လင်းလင်းနဲ့ ချစ်​သုဝေတို့ရဲ့ခေတ်​သစ်​ဖောင်​ဒေးရှင်း စတင်​တည်​ထောင်

0
265

ပရဟိတဆိုရင် လိုက်​ဖက်​ညီစွာ လုပ်​ကိုင်​နေကြတဲ့ အနုပညာဇနီး မောင်​နှံတွေဖြစ်တဲ့ လင်းလင်းနဲ့ ချစ်​သုဝေတို့က ခေတ်​သစ်​ဖောင်​ဒေးရှင်း ဆိုပြီး ဖောင်​ဒေးရှင်းတစ်​ခုကို စတင်​တည်​ထောင်တဲ့ အခမ်းအနားကို ဇန်​နဝါရီ ၁၇ ရက်​နေ့က WYNDHAM GRAND YANGON HOTEL မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ ခေတ်သစ် ဖောင်​ဒေးရှင်း ကိုသိန်း ၂ဝဝ မတည်​ ကာစတင်​တည်​ထောင်​ပြီး ကျန်းမာ ရေးအတွက်​ အလှူအတန်းတွေ ပြု လုပ်​သွားမယ်​လို့လည်း သိရပါတယ်။ ခေတ်​သစ်​ဖောင်​ဒေးရှင်းတည် ထောင်​ဖြစ်​တာနဲ့ပတ်​သက်​ပြီး ချစ်​သုဝေက…

”သမီးလေးနှစ်ယောက်​နာ မည်​နဲ့ Foundation လေးထောင်​ဖြစ်​တယ်​ဆိုတာက ထရီဇာ ကိုယ်​ဝန်​ရှိကတည်းက တအားဖြစ်​ချင်​ခဲ့တဲ့ ဆန္ဒလေးပါ။ Foundation ဆိုတာက အလှူအတန်းလှူလိုက်​ရုံနဲ့ ပြီးသွား တာမျိုး မဟုတ်​ဘဲနဲ့ ရေရှည်​တည်​တံ့ရမယ့်​အရာမျိုးလည်း ဖြစ်​တယ်​။ ထရီဇာ အကောင်​အထည်​ဖော်​လိုက်​တဲ့အချိန်​မှာလည်း Foundation ပိုက်​ဆံတွေက လိုအပ်​နေတဲ့ ဘယ်​လိုနေရာတွေကို သွားမလဲဆိုတာကို လည်း ထရီဇာ ပရဟိတလူငယ်​တွေ အများကြီးနဲ့လည်း ထရီဇာ တိုင်​ပင်​ဖြစ်​တယ်​။ထရီဇာတို့ရဲ့ ဒီဖောင်​ဒေးရှင်းက ခေတ်​နဲ့သစ်​ နှစ်​နှစ်​ကနေ တစ်​ဆယ့်​ခြောက်​နှစ်​အထိ ထရီဇာ တို့ Plan တွေချထားတယ်​။အခု ခေတ်​နဲ့ သစ်​ကလည်း နှစ်​နှစ်​အရွယ်​ရောက်​နေပြီ။ သူတို့လေးတွေကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​ရှိတဲ့အချိန်​ကျရင်​ သူ တို့ ဆက်​လုပ်​ချင်​တယ်​ဆိုရင်​လည်း ဆက်​လုပ်​ပေါ့နော်​။ ဆက်​မလုပ်​တော့ဘူးဆိုရင်​လည်း အစ်​မတို့က ဒီ Donation တွေ အားလုံးကို ပြန်​ပြီး တော့ လက်​လွှဲလှူဒါန်းပေးမှာပေါ့ နော်​။ အခုအစ်​မတို့ အရင်​ဆုံးလှူ ဒါန်းဖြစ်​မှာက မွေးရာပါ နှလုံးအ ပေါက်​ပါတဲ့ အသက်​ ငါးနှစ်​အောက်​ကလေးငယ်​တွေ။ အမှန်​တကယ်​ဆင်းရဲပြီးတော့ လိုအပ်​နေတဲ့ကလေး ငယ်​တွေအတွက်​ အစ်​မတို့က လှူ ဒါန်းဖို့ ပထမဆုံး Plan အဖြစ်​ ရည်​ရွယ်​ထားပါတယ်​”လို့ ပြောပြပါတယ်။

ပြည်​သူများက ဝိုင်းဝန်းပြီးတော့ လှူ ဒါန်းနိုင်​တယ်​ဆိုတာကိုလည်း ထရီ ဇာက…

”သမီးလေးတွေကို ပြည်​သူ တွေက တအားချစ်​ကြတယ်​။ ထရီဇာ ဘယ်​နေရာသွားသွား သူတို့လေး တွေကို ချစ်​ကြတယ်​။ မေတ္တာထားကြ တယ်​။ သူတို့လေးတွေရဲ့ လှုပ်​ရှားမှု တွေကို ကြည့်​ချင်​ကြတယ်​။ အိမ်​မှာ ဆိုလည်း သူတို့လေးတွေအတွက်​ လက်​ဆောင်​လေးတွေက အမြဲတမ်း ရောက်​တယ်​။ သမီးလေးတွေကို ပေး တာထက်​သမီးလေးတွေကို ပေးသလို ပဲ သမီးလေးတွေဖောင်​ဒေးရှင်းကို ငွေတစ်​ထောင်​ပဲလှူနိုင်​လှူနိုင်​ ပြည်​သူတစ်​ရာက လှူမယ်​ဆိုရင်​ လူတစ်​ရာ အားနဲ့ ကလေးတစ်​ယောက်​ကို ခွဲစိတ်​လိုက်​နိုင်​မယ်​။ ကလေးတစ်​ယောက်​အသက်​ရှင်​သွားမယ်​ဆိုရင်​ ဒါက ဝမ်းသာစရာ ကိစ္စကြီးပဲ။ လှူ ဒါန်းလို့ရမယ့်​ ဘဏ်​အကောင့်​လေး ကို ဖေဖော်​ဝါရီလ ၁ ရက်​နေ့ကျရင်​ ထရီဇာတို့ကြော်​ငြာပေးမယ်​။ ပြည်​သူအများလည်း ဝိုင်းဝန်းလှူဒါန်းလို့ ရပါတယ်​”လို့ ချစ်​သုဝေက ပြောပြခဲ့ ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ – ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here