အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ မိုးအောင်ရင်ကို အားပေးစကားဆိုခဲ့တဲ့ နေမင်း

0
466

သရုပ်ဆောင်နေမင်းက ခန္ဓာ ကိုယ်ကြံ့ခိုင်ဖို့အတွက် လက်ဝှေ့ကစား နည်းကို နေတိုင်း ကစားဖြစ်နေပါ တယ်။ အခုဆိုရင် လက်ဝှေ့ကစားတာ တစ်နှစ်လောက် ရှိနေပါပြီ။ လက် ဝှေ့ကစားနည်းကို စိတ်ဝင်စားသွား သလို အသားကျလာပြီဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ဖို့အထိလည်း တွေးထား တယ်လို့ ဆိုပါတယ်။ လက်ဝှေ့ကစား ခြင်းရဲ့ အားသာချက်နဲ့ပတ်သက်ပြီး နေမင်းက …

”လက်ဝှေ့ကစားတာ ကောင်းတယ်။ လမ်းဘေး ရန်ဖြစ်တဲ့ ပုံစံနဲ့ တစ်သားတည်းဖြစ်တယ်။ ကျွန်တော်တို့ ရုပ်ရှင်မှာ ထိုးခဲ့တာနဲ့ အခု လက်ဝှေ့နဲ့ ကြည့်တဲ့အခါ တချို့ ဟာတွေမှာ ကွက်တိဖြစ်တယ်။ တချို့ ဟာတွေမှာ ကွက်တိဖြစ်ဖို့ ပြန် train ရတာတွေ ရှိတယ်။ မတူဘူးပေါ့။ ဒါပေမဲ့ မြန်မာလူမျိုးတွေနဲ့ အနီးစပ် ဆုံး၊ အချိန်တိုတိုလေးနဲ့ ကိုယ်လက် ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်တာ လက် ဝှေ့က ပိုပြီးဖြစ်မယ်ထင်တယ်။ ကျွန်တော် ကြားထဲမှာ ဝသွားတယ်။ အခုပြန်ပိန်သွားတယ်။ အရမ်းကြီးပိန် သွားတာမျိုးမဟုတ်ဘဲနဲ့ သူ့ဟာသူ ကျစ်ကျစ်လစ်လစ်လေး ပိန်သွား တယ်။ အဲဒါကို ကျွန်တော်သဘောကျ တယ်။ အဲဒါကြောင့် လက်ဝှေ့နေ့တိုင်း လာ ဆော့ဖြစ်တယ်။ ရန်သူစရိုက်တဲ့ အချိန် ၃ လပိုင်းထဲက စဆော့တာ အခုဆို တစ်နှစ်တောင်ပြည့်တော့ မယ်။ အဲဒီ လောက်အချိန်ဖြစ်သွား တော့ ထိုးတာလည်း တော်တော်လေး အသားကျသွားပြီ”လို့ပြောပါတယ်။

နေမင်းက သူငယ်ချင်းဖြစ်သူ မိုး အောင်ရင်ကို ဇန်နဝါရီ ၁၅ ရက်နေ့ က အင်းစိန် ဗဟိုအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အားပေး စကားတွေလည်း ပြောဖြစ်ခဲ့ပါတယ်။ ရန်သူရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် တွေရဲ့အားပေးမှုတွေကို တဖန်ပြန် လည် ရရှိလာတဲ့ နေမင်းက သူအခု လိုအားပေးမှု ရရှိသလိုပဲ သူငယ်ချင်း ဖြစ်သူ မိုးအောင်ရင် ထောင်က ပြန်ထွက်လာတဲ့အခါကျရင်လဲ ပရိ သတ်က အားပေးဖို့ အဆင်သင့်ရှိနေ မှာပါဆိုတဲ့ အကြောင်းကိုလဲ အား ပေးစကားဆိုခဲ့ပါတယ်။ အခုအချိန် မှာ ရန်သူဇာတ်ကားနဲ့ ပရိသတ်အား ပေးမှုရရှိတဲ့အပေါ်မှ နေမင်းက…

”ကျေ နပ်ပါတယ်။ အခုလိုမျိုး အားသွန်ခွန် စိုက်နဲ့ အနုပညာအလုပ်တွေ ပြန် လုပ်ဖို့အတွက် အင်အားဖြစ်ခဲ့တာလဲ ရန်သူကြောင့်ပါပဲ။ မိုးအောင်ရင်ကို ပြောဖြစ်တဲ့ထဲမှာလဲ အဲဒါတွေပါ တယ်။ ကျွန်တော်တို့ တကယ်ကြိုးစား ပြီး တကယ်ရပ်တည်မယ်ဆိုရင် နေရာတစ်ခုကိုပေးဖို့ ပရိသတ်က အဆင်သင့်ရှိတယ်။ ကျွန်တော်တို့သာ ကောင်းမွန်တဲ့ အနုပညာနဲ့ တကယ် အရည်အသွေးရှိတဲ့ တင်ဆက်မှုကို သာ ပရိသတ်ကိုပေးမယ်ဆိုရင် ပရိ သတ်ကလည်း ကျွန်တော်တို့အတွက် နေရာတွေ အများကြီးထားထားပါ တယ်” လို့ ပြောပါတယ်။ နေမင်းက ဇာတ်ကားတွေ အများကြီး ရိုက်ကူး သွားမှာမျိုးမဟုတ်ဘဲ တစ်ကားဆို တစ်ကား ပရိသတ်လက်ခံအားပေးမှု ရရှိအောင် စိစစ်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here