ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့ ဟန်လေး

0
336

မော်ဒယ်အလုပ်တွေလုပ်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာ သူကတော့ မော်ဒယ်သရုပ်ဆောင် ဟန်လေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ‘ရင်ခွင်ရှင်းတမ်း’ ဇာတ်လမ်းတွဲမှာ ဆေးကျောင်းသူမလေး တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်ပြီး အကောင်းဆုံး သရုပ်ဆောင်ထားတယ်လို့ ဟန်လေးက . . .

”ဒီဇာတ်လမ်းတွဲက ဟန်လေးရဲ့ ပထမဦးဆုံး ရိုက်ကူးရမယ့် ဇာတ်လမ်းတွဲပါ။ Media 7 က ကိုသားညီတို့ ကိုရွှေမန်းတို့ ကမ်းလှမ်းခဲ့တာ ဇာတ်ညွှန်းတွေ ဖတ်တာ အဆင်ပြေလို့၊ ဟန်လေး လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကား ထဲက ကာရိုက်တာလေးက ဆေးကျောင်းတက်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ရမှာပါ။ မအေးသောင်းနဲ့ကျတော့ သူငယ်ချင်းအရင်းကြီးတွေပေါ့။ အဲဒီလို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ရမှာပါ။ ရိုက်ကူးရမှာတွေ အများစု က ရန်ကုန်မှာ ရိုက်ရမျာများတယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့အနုပညာ တွေကို ချပြခွင့်ရမှာဖြစ်တဲ့အတွက် ဟန်လေးပျော်တယ်။ ဇာတ်လမ်းတွဲ နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလည်း ဟန်လေး လုပ်ထားပါတယ်။ ကိုယ့်အတွက် ပထမ ဦးဆုံး ရိုက်ကူးရမယ့် ကာရိုက်တာအတွက် အကောင်းဆုံး ကြိုးစားမှာပါ”လို့ ပြောပါတယ်။ ကာရိုက်တာ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရွေးချယ်ဖြစ် လဲလို့ မေးကြည့်တဲ့အခါမှာတော့ ဟန်လေးက . . .

”ကာရိုက်တာက ငိုတာပဲဖြစ်ဖြစ်၊ ရယ်တာပဲဖြစ်ဖြစ် သူ့ဘက်က လာတယ် ဆိုရင် ဒါရိုက်တာ၊ ထုတ်လုပ်သူတွေဘက်က ကိုယ်နဲ့လိုက်ဖက်မယ့်ဟာလေး တွေကို သူတို့ချပေးတာကို ကိုယ်ကအကောင်းဆုံး လုပ်တယ်။ သူတို့ချပေး တာကို အကောင်းဆုံးလုပ် ဖို့ ကိုယ့်မှာတာဝန်ရှိ တယ်။ ဟန်လေး ရိုက်ကူး ချင်တဲ့ ကာရိုက်တာက သွက်သွက်လက်လက်နဲ့ ထက်ထက်မြတ်မြတ်ဖြစ် တဲ့ မိန်းကလေးတစ် ယောက်အနေနဲ့ ရိုက်ကူး ချင်တယ်။ ဒါပေမဲ့ ဟန် လေးတို့က အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက် အကောင်းဆုံး ကြိုးစားဖို့ပဲ ရှိပါတယ်”လို့ ပြောပါတယ်။

မော်ဒယ်သရုပ်ဆောင် ဟန်လေးကတော့ လတ် တလောမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ဇာတ် ကားတွေလည်း ရိုက်ကူး ဖြစ်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here