စိုးသူ၊ စိုင်းစိုင်းအတွဲကို ရုပ်ရှင်အဖြစ် ပိတ်ကားထက်မှာ မြင်တွေ့ရတော့မှာလား

0
2410

သေချာတာကတော့ သူတို့ နှစ်ယောက်စလုံးက နုပျိုပြီး စမတ်ကျနေဆဲ အဆိုတော်မင်းသားတွေဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း စိုးသူကို လေးစားမှု ရှိတယ်။ စိုးသူကလည်း စိုင်းစိုင်းနဲ့အတူ ပူးပေါင်းရိုက်ကူးချင်တယ် ဆိုတော့ သူတို့သာ နှစ်ယောက်တွဲပြီး ရုပ်ရှင်ရိုက်ဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်တွေကလည်း အားပေးဖို့ အဆင်သင့်ရှိနေလောက်ပါရဲ့။

”စိုင်းစိုင်းနဲ့ ရိုက်ဖို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုး လာမလဲဆိုတာတော့ အတိအကျ မသိသေးပါဘူး။ ကျွန်တော်လည်း ရင်ခုန်ပါတယ်။ ရှေ့မှာ တီတီ (ပြေတီဦး)တို့နဲ့ရိုက်တုန်းက ရုပ်ရှင်သမားတွေဆိုတော့ အနုပညာပေါင်းစပ်မှုတစ်ခု ရရှိခဲ့တယ်။ စိုင်းစိုင်းနဲ့ကျတော့ သူလည်း ဂီတသမားဖြစ်တယ်။ ကျွန်တော်လည်း ဂီတသမားဖြစ်တယ်။ သရုပ်ဆောင်တဲ့အခါ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်နိုင်လိမ့်မယ်ထင်ပါတယ်”လို့ စိုးသူက ပြောပါတယ်။

စိုးသူအနေနဲ့ ပထမဦးဆုံး အကြိမ် ပြန်လည်သရုပ်ဆောင်တဲ့ ‘တရားလား’ ရုပ်ရှင်ဇာတ်ကားအတွက် အားရ ကျေနပ်မှုတွေရှိခဲ့ပြီး သူ့ရဲ့ ကာရိုက်တာအတွက်ကိုလည်း ‘ဆံပင်အရှည်ထားခဲ့ရတယ်။ အခုထိပဲလေ။ အဲဒီတုန်းက မုတ်ဆိတ်မွေးတောင် အရှည်ကြီးထားရတာ။ ဇာတ်ကားပြီးမှပဲ ပြန်ရိတ်ရတော့တယ်”လို့ ပြောပါတယ်။ စိုးသူအနေနဲ့ အခုချိန်ထိနုပျိုနေတဲ့ အကြောင်းအရင်းမှာ ၂၄ နှစ်တိုင် သက်သတ်လွတ် စားသောက်နေထိုင်ဖြစ်တာလည်း ပါဝင်လိမ့်မယ် ထင်ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here