အသက်​၃ဝပြည့် သွားခဲ့ပြီ ဖြစ်တဲ့ ထွန်းကိုကို

0
249

ပရိသတ်တွေရဲ့ အချစ်တော်​မော်ဒယ်လ်​သရုပ်ဆောင်​ထွန်းကိုကိုကတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အသက်​၃ဝ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့အထိမ်းအမှတ်အဖြစ်​မနက်ပိုင်းမှာ မိသားစုတွေနဲ့ အတူတူ ဘုရားသွားဖြစ်တဲ့အကြောင်းကို ထွန်းကိုကိုက ” ဒီနှစ်​မွေးနေ့မှာတော့ အဖေ၊ အမေ မိသားစုလေး ဘုရားသွားဖူးတယ်။ လျှောက်လည်း​ဖြစ်တယ်။ မုန့်စားကြတယ်။ မိသားစုနဲ့ အတူတူဆုံပြီးတော့ သွားဖြစ်တဲ့အတွက်​ပျော်လည်းပျော်တယ်။ ပီတိလည်းဖြစ်တယ်။ မိဘကတော့ လူတိုင်းမှာ အစားထိုးလို့မရတဲ့ အရာပါ။ ကျွန်တော်လည်း ရှိတဲ့အချိန်လေးမှာ မိဘကိုများများ ပိုချစ်ပေးတယ်။ မရှိတော့မှ တမ်းတနေမယ်၊ ငိုကြွေးနေမယ်၊ ပူဆွေးနေမယ်ဆို အလကားပါ။ ရှိတဲ့အချိန်လေးမှာ ကိုယ်ကအကောင်းဆုံး လုပ်ပေးနိုင်သမျှ လုပ်ပေးရမယ်” လို့ ပြောပြခဲ့ပါတယ်။

မွေးနေ့နဲ့ ပတ်သက်ပြီး အလှူအတန်းတွေ လုပ်ဖြစ်တဲ့ အကြောင်းကိုလည်း ”မွေးနေ့အလှူ အနေနဲ့ ကျွန်တော်​ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက အရံစတီတော်ရဲ့စိန်ဖူးတော်​လှူဖြစ်တယ်။ ကျွန်တော်တို့ ထွန်းကိုကို ချစ်ကြသူများနဲ့အတူ မီးသင်္ဂြိုဟ်စက်လေး လှူဖြစ်တယ်။ အလှူအတန်းကတော့ အမြဲတမ်းလုပ်​ဖြစ်တယ်။ နောက်ထပ်လည်း ထွန်းကိုကို ချစ်ကြသူများနဲ့ အတူအလှူတွေလည်း ထပ်လုပ်ဖို့လည်း ရှိပါတယ်” လို့ ထွန်းကိုကိုက ပြောပြပါတယ်။ မွေးနေ့လက်ဆောင်​အနေနဲ့ သင်္ကန်းရရှိတာနဲ့ ပတ်​သက်​ပြီးတော့လည်း ထွန်းကိုကိုက မွေးနေ့မှာ မွေးနေ့လက်ဆောင်​အနေနဲ့ မွေးနေ့ကိတ်တွေလည်း အများကြီးရတယ်။ မွေးနေ့လက်ဆောင်တွေလည်း တော်တော်များများ ရတယ်။ ကျွန်တော့်ရဲ့ We Love တွေက မွေးနေ့လက်ဆောင်​အနေနဲ့ သင်္ကန်းလက်ဆောင်​ပေးတယ်။ သင်္ကန်းလက်ဆောင် ရတယ်​ဆိုတာက We Love တွေက ဘုန်းကြီး ဝတ်ခိုင်းတာ။ ဘုန်းကြီးက ဝတ်ဖို့လည်း အစီအစဉ်​ရှိပါတယ်။ ၂ လ ပိုင်းလောက်​ဝတ်ဖြစ်မှာပါ” လို့လည်း ပြောပြခဲ့ပါသေးတယ်။ ညနေပိုင်းမှာ ဧည့်ခံပွဲကို Golden City မှာရှိတဲ့ A Bar မှာ We Love Tun Ko Ko အဖွဲ့သားများ၊ ဧည့်ပရိသတ်များ၊ အနုပညာ မောင်နှမများနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်​ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here