ပညာရေးတစ်ပိုင်း တစ်စ ပြီးသွားတဲ့ အတွက် အနုပညာ အလုပ်တွေ အားစိုက် လုပ်ကိုင်တော့မယ့်အဆိုတော်ပိုပိုဟေသာ

0
250

ပရိသတ်ချစ်ခင် အားပေးမှု ရရှိ ထားတဲ့ အဆိုတော် ပိုပိုဟေသာကတော့ တစ်ကိုယ်တော် တေးစီးရီး နှစ်ခွေ ထွက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ MTV တွေ မထွက်သေးတဲ့တာကြောင့် MTV ရိုက်ဖို့ စီစဉ်နေကြောင်းကို လည်း …

သူကတော့ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကိုရီးယားဘာသာနဲ့ ဘွဲ့ရ ရှိခဲ့ ပြီလည်း ဖြစ်ပါတယ်။ ပညာရေး တစ်ပိုင်းတစ်စ ပြီးသွားတဲ့ အတွက် အနုပညာအလုပ်ကို အားစိုက် လုပ်ကိုင် တော့မှာဖြစ်ကြောင်းကိုလည်း …

”၂ဝ၁၇ လောက်ကတည်းက ပရိသတ်ကို အားနာစရာ ကောင်း လောက်အောင် ဟေသာ MTV နဲ့ ပတ် သက်ပြီးတော့ ဘာမှ မလုပ်ဖြစ်ပါဘူး။ ကိုယ်ကိုယ်ကိုယ်ကျတော့လည်း သရုပ် ဆောင်ဖို့ ယုံကြည်မှုမရှိတာရော ပြီး တော့ ကျောင်းတစ်ဖက်နဲ့ ဆိုတော့ အချိန်လည်း မပေးနိုင်ဘူးပေါ့။ သီချင်းရဲ့ ပုံစံ နဲ့ ဟေသာရဲ့ Idea ပေါင်းပြီးတော့ လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ထူး ဆန်းတယ် ဆိုတာထက် နည်းနည်း သဘာဝကျကျလေးနဲ့ Music Video ဆန်ဆန် လေးလုပ်ချင်ပါတယ်။ International လည်း အရမ်းမဖြစ် မြန်မာ လည်း အရမ်း မဆန်တာလေးတွေ စဉ်းစားနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

”ဟေသာခု ကျောင်းပြီးသွားပြီ။ ဘွဲ့ရပြီ ဆိုတော့ ဟေသာ အရမ်းပျော် နေပါတယ်။ ခုဟေသာ ပညာရေးနဲ့ ပတ်သက်ပြီး တစ်ပိုင်း တစ်စ ပြီးသွား ပြီဆိုတော့ အနုပညာ အလုပ်တွေ အများ ကြီးဆက်လုပ်သွားဖို့ စဉ်းစားနေပါတယ်။ နောက်ထပ် ပညာရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက် ထပ် အင်္ဂလိပ်စာနဲ့ ပတ်သက်တာတွေ တက်ချင်တယ်။ ကိုရီးယားပိုင်းနဲ့လည်း မလစ်ဟင်းအောင် ဟေသာ ကြိုးစားနေ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here