သားလေးရဲ့ ချစ်စရာအမူအရာတွေကို ပြောပြခဲ့တဲ့ မြင့်မြတ်

0
276

မြန်မာ့ရုပ်ရှင်လောကရဲ့ဒရာမာ ကြယ်တစ်ပွင့်ဖြစ်သလို အနုအရွဟာသ ဇာတ်ရုပ်တွေကိုပါ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ် တွေရဲ့တစ်ခဲ နက်အားပေးမှုကို ရရှိထားသူကတာ့ သရုပ်ဆောင်မြင့်မြတ်ပါ။ သူကတော့ လက်ရှိမှာ မိတ်ကပ်ပညာရှင်များဖြစ်ကြတဲ့ ခင်စန်းဝင်း၊ ညီညီမောင်(စမ်း ချောင်း)၊ လင်းလင်း၊ မထက်တို့နဲ့အတူ ‘ကျားကျား ကြိုက်ကြိုက်’ ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး …

”ဒီဇာတ်ကားမှာ ကျွန်တော်က ချစ်လွန်းသူဆိုတဲ့ ကာရိုက်တာနဲ့ပါ ဝင်သရုပ်ဆောင်နေပါတယ်။ ပုံစံက တော့ကြမ်းကြမ်းတမ်းတမ်းဘဲ။ ဒါပေမဲ့ ကောင်မလေးတွေကို အရမ်းချစ်တတ်တယ်။ ကောင်မလေးတွေနဲ့ ကွဲပြီး အသည်းကွဲတယ်ဆိုရင်လည်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်တတ်တာပေါ့။ ပုံစံက တော့ ကျားကျားယားယားပေါ့ ကောင်မလေးတွေဆီမှာပါကြီးပဲ အရိုက်ခံရတာ များတယ်ပေါ့။ ဒီကား က ဇာတ်ကိုက ဆန်းပါတယ်။ သူတို့ တွေကတော့ Actor မဟုတ်ဘူးဆို ပေမယ့် အနုပညာလောကသားတွေ ပါဘဲ။ ကင်မရာနဲ့စိမ်းတဲ့သူတော့ တစ်ယောက်မှ မပါပါဘူး။ သေချာ တာကတော့ ဒီကားက ထူးထူးဆန်း ဆန်းလေးဖြစ်မှာပါ” လို့ ပြောပြ ခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ရွေးချယ် ရိုက်ကူးသွားမှာဖြစ်ကြောင်းကိုလည်း သရုပ်ဆောင် မြင့်မြတ်က…

”ကျွန်တော် ခုနှစ်လပိုင်းမှာ ဒါရိုက်တာ ဒေါင်းလွမ်းနဲ့ ရေခဲတောင် မှာ ရုပ်ရှင်တစ်ကားသွားရိုက်ဖို့ရှိ တယ်။ နောက်ရိုက်မယ့်ဇာတ်တွေကို လည်း ပုံမုန်ရိုက်နေကျ ဇာတ်တွေနဲ့ မတူဘဲနဲ့ အများကြီးမကွဲရင်တာင် နည်းနည်း စီပြောင်းပြီးတော့ ရိုက် သွားဖို့ ရှိပါတယ်။ အရင်တုန်းကဆို လို့ရှိရင်တော့ တချို့ဇာတ်လေးတွ ကိုယ်မရိုက်ချင်တာလေးတွေ အကြောင်းကြောင်းကြောင့် ရိုက်ရ တာလေးတွေရှိတယ်။ ဒီနှစ်ထဲမှာ တော့ ကိုယ်စိတ်ကြိုက်ဇာတ်လေးတွ ရွေးချယ်ရိုက်ကူးသွားဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ချစ်စရာသားလေး တစ်ယောက်နဲ့ ပျော်ရွှင်စရာအိမ် ထောင်တစ်ခုကို တည်ဆောက်ထား သူပါ။ ချစ်စရာသားလေး အကြောင်း ကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ…

”သားလေးကတော့ သူ့အမေ နဲ့ တူတယ်။ အသားဖြူတယ်။ အမူအ ရာတွေကတော့ ဖြည်းဖြည်းချင်း ကျွန်တော်နဲ့တူလာတယ်။ စကားတွေ လည်း ပြောနေပြီ ဘာတွေပြောလဲ တော့ မသိဘူး။ နားမလည်ဘူး။ သား သမီးကတော့ နှစ်ယောက်လောက် ယူဖို့ စိတ်ကူးထားပါတယ်”လို့ ပြော ပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here