အခွင့်အရေးရရင်​ အနည်းဆုံးဇာတ်​ကားတစ်​ကားလောက်​တော့ ရိုက်​ကူးချင်​တယ်​ ပိုးမမှီသာ

0
428

TV ကြော်​ငြာတွေ၊ MTV တွေ မှာ သရုပ်​ဆောင်​လာရင်းနဲ့ ပရိသတ်​တွေ သတိထားမိပြီး ချစ်​ခင်​အားပေးတဲ့ ပိုးမမှီသာကတော့ အခုလတ်​တ လောကြော်​ငြာရိုက်တွေ၊ ပွဲတွေတက် ဖြစ်​နေတယ်​လို့ ပြောပြပါတယ်​။ အနုပညာအလုပ်​တွေအပြင်​ဆေးကျောင်းလည်း တက်​နေတဲ့အကြောင်း ကို ပိုးမမှီသာက ”ပိုးက ကျောင်းကလည်း တက်​နေသေးတယ်​။ ဆရာဝန်​ဖြစ်​ဖို့ ပိုးနှစ်​နှစ်​လောက်​ ကျန်သေးတယ်​။ အနုပညာနဲ့ပညာရေးယှဉ်​လာရင်​ ပညာရေးဖြစ်​တဲ့ဆရာဝန်​အလုပ်​ကိုပိုး သေချာလုပ်​သွားမှာပါ။ ဘွဲ့ရ သွားရင်​ ဆရာဝန်​အလုပ်​ကို ဘယ်​မှာလုပ်​ဖြစ်​မလဲ၊ ဘယ်​နေရာလဲဆိုတာတော့ ပိုးသေချာကြီးတော့ မစဉ်း စားမဆုံးဖြတ်​ရသေးဘူး။ ပိုးကဆရာဝန်​ပဲဖြစ်​ချင်​ပါတယ်​။ အနုပညာ အလုပ်​လုပ်​ရတာကိုလည်း ပျော်​တယ်​။ သဘောကျတယ်။ အနုပညာအလုပ်​ကို အခွင့်အရေးရရင်​ရသလို လုပ်​သွားဦးမှာပါ။ ဆရာဝန်​အလုပ်​က ငယ်​ငယ်​လေးကတည်းက လုပ်​ချင်​တာဆိုတော့ ဒီဟာကိုတော့ ပိုပြီးတော့ အားထည့် ချင်ပါတယ်​”လို့ ပြောပြခဲ့ပါတယ်​။

အခွင့်​အရေးရရင်​ ဇာတ်​ကားတစ်​ကားလောက်​ ရိုက်​ကူးချင်​ပါတယ်​ဆိုတာကိုလည်း ”အခွင့်​ အရေးရခဲ့မယ်​ဆိုရင်​ ပရိသတ်​တွေကြည့်​ဖို့ အနည်းဆုံးတစ်​ကား လောက်​တော့ ပိုးရိုက်​ကူးချင်​တယ်​။ဇာတ်​ကားရိုက်​ကူးတယ်​ဆိုရင်​ ဒီဇာတ်​ကားပေါ်ကို အချိန်​တွေရော၊ လူရောနှစ်​မြှုပ်​ပြီးတော့ ရိုက်​ပေးချင်​တယ်​။ ဒါပေမဲ့ ပိုးက ကျောင်းတက်​နေတဲ့အခါကျတော့ ဒီဘက်​ကို ၁ဝဝ ရာခိုင်​နှုန်းပြည့်​ မပေးလိုက်​နိုင်​တဲ့အခါ တစ်​ခုခုလျော့နည်းသွားမှာ၊ တစ်​ခုခုအားနည်းချက်​တွေ ဖြစ်​သွားမှာ စိုးရိမ်​တယ်​။ နောက်​ပြီးတော့ ပိုးသရုပ်​ဆောင်​အလုပ်​ကို အများ ကြီးလေ့လာ ရဦးမယ်​ထင်​တယ်​။ အဲဒါကြောင့်​ မရိုက်​ကူးဖြစ်​သေးတာပါ။ ဘယ်​ဟာကို ရိုက်​ကြည့်​ချင်​တယ်​ ဆိုပြီး စိတ်​ကူးထားတာမျိုးမရှိဘူး။ ဟိုဟာမျိုးလေး လည်း လုပ်​ကြည့်​ချင်​တယ်​။ ဒီဟာ မျိုးလေးလည်းလုပ်​ကြည့်​ချင်​တယ်​။ ကိုယ်​တကယ်​ပိုင်​နိုင်​အောင်​ လုပ်​နိုင်​မယ့်​ ကာရိုက်​တာမျိုး၊ စစရိုက်​ချင်းမှာ အရမ်းကြီးပညာ သားပါတာမျိုး လုပ်​နိုင်​ပါ့မလားဆိုပြီး စိတ်​ပူတာမျိုးလည်းရှိသေးတယ်​။ ကိုယ်​လုပ်​နိုင်​တဲ့ အတိုင်း အတာလေးမှာ အကောင်းဆုံးပရိသတ်​ကြီးကို လုပ်​ပြချင်​ပါတယ်”လို့ ပိုးမမှီသာ က ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ-ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here