အကယ်ဒမီ ရခြင်း၊ မရခြင်းဆိုတာထက်​ ပရိသတ်အတွက် အမြဲတမ်းကြိုးစားနေမယ် နေတိုး

0
198

အနုပညာလောကမှာ ၁၉ နှစ်တိုင်တိုင်​ရပ်တည်​လာနိုင်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်​အားပေးမှုရရှိထား တဲ့ အနုပညာရှင်ကတော့ အကယ်ဒမီ နေတိုးပါ။ မိုးညအိပ်မက်မြူ၊ နက္ခတ်မှားတဲ့တိုက်ပွဲ၊ တာတေကြီး ရုပ်ရှင်​ဇာတ်ကားတို့ဖြင့်​အကယ်ဒမီသုံးဆုတိတိ ပိုင်ဆိုင်ထားပြီး အခု၂ဝ၁၈ အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာလည်း ပရိသတ်တွေသာမက အနုပညာရှင်​အချင်းချင်းကပါ နေတိုးအတွက်​အကယ်​ဒမီ ဆုကိုခန့်မှန်း ပေးနေကြပါတယ်။ အကယ်ဒမီဆုကို ခန့်မှန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်​ဆိုတာကို နေတိုးက ”ကျွန်တော်​အနုပညာလောကကို လျှောက်လှမ်းလာတာ အခု ၂ဝ၁၉ ဆို မှတ်မှတ်ရရ ၁၉ နှစ်ရှိပြီ။ နှစ်တွေ အများကြီးအားပေးကြတယ်။ အားပေးလို့လည်း ကျွန်တော်​ကြိုးစား ခွင့်ရခဲ့တယ်။ ပရိသတ်​လိုချင်တဲ့ အနုပညာတွေ ပရိသတ်​ကြည့်ချင်တဲ့ ရုပ်ရှင်တွေကို ကျွန်တော်​ကြိုးစားခွင့်ရခဲ့သလို ပရိသတ်​အားပေးမှုကြောင့်လည်း ကျွန်တော်​ယနေ့အချိန်ထိ အခုလို ရပ်တည်ခွင့်​ရခဲ့တယ်။ ကျွန်တော့်ကို အကယ်ဒမီပွဲနီးတိုင်း အမြဲတမ်းလိုလို ခန့်မှန်းပေးကြတယ်။ ပရိသတ်​ခန့်မှန်းပေးကြသလိုလဲ ကျွန်တော်​ရှေ့နှစ်တွေမှာဆုတွေလည်း ရခဲ့တယ်။ အဲဒီလိုမျိုးပဲ တစ်နှစ်နဲ့တစ်နှစ်​ ခံစားမှုတွေက မတူကြဘူး။ ဒီနှစ်မှာလည်း ရင်ခုန်ခွင့်ရှိတဲ့ ဇာတ်ကားတွေ ပါလာတဲ့ အခါကြတော့ ကျွန် တော့်အနေနဲ့ ဝမ်းသာတယ်။ အကယ်ဒမီဆိုတာ ရခြင်း၊ မရခြင်းဆို တာထက်​ကျွန်တော့်အနေနဲ့ အမြဲ တမ်း ကြိုးစားနေမယ်။ ဒီအကယ်ဒမီ ဆုရခဲ့သည်​ဖြစ်စေ၊ မရခဲ့သည်​ဖြစ်စေ၊ ပရိသတ်​အတွက် အမြဲတမ်း ကျွန်တော့်ဘက်က ဒီထက်မက ကောင်းသည်​ထက်ကောင်းအောင် ကြိုးစားသွားမှာပါ။ ဆုရဖို့အတွက် ဆုတောင်းပေးနေတဲ့ ပရိသတ်ကြီးရဲ့ ဆန္ဒတွေလည်း ပြည့်ဝပါစေ။ အကယ်ဒမီဆု ရပါစေဆိုပြီး ဆုတောင်းပေးနေတဲ့ သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်​ပါတယ်​”လို့ ပြောပြခဲ့ပါတယ်။ ပရိသတ်​တွေဖြည့်​စွက်​ပြီး ကြည့်​စရာမလိုတော့တဲ့ ရုပ်​ရှင်​ဇာတ်​ကားကောင်းတစ်​ကားဖြစ်​အောင်​ ဖန်​တီးချင်​တယ်​ဆိုတာကိုလည်း ”ကျွန်​တော်​တို့ဆီမှာက ရုပ်​ရှင်​ရိုက်​လိုက်​ပြီ ဆိုတာနဲ့အနည်းနဲ့ အများလိုအပ်​ချက်​တွေက ရှိနေတယ်​။ အဲဒီလိုအပ်​ချက်​ကိုပဲ ဖြည့်​စွက်​ပြီးတော့ ပရိသတ်​တွေက ကြည့်​လာတာ နှစ်​ပေါင်း မနည်းတော့ဘူး။ မြန်​မာ့ရုပ်​ရှင်​ပဲ ဒီလောက်​တော့ သည်းခံပြီးကြည့်​ပေး ရမှာပေါ့ဆိုတဲ့ ပရိသတ်​က အခုထက်​ထိရှိသေးတယ်​။ အဲဒီအတွက်​လည်း ဖန်​တီးတဲ့ ကျွန်​တော်​တို့မှာ တာဝန်​မကျေဘူးဆိုပြီး စိတ်​ထဲမှာ ဖြစ်​မိ တယ်​။ ပရိသတ်​တွေ ဖြည့်​စွက်​ပြီး ကြည့်​စရာမလိုတော့တဲ့ အခြေအနေ အချိန်​အခါ တစ်​ခုကို ကျွန်​တော်​အမြန်​ရောက်​ချင်​နေပြီ။ ပြီးပြည့်​စုံတဲ့ ရုပ်​ရှင်​ဖန်​တီးမှု၊ ပြီးပြည့်​စုံတဲ့ ရုပ်​ရှင်​ထုတ်​လုပ်​မှု၊ ပြီးပြည့်​စုံတဲ့ သရုပ်​ဆောင်​မှုတွေနဲ့ ရုပ်​ရှင်​တစ်​ကားကို ကျွန်​တော်​ တည်​ဆောက်​ချင်​တယ်​။ ၂ဝ၁၉ မှာ အမှားနည်းတဲ့ ရုပ်​ရှင် ရိုက်​ကူးသွားဖို့ကို ကျွန်​တော်​တို့စီစဉ်​နေတယ်​။ ကျွန်​တော်​တို့ အရင်​တုန်း က ရုပ်​ရှင်​ဖလင်​တွေနဲ့ ရုပ်​ရှင်​တစ်​ကားကို မဖြစ်​ဖြစ်​အောင်​ ရိုက်​ကူးခဲ့ တဲ့အချိန်​ကို မီလိုက်​တယ်​။ အခီုငါငအေူ ဃငညနာေ ခေတ်​မှာ လုပ်​ခွင့် ရရင်​ ရသလောက်​ ဇာတ်​ကားတွေကို လည်း ပိုပြီးတော့ ပရိသတ်​ကိုအမြင်​ဆန်းအောင်​ သဘာဝနဲ့ ပိုပြီးတော့ နီးစပ်​အောင်​ဖန်တီးချင်တယ်။ ကြိုးစားနေကြတယ်” လို့ နေတိုးက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here