သရုပ်ဆောင်မင်းစိန်ရဲ့ ကျန်ရစ်သူမိသားစု ဘဝရပ်တည်ရေးအတွက် ကူညီထောက်ပံ့ပေးစေချင်တဲ့ နိုင်လူ

0
867

သရုပ်ဆောင် မင်းစိန် ကွယ်လွန်ခဲ့ခြင်း အတွက် အနုပညာလုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်နိုင်လူကလည်း နှမြော တသ ဖြစ်ခဲ့ရပါတယ်။ သူ့အနေနဲ့လည်း ကိုမင်းစိန်ရဲ့ ကျန်ရစ်သူမိသားစုဘဝ ရပ် တည်ရေးအတွက် စိုးရိမ်လို့နေပါတယ်။ ဒါ ကြောင့်လည်း မပြည့်စုံတဲ့ မိသားစုကို တတ် အားသရွေ့ ကူညီထောက်ပံ့နိုင်ဖို့အတွက် အားလုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။

”သေတဲ့သူကတော့ သေသွားပြီပေါ့ လေ။ ဒါပေမဲ့လည်း သူ့ရဲ့ကျန်ရစ်တဲ့မိသားစု ရှိသေးတယ်လေ။ သူတို့တွေရဲ့ ဘဝရပ်တည် ရေးအတွက် ဝိုင်းဝန်းကူညီပေးစေချင်မိ တယ်။ ဘယ်ရွေ့ဘယ်မျှရယ်လို့ မဟုတ်ပါ ဘူး။ တတ်အားသရွေ့ပေါ့လေ။ ကလေးတွေ ကျန်ခဲ့တယ်လေ။ မပြည့်စုံတဲ့ မိသားစုဖြစ် နေတော့ အဆင်ပြေအောင်ပေါ့။ သူတို့ အတွက် ပုံမှန်ဝင်ငွေလေးရမှသာ သူတို့ဘဝ ရပ်တည်ရေးအတွက် အဆင်ပြေမှာလေ။ ကျွန်တော်တို့အားလုံး ကူညီကြရအောင်ပါ” လို့ ကွယ်လွန်သူ သရုပ်ဆောင်မင်းစိန်ရဲ့ ကျန်ရစ်သူမိသားစုရဲ့ ဘဝရပ်တည်ရေးအတွက် ကူညီပေးကြဖို့ သရုပ်ဆောင်နိုင်လူက နှိုး ဆော်ခဲ့ပါတယ်။

နိုင်လူက လက်ရှိမှာတော့ သက်သက်လွတ် ၉ လ စားနေပြီး အဓိဋ္ဌာန် လည်းဝင်နေပါတယ်။ ဒါ့အပြင် သူက ပြင်ဦး လွင်မြို့၊ သုံးတောင်ကျေးရွာရှိ မဟာဇနသုခ မြွေဘုရားဌာပနာအတွက်လည်း ရတနာ ကျောက်စိမ်းတုံး ၃ တုံး လှူဒါန်းခဲ့ပါသေး တယ်။ ”ဘုရားက ထူးခြားတယ်။ အစ်ကို ဖားကန့်ဘက်ကိုသွားတုန်းက ရခဲ့တဲ့ ကျောက် စိမ်းကို လှူခဲ့တယ်။ အလှူအတွက် ပီတိဖြစ် ရပါတယ်”လို့ အလှူနဲ့ပတ်သက်လို့ သရုပ် ဆောင်နိုင်လူက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here