ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁၆)

0
172

စာအရေးအသား လမ်းညွှန် သင် တန်းများတွင် ကျွန်တော်မကြာ ခဏ ဆွေးနွေးပို့ချဖြစ်ပါသည်။ ဝတ္တု၊ ဆောင်းပါး၊ ရသစာတမ်းစသည့် မည့်သည့်စာပေမျိုးကို ရေးသည်ဖြစ် စေ အခြေခံအားဖြင့် ‘စာရေးတတ်ရန် မှာ’ ပဓာနလိုအပ်ချက်ဖြစ်ကြောင်း ဆွေးနွေးပြီး စာရေးရာတွင် သတိပြု သင့်သည့် ဆောင်စရာရှောင်စရာများ ကို ဆွေးနွေးပါသည်။ သင်တန်းသား များ က စာအရေးအသားနှင့်ပတ်သက် ၍ ကျွန်တော်ရေးခဲ့သည့်စာအုပ်များ ကို ရှာဖွေလေ့လာလိုသည့်အတွက် စာအုပ်နာမည်များ သိလိုကြောင်း ပြောကြပါသည်။ ‘ကျွန်တော်ရေးခဲ့ သောစာအုပ်များ’ ခေါင်းစဉ်ဖြင့် ရေး ရင်း ထိုအကြောင်းကို သတိရမိခြင်း ဖြစ်ပါသည်။

‘စကားပြေသဘောတရား စကားပြောအတတ်ပညာ’စာအုပ် ထွက်ပြီးနောက် ကျွန်တော်ရေးခဲ့ သော ‘စကားပြေအဖွဲ့ပုံစံများ’ ‘ရုံး သုံး မြန်မာစာ’ ‘ပြည်သူ့အတွက် မြန် မာစကားပြေ’ ‘ငယ်ပေါင်းကြီးဖော် မြန်မာစာ’ စသည်ဖြင့် စာအရေးအ သားဆိုင်ရာ စာအုပ်အချို့အကြောင်း ကျွန်တော် ရေးခဲ့ပြီးပါပြီ။

‘ပြညောမေံနမငအေါန’ စာ အုပ်တိုက်မှ မိတ်ဆွေကြီးများဖြစ် သော ဦးမြင့်သူနှင့် ဦးဌေးကြည်တို့ က စာအရေးအသားနှင့်ပတ်သက်၍ ခြုံလည်း ခြုံမိအောင်၊ ပေါ့ပေါ့ပါးပါး လည်း ဖတ်နိုင်အောင် စာအုပ်တစ် အုပ်ထပ်ရေးရန် အကြံပေးသည့် အတွက် ရေးဖြစ်သည့် စာအုပ်က တော့ လူတိုင်းအတွက် အသုံးချမြန် မာစာဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဦးမြင့်သူ၏စာအုပ်တိုက်ကပင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ မြန်မာစာကို ဆက်သွယ်ရေးပစ္စည်းအဖြစ် အသုံး ချရာတွင် အရေးအသား မှန်ကန်မှု၊ ရှင်းလင်းမှု၊ ကျစ်လျစ်မှု၊ တိကျမှု၊ ပြေ ပြစ်မှု၊ လိုက်ဖက်မှုတို့အတွက် သတိ ပြုစရာ ဆောင်စရာ ရှောင်စရာများ ကို အသုံးအနှုန်းပိုင်း၊ ဝါကျပိုင်းဟု ခွဲ ခြားပြီး သာဓကများဖြင့် ရေးသားခဲ့ ပါသည်။ ထိုမှတစ်ဆင့် ဝါကျမှ စာ ပိုဒ်နဲ့ စာပိုဒ်မှ စာတစ်ပုဒ်လုံးသို့ အဆင့်ဆင့် ဖွဲ့ပုံကိုလည်း သာဓက များဖြင့် ဖော်ပြထားပါသည်။ စာရေး ရာတွင် အသုံးပြုနေသော ပုဒ်ဖြတ် ပုဒ်ရပ်အသုံးများကိုလည်း ဖော်ပြ ထားသည့်အပြင် နောက်ဆက်တွဲ အဖြစ် စာပုံစံ ၉ မျိုးကို ပြထားပါ သည်။ ဤစာအုပ်ကလေးကို လေ့လာ ရုံနှင့် စာအရေးအသားဆိုင်ရာ လို အပ်ချက်များကို အချိန်တိုအတွင်း သိသွားရန် ရည်ရွယ်ပါသည်။ စာရေး သူများ လက်တွေ့အသုံးချနိုင်သည့် စာအုပ်ကလေးဖြစ်ပါသည်။

နောက်ထပ်ပေါ်ထွက်သောစာ အုပ်မှာ ရုံးသုံးမြန်မာစာရေးသားနည်း ဖြစ်သည်။ ဤစာအုပ်ထွက်ပေါ်လာ ရသည့်အကြောင်းမှာ တူဒေးစာအုပ် တိုက်မှ ဒေါက်တာသာထွန်းဦး၏ ဖိတ်ခေါ်ချက်အရ စာအုပ်တိုက်ဝန် ထမ်းများကို ရုံးသုံးမြန်မာစာရေးသား နည်းနှင့်ပတ်သက်၍ ပို့ချဆွေးနွေးခဲ့ ရာမှ စတင်ပါသည်။ ရုံးစာအမျိုးမျိုး ရေးသားနိုင်ရန်အတွက် အခြေခံလို အပ်ချက်မှာ မြန်မာစာကို မှန်မှန်ကန် ကန်၊ ရှင်းရှင်းလင်းလင်း၊ ကျစ်ကျစ် လျစ်လျစ်၊ ပြေပြေပြစ်ပြစ်၊ လိုက်ဖက် ညီညီ အစရှိတဲ့အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်များ နှင့်အညီ မြန်မာစာရေးတတ်ပြီ ဆို လျှင် သတ်မှတ်ထားသော ရုံးစာပုံစံ များကို လေ့လာ၍ သတ်မှတ်သည့် ပုံစံစနစ်အတိုင်း ရေးနိုင်မည်ဖြစ်ပါ သည်။ ရုံးစာပုံစံထက် မြန်မာစာ အ ခြေခံက ပို၍ပဓာနကျသည့်အတွက် မြန်မာစာ အရေးအသားအကြောင်း အချိန်ယူ ပို့ချပြီး သတ်မှတ်ထားသော ရုံးစာပုံ စံများကို နမူနာပြုကာ ဆွေး နွေးခဲ့ပါသည်။ ကျွန်တော့်ဆွေးနွေး ချက်များကို တူဒေးစာအုပ်တိုက်က အသံသွင်းထားပြီး ပြန်ကူးကာ ရုံးသုံး မြန်မာစာ စာအုပ်ကလေးကို ၂ဝ၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ ရုံးစာ နှင့် ပတ်သက်သူများ တွင်တွင်ကျယ် ကျယ် အသုံးပြုသည့် စာအုပ်ကလေး ဖြစ်ပါသည်။ ထိုစာအုပ်ထုတ်စဉ်က အစိုးရထုတ်သော ရုံးလုပ်ထုံးလုပ် နည်းလမ်းညွှန် မထွက်သေးပါ။ ရုံး လုပ်ထုံးလုပ်နည်း လမ်းညွှန်မှာပါ သော ရုံးစာအမျိုးမျိုးကိုလေ့လာခြင်း ဖြင့် ရုံးစာရေးရာတွင် စနစ်တကျ မှန် မှန်ကန်ကန်ရေးတတ်ရန် အထောက် အကူပြုမည်ဖြစ်ပါသည်။ အခြေခံ မြန်မာစာအရေးအသားနှင့်ပတ် သက်၍ ‘ရုံးသုံးမြန်မာစာရေးနည်း’မှ အကြံပေးချက်များကို လေ့လာပြီး ရုံးလုပ်ထုံးလုပ်နည်း လမ်းညွှန်မှ ရုံး စာနမူနာများကို ဆက်စပ်လေ့လာ ရန်ဖြစ်ပါသည်။

နောက်တစ်အုပ်ကတော့ မြန် မာစာလေ့လာနေသူများ၊ မြန်မာစာ ဆရာဆရာမများအတွက် ရည်ရွယ် သော စာအုပ်ဖြစ်ပါသည်။ မဂ္ဂဇင်း ဂျာနယ်များတွင် ရေးသော မြန်မာစာ ဆိုင်ရာ ဆောင်းပါးများကို စုစည်းပြီး မြန်မာစာကိုယ်ခံတည်ဆောက်ရေး ခေါင်းစဉ်ဖြင့် ၂ဝ၁၃ ခုနှစ်တွင်ွှ့နုနပ ဃသူနခအငသည က ထုတ်ဝေခဲ့ပါ သည်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မြန်မာ စာဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ အခါအားလျော်စွာ မေးမြန်းဆွေးနွေးကြသော အ ကြောင်းအရာများကို အခြေခံ၍ ထို စာအုပ်ပါ ဆောင်းပါးများကို ရေးခဲ့ ခြင်းဖြစ်ပါသည်။ ‘ကကြီး ခခွေး ကစ ပါမည်’ နှင့် ‘မြန်မာသရများ အ ကြောင်း’ ဆောင်းပါးများတွင် မြန်မာ ဗျည်းသရဆိုင်ရာ အခြေခံများကို ဆွေးနွေးသည်။ ထို့နောက် မြန်မာ စကားနှင့် မြန်မာစာကွဲပြားပုံ၊ မြန်မာ တက်ကျသံများအကြောင်း မြန်မာ ဘာသာစကား၏ သွင်ပြင်လက္ခဏာ များအကြောင်း စသည်တို့ကို ဆွေး နွေးပါသည်။

ပတ်ဝန်းကျင်ရှိ လူငယ်များ၏ နှုတ်ဖျားမှာ ကြားနေရသော အသံ ထွက်အတိမ်းအချော်များ၊ ဂျာနယ် များအပါအဝင် နေရာတော်တော် များများတွင် တွေ့မြင်နေရသော အရေးအသားအတိမ်းအချော်များကို ထောက်ပြဆွေးနွေးခြင်းဖြင့် အတိမ်း အချော်များ လျော့ပါးလာလိမ့်မည်ဟူ သော မျှော်လင့်ချက်ဖြင့် ထိုအ ကြောင်းများကိုလည်း ရေးခဲ့ပါသည်။

ကလေးများကို မြန်မာစာသင် ကြားရာတွင် သတိပြုစရာအကြောင်း တစ်ခုကို ‘အနက်ရောင်လိမ္မော်သီး’ ခေါင်းစဉ်ဖြင့် ရေးခဲ့ပါသည်။ အမှန် တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုပါ။ တစ်ချိန်က ဒုတိယတန်းစာမေးပွဲတွင် သင်္ချာဘာသာဖြေပြီး ပြန်လာသော သားက အမေကို ‘သည်တစ်ပုဒ်မဖြေ ခဲ့ဘူး အမေ’ဟု ပြောသည် …တဲ့။ အမေက ဘယ်အပုဒ်လဲဟု မေးတော့ သားက မေးခွန်းကို လက်နှင့်ထောက် ပြသည်တဲ့။ မေးခွန်းမှာ ‘လိမ္မော်သီး ၁၂ လုံးအနက် ၅ လုံးကို ပေးလိုက် လျှင် ဘယ်နှလုံးကျန်မည်နည်း’ ဟူ သော မေးခွန်းဖြစ်သည်။ အမေက ‘ဒီမေးခွန်းကို သားတွက်တတ်ရက် သားနဲ့ ဘာဖြစ်လို့ မဖြေခဲ့တာလဲ’ဟု မေးသောအခါ သားက ‘မေးခွန်းက မှားနေလို့ မဖြေတာပါ’ဟု ဖြေသည် တဲ့။ ပြီးတော့ ဆက်ရှင်းပြသည်မှာ ”မေးခွန်းမှာ လိမ္မော်သီး ၁၂ လုံး အနက်ဆိုတာ မှားတာပေါ့ အမေရဲ့ လိမ္မော်သီးက အနက်မှမဟုတ်ဘဲ အဝါပဲဟာ ဒါကြောင့် မေးခွန်းမှား နေတာပေါ့”ဟု ရှင်းလင်းချက်ထုတ် သေးသည်တဲ့။

ပြဿနာမှာ ဒုတိယတန်းအရွယ် ကလေးငယ်အလွယ်တကူနားမလည် သော ‘အနက်’ဆိုသော အသုံးစကား ပါနေသည့် ပြဿနာဖြစ်သည်။ အ ကယ်၍ မေးခွန်းက…

”လိမ္မော်သီး ၁၂ လုံးမှာ ၅ လုံးပေးလိုက်ရင် ဘယ်နှလုံး ကျန်မလဲ’ဟုမေးလျှင် ထိုမေးခွန်းကို ကလေးမဖြေစရာမရှိပါ။ ‘အနက်’ ဆို သော စကားကို သူက အနက်ရောင် ဟု နားလည်သွားသည့်အတွက် မေး ခွန်းမှားသည်ဟု ယူဆခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကို သင်ခန်းစာယူပြီး မူလ တန်းမြန်မာစာတွင် အပြောစကား များကိုသုံးလျှင် ကျောင်းသား ပိုနား လည်မည်ဖြစ်ရာ စာစသင်သည့် အတန်းငယ်များတွင် အိမ်မှာကလေး များပြောဆိုနားလည်နေသော အ ပြောစကားဟန်ဖြင့် မြန်မာစာဖတ် စာများသာမက အခြားဘာသာများ ကိုပါ ရေးသားသင့်ကြောင်း ထိုစဉ်က ပင် သတိပြုမိခဲ့ကြပါသည်။ (ယခု ထိုအချက်ကို အကောင်အထည်ဖော် ပြီး မူလတန်းအောက်ဆင့်စာအုပ်များ ကို အပြောစကားဟန်ဖြင့် ရေးသား သည့် စနစ်များကို အသုံးပြုနေကြပါ ပြီ။)

စာအရေးအသားနှင့်ပတ်သက် သည့် စာအုပ်များနှင့်ဆက်စပ်၍ သတိရမိသည့်အကြောင်းများဖြစ်ပါ သည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here