သားအဖသုံးယောက် ခွေထုတ်ဖို့အတွက် ပြင်ဆင်နေတဲ့ အိမ့်ချစ်

0
291

အဆိုတော် အိမ့်ချစ်ကတော့ နယ်ပွဲတွေ၊ ရန်ကုန်ပွဲတွေ တောက်လျှောက်ဆိုဖြစ်နေပြီး သူမရဲ့ တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့ အတွက်လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။ သားအဖသုံးယောက်ပေါင်းပြီး လုပ်မယ့်သီချင်းတွေ အတွက် စဉ်းစားနေပြီး အခုအချိန်မှာတော့ ခေါင်းစဉ်ပဲ စဉ်းစားလို့ရသေးတယ် လို့ အိမ့်ချစ်က ”အဖေရယ်၊ အိမ့်ချစ်ရယ်၊ မောင်လေးရယ် သားအဖသုံးယောက် မိုးတွင်းမှာ ခွေထွက်ဖို့ လုပ်မယ်။ ဒါပေမယ့် အခုထိတော့ ဘာမှမပြင် ဆင်ရ သေးဘူး။ ခေါင်းစဉ်ကို ‘ခေတ် သုံးခေတ်ရဲ့ ချစ်သုံးချစ်’ ပေးမယ်လို့ စဉ်းစား ထားတယ်။ ဒါပေမယ့် အခု ထိတော့ ဘာမှမလုပ်ရသေးပါဘူး။” လို့ ပြော ပါတယ်။

သီချင်းတွေ ဆိုပြီး ပိုက်ဆံတွေ ရှာနေတဲ့ အိမ့်ချစ်တစ်ယောက်အတွက် ကိုယ်ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေ အကောင်အထည်တွေ အောင်မြင် နေပြီလားလို့ မေးကြည့်တဲ့အခါမှာတော့ အိမ့်ချစ်က ”အိမ့် ချစ်အခုထိတော့ ရှာနေတုန်းပဲ။ (ရယ်လျက်)။ မိသားစုကိုလည်း အိမ့် ချစ်မျက်နှာ မငယ်အောင် ထားနိုင်ပြီ။ အိမ့်ချစ်ကလေ တခြားပစ္စည်းတွေ ဝယ်ဖို့ထက် ကားတွေ၊ အိမ်တွေ ဝယ်ဖို့က အိမ့်ချစ်ဘဝမှာ ပိုအရေးပါ တယ်။ အဲဒါမျိုးတွေ မပိုင်ဆိုင်သေးတဲ့ အခါကျတော့ အိမ်အရင်ဆုံးဝယ် တယ်။ ကားဝယ်တယ်။ အဲဒီအပေါ်မှာ တစ်ခါတစ်လေကျရင် အမေကို ပူဆာတာပေါ့နော်။ အမေသမီးက ပိုက်ဆံတွေ အများကြီးအပင်ပန်းခံပြီး ရှာနေတာ။ သမီးမှာက အဲဒီလိုမျိုးလေး ဖိနပ်လေး မရှိဘူး။ ဝယ်ပေးပါ ဦးဆိုပြီး တစ်ခါတလေကျရင် ချွဲတာပေါ့နော်။ အဲဒီလိုမျိုး လေး ပစ္စည်းတွေ ဝယ်ဖို့လေးတွေ လုပ်တယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တွေ ကတော့ လူတိုင်းလူတိုင်းမှာရှိတာပဲလေ။ အဲ ဒါတွေကို အိမ့်ချစ်တစ်ယောက်ထဲနဲ့ ကြည့်ရင် အိမ့်ချစ်ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဖို့ အခုထိ ကြိုးစားတုန်းပါပဲ။့ကိုယ်ချစ်တဲ့အနုပညာနဲ့ အကောင်းဆုံး ဖျော်ဖြေပြီး ကိုယ့်ရဲ့မျှော်လင့်ချက်တွေ အတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ အိမ့်ချစ်က ပြောပါတယ်။

အဆိုတော် အိမ့်ချစ်ကတော့ လာမယ့်မိုးတွင်းထဲမှာ သူ့ရဲ့ တစ်ကိုယ်တော် ခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပုံစံတွေ မျိုးစုံနဲ့ တွေ့ရ မယ့် အိမ့်ချစ်ရဲ့ တစ်ကိုယ် တော်ခွေထွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here