ ဂရမ်မီဆု ဆန်ကာတင်စာရင်းဝင် ဂီတသမားတစ်ဦး ဖြစ်သလို Wake me up နဲ့ ကမ္ဘာကျော်ခဲ့ပြီးနောက် ထိပ်တန်း ဂီတပညရှင်တွေဖြစ်တဲ့ မက်ဒေါနားတို့၊ ခရစ်မာတင်တို့နဲ့လည်း တွဲဖက်ဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဂီတဘဝ အစကနေပြီး မကွယ်လွန်မီ အချိန်ထိ ကမ္ဘာလှည့်ပြီး ဒီဂျေပွဲပေါင်း ၈၀၀ ကျော်အထိ စံချိန်တင် ဖျော်ဖြေခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref : CNN


LEAVE A REPLY

Please enter your comment!
Please enter your name here