City FM ကချီးမြှင့်​တဲ့ ဆုနှစ်​ဆုကို ရရှိပိုင်​ဆိုင်​သွားသူ စိုင်းစိုင်းခမ်းလှိုင်

0
190

အနုပညာလောကမှာ ၁၇ နှစ်​ တိုင်​တိုင်​ ရပ်​တည်​လာနိုင်​ပြီး ယနေ့အချိန်​ထိ ပရိသတ်​တွေရဲ့ချစ်​ခင်​အား ပေးမှုကလျော့မသွားဘဲ အဆိုတော်​အဖြစ်​ရော၊ သရုပ်​ဆောင်​အဖြစ်​ပါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုကိုရ ထားတဲ့အနုပညာရှင်​ကတော့ စိုင်း စိုင်း ခမ်းလှိုင်ပဲဖြစ်​ပါတယ်​။ အနုပညာအလုပ်​အပြင်​ SAI Cosmetix ဆိုတဲ့ စီးပွားရေးလုပ်​ငန်းမှာလည်း အောင်​မြင်​တဲ့ သူတစ်​ဦးပါ။ အနုပညာအလုပ်​ရော၊ စီးပွားရေးအလုပ်​ပါလုပ်​နေရင်းနဲ့ ဇန်​နဝါရီလ ၁၂ ရက်​နေ့က City FM ကချီးမြှင့်​တဲ့ ၂ဝ၁၈ ခုနှစ်​ တစ်​နှစ်​တာလုံး ရောင်းအား အကောင်းဆုံး စတူဒီယိုတေး စီးရီးသီဆိုသူ အမျိုး သားဆုနဲ့ ၂ဝ၁၈ ခုနှစ်​ တစ်​နှစ်​တာလုံးရောင်းအား အကောင်း ဆုံးထုတ်​လုပ်​သူ ဆုကိုပါ နှစ်​ခုစလုံးကို ပိုင်​ဆိုင်​ရရှိသွား ပါတယ်​။ အဆိုပါဆု နှစ်​ဆုလုံး လက်​ခံရရှိတာနဲ့ ပတ်​သက်​ပြီး စိုင်းစိုင်းခမ်းလှိုင်​က “ပျော်​ပါတယ်​ဆုရသွား တဲ့အတွက်။ ဘာဖြစ်​လို့လဲဆိုတော့ ရောင်းအား အကောင်း ဆုံးဆုဆိုတာ ပရိသတ်​က ကျွန်​တော်​ရဲ့ Original အခွေကို တစ်​ခဲနက်​ ဝယ်​ယူအားပေး တဲ့အတွက်​ကျွန်​တော်​ရတာပါ။ အဲဒီအတွက်​ တန်​ဖိုးလည်း ထားတယ်​။ ဂုဏ်​လည်း ယူတယ်။ ပျော်​လည်း ပျော်​တယ်​။ Frenzo Production ကို ကျွန်​တော်​က ကျွန်​တော့်​ အခွေထုတ်​ဖို့ရော၊ ကျွန်​တော်​သူငယ်​ချင်းတွေရဲ့ အခွေထုတ်​ဖို့အတွက်​ရော။ ဒီနေ့ခေတ်မှာ Producer ဆိုတာတော်​တော်​ရှားပါတယ်။ အဆိုတော်​အားလုံးက ကိုယ့် ဟာနဲ့ကိုယ်​ အခွေထုတ်​ရတာ။ ကျွန်​တော်​ကလည်း ခြစ်​ခြုပ်​ပြီးတော့ အခွေထုတ်​ရတာ။ အဲဒီလိုနဲ့ တတ်​နိုင်​ရင်​ ကျွန်​တော်​ငွေစုတယ်​။ လွန်​ခဲ့တဲ့ ၁ဝ နှစ်​ကဆို ကျွန်​တော်​သီချင်း တွေ ပတ်​ဆိုတယ်​။ ငွေစုတယ်​။ ရလာရင်​ ကျွန်​တော့်​ ညီလေးတွေ အငယ်​တွေ အခွေကျွန်​တော်​ထုတ်​တယ်​။ အဲဒီလို လေးနဲ့ Frenzo Production ကို စတင်​လာတာဖြစ်​တဲ့အတွက်​ အခု တစ်​နှစ်​တာလုံး ရောင်းအားအ ကောင်း ဆုံးထုတ်​လုပ်​သူဆုဆိုတော့ လည်း ဝမ်းသာပါတယ်​။ ဒီဆုနှစ်​ဆုလုံးက ပရိသတ်​ကပေးတဲ့ နှစ်​သစ်​ကူးလက်​ဆောင်​ပါ”လို့ ပြောပြ ခဲ့ပါတယ်​။ ဆုရသည်​ဖြစ်​စေ၊ မရသည်​ဖြစ်​စေ Music နဲ့ ပတ်​သက်​ရင်​ အမြဲ တမ်းကြိုးစားသွားမယ်​ဆိုတာကို လည်း ”Music နဲ့ပတ်​သက်​ပြီး ကျွန်​တော်​ ဆုရရ၊ မရရလုပ်​နေမှာပါပဲ။ နှစ်​ပေါင်းများစွာ ထပ်​ပြီးတော့ ကျွန်​တော်​လုပ်​ဦးမယ်​။ Music လုပ်​ရတာ တအားပျော်​ပါတယ်။ သီချင်းတီးရတာ၊ ရေးရတာ၊ ဆိုရတာ၊ သီချင်း တိုက်​ရတာ ကျွန်​တော်​ဂီတထဲမှာ နေရတာ ပျော်​ပါတယ်​။ ကျွန်​တော်​ဘယ်​တော့မှ ရပ်​မှာမဟုတ်​ဘူး”လို့လည်း စိုင်းစိုင်းခမ်းလှိုင်​က ပြောပြခဲ့ပါသေးတယ်။

SAI Cosmetix ရဲ့ Product အသစ်ဖြစ်တဲ့ Face Mask မိတ်ဆက်ပွဲကိုလည်း ဇန်​နဝါရီလ ၁၃ ရက်​နေ့က Junction City မှာ အနုပညာရှင်များ၊ SAI ချစ်သူများ နဲ့အတူ ရင်းရင်းနှီးနှီး ပျော်​ပျော်​ရွှင်​ရွှင်​ကျင်းပ ပြုလုပ်​ခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ- အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here