Voting စနစ်ဆိုတာကတော့ ပရိသတ်ကို အလေးထားတဲ့ သဘောပါအဆိုတော်ရန်ရန်ချမ်း

0
241

အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိမှာ The Voice Myanmar Season-2 မှာ Coach တစ်ဦး အဖြစ် ပါဝင်နေပါတယ်။ သူကတော့ The Voice Myanmar Season -1 မှာလည်း Coach တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ The Voice Myanmar မှာ အင်္ဂလိပ်သီချင်းတွေ သုံးဖြစ်တာ နဲ့ပတ်သက်ပြီး အဆိုတော် ရန်ရန်ချမ်းက ခုလိုပြောပြခဲ့ပါတယ်။

”ကျွန်တော်တို့ အရင် ဟိုက The Voice ကိုကြည့်ဖြစ်ပါတယ်။ အဓိကတော့ The Voice ဖြစ်တဲ့ အတွက် ထူးခြားမူပေါ့နော် အများနဲ့ မတူဟာပေါ့။ ခုနောက်ပိုင်းကတော့ သီချင်း ဆိုတတ်တဲ့သူတွေ များလာပါပြီ။ အဲ့ဒီမှာမှ အများနဲ့မတူပဲ ထူးခြားတဲ့ဟာပေါ့။ အင်္ဂလိပ်သီချင်း ဆိုတာဘာပဲ ပြောပြော လူတိုင်းလည်း ဆိုတတ်ချင်မှ ဆိုတတ်မယ်။ကျွန်တော်တို့ကလည်း အင်္ဂလိပ်သီ ချင်းတွေ သုံးဖြစ်တယ်။ တချို့ Fan တော့ ပြောကြတာရှိပါတယ်။ အဲဒီ Feedback တွေကိုလည်း ကျွန်တော်တို့ ဂရုစိုက် ထားပါတယ်။ ဒီနှစ် မှာတော့ မျှမျှတတဖြစ်အောင်တော့ လုပ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သီချင်းဆိုပြိုင်ပွဲတွေမှာ Voting စနစ်နဲ့ ပတ်သက်ပြီးလည်း တချို့ ဝေ ဖန်မှုတွေ ရှိနေပါတယ်။ Voting စနစ်အပေါ် သူ့အမြင်ကိုလည် ခုလို ပြောပြခဲ့ပါသေးတယ်။
”Voting ဆိုတာကတော့ ပရိ သတ်ကို အလေးထားတဲ့သဘောပေါ့နော်။ အနုပညာသမား တစ် ယောက် ပရိသတ်အများကြီးက ဝိုင်းချစ်လေ အောင်မြင်မှုက ကြီးလေဆိုတော့ ပရိသတ်ရဲ့အားကလည်း လိုအပ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

photo Credit:Voice Myanmar

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here