ကိုပေါဇာတ်ကားရုံတင်ခွင့်ရရင် အကယ်ဒမီ မျှော်လင့်ခွင့်ရမယ့် စည်သူ (ပလပ်ကျွတ်)

0
357

သရုပ်ဆောင် စည်သူ(ပလပ် ကျွတ်) ရိုက်ကူးထားတဲ့ ကိုပေါရုပ်ရှင် ဇာတ်ကားကြီးက မကြာခင်ရုံတင်ခွင့် ရရှိတော့မယ်လို့လည်း သိရပါတယ်။ ဒီရုပ်ရှင်ကားကြီးသာ ရုံတင်ခွင့်ရပြီ ဆိုရင်တော့ သူ့အတွက်တော့ အကယ် ဒမီနဲ့ပတ်သက်လို့ ရင်ခုန်လို့ရပြီလည်း ဖြစ်ပါတယ်။ သူကလည်း အကယ် ဒမီဆိုတာ သူ့အတွက် တအားအလှမ်း ဝေးလွန်းတဲ့အတွက် မမျှော်မှန်းရဲပါ ဘူးလို့ ပြောလာပါတယ်။

”အကယ်ဒမီက အိမ်မက်ထဲ တောင် ထည့်မမက်ရဲပါဘူး။ ကိုယ့် ထက်တော်တဲ့ သရုပ်ဆောင်တွေ အများကြီးတောင်မှ မရခဲ့တာလေ။ ကျွန်တော်အားကျရတဲ့ ကိုခင်လှိုင် တောင်မှ သရုပ်ဆောင်ပိုင်းမှာ ကြိုက်တဲ့ ဇာတ်ရုပ်လာလာ သူ တောင်မှ လွဲခဲ့သေးတာပဲလေ။ ကျွန် တော်တို့လို လူက မမှန်းရဲပါဘူး။အဲဒီ တော့ အကယ်ဒမီပွဲကိုတက်ပြီး အား ပေးတယ်။ ဒါပေမဲ့ကျွန်တော့်အနေ နဲ့ ကိုပေါကိုအစွမ်းကုန်တော့ ကြိုး စားထားပါတယ်။ ကိုပေါဇာတ်ကားကို တော့ ကျွန်တော်ရင်ခုန်လို့ရပါတယ်။ ရင်ခုန်တယ်ဆိုတာက ကျွန်တော့် အ တွက်မဟုတ်ပါဘူး။ တခြားလူတွေ အတွက်ပါ။ ဒါပေမယ့် ကျွန်တော် လည်း ရင်တော့ခုန်တာပေါ့။ လူ တိုင်းမှာ မျှော်လင့်ချက်ရှိတယ်လေ။ ငါများ ရလိုက်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့။ အကယ်ဒမီ ဆိုတာ အနုပညာသမားတိုင်းရဲ့ မှတ် တိုင်ကြီးဖြစ်နေတာလေ။ တန်ဖိုး အကြီးဆုံးပဲလေ။ ရင်ခုန်ရုံပဲရှိပါ တယ်။ မှန်းတော့မမှန်းရဲပါဘူး”လို့ အကယ်ဒမီနဲ့ပတ်သက်လို့ စည်သူ (ပလပ်ကျွတ်)က ပြောပြပါတယ်။ စည်သူ(ပလပ်ကျွတ်)က သူ့အနေနဲ့ ကတော့ အကယ်ဒမီဖိတ်စာကို နှစ် စဉ်ရလေ့ရှိပါတယ်လို့ ပြောပြပါ တယ်။ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရလေ့ရှိတဲ့သူတွေထဲမှာ စည်သူ (ပလပ်ကျွတ်)လည်း ပါဝင်ပါတယ်။

သူက ဒီနှစ်အကယ်ဒမီမှာလည်း ပွဲတက်ဖက်ရှင်ကို တမူထူးခြား အောင်ဝတ်ဆင်ပြီး ပွဲတက်မယ်လို့ ပြောပြလာပါတယ်။

”ဘယ်လိုဝတ်မလဲဆိုတာကို တော့ တွေးတော့တွေးထားပါတယ်။ အဲဒီဝတ်စုံကိုတော့ ကျွန်တော့်အနေ နဲ့ မရိုင်းအောင်တော့ ဝတ်ရမှာပါ။တော်ကြာဝေဖန်မှုတွေ တအားမြင့် တက်ကုန်မှာ စိုးလို့ပါ။ အစည်းအရုံး က လူကြီးတွေလည်း ကြိုက်အောင် ပရိသတ်တွေလည်း ကြိုက်နှစ်သက် အောင် ဆန်းလည်းဆန်းပြီး အမြင် လည်းကောင်းရမယ့် ဝတ်စုံလေးကို ဖန်တီးဖို့ လုပ်နေပါတယ်။ ဘယ်လို ဒီဇိုင်းလည်းဆိုတာတော့ ကျွန်တော် မပြောသေးဘူး”လို့ အကယ်ဒမီပွဲ တက် ဖက်ရှင်နဲ့ပတ်သက်လို့ စည်သူ (ပလပ်ကျွတ်)က ပြောပါတယ်။ စည် သူ(ပလပ်ကျွတ်)က သူ့နာမည်နဲ့ အကောင့်တုဖွင့်ပြီး ပရိသတ်များနဲ့ ရန်တိုက်မှုအား ဖြေရှင်းပေးသောပွဲ ကို ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည် ၁ နာရီက ၃၅ လမ်း(အပေါ်) ဓမ္မာရုံ မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စပိုင်တာမန်း ဝတ်စုံကိစ္စနဲ့ပတ်သက် လို့လည်း ပရိသတ်များအား တောင်း ပန်စကား ပြောခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here