သီချင်းအသစ်တွေ ထွက်ဖို့ ပြင်ဆင်နေတဲ့ Rose Quartz Girls Band

0
558

မြန်မာနှစ်ယောက်၊ ထိုင်းနှစ်ယောက်၊ ကိုရီးယား တစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Rose Quartz Band ဟာ မြန်မာ၊ ထိုင်း၊ ကိုရီးယားတို့မှာ ခိုင်မာတဲ့ ပရိသတ်တွေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။ သူတို့ကြိုး စားခဲ့တဲ့ သီချင်းတွေဟာဆိုရင် အခုဆို ၃ ပုဒ်မြောက် MTV အထိ ထွက်ရှိလာနိုင်ပြီဖြစ်ပါတယ်။ Realize, Ra Pa Pam Pam နဲ့ 3,2,1 ဆိုပြီး တစ်ပုဒ်ချင်းဆီ ထွက်ရှိလာတာ အခုဆို ၃ ပုဒ်မြောက်ရှိနေပြီဖြစ်ပါတယ်။ MTV တစ်ပုဒ်ချင်းစီကို သပ်သပ်ရပ်ရပ် အကတွေ စုံလင်စွာနဲ့ ဖျော်ဖြေတတ်ပြီး နောက်ဆုံးထွက် ရှိထားတဲ့ 3,2,1 MTV နဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲလို့ မေးကြည့်တဲ့အခါမှာတော့ Cindy က ”ညီမတို့ ဒီ 3,2,1 သီချင်းကို နောက်ဆုံးအနေနဲ့ ညီမတို့ ထွက်ထားတယ်ပေါ့နော်။ ပြီးတော့ မီနီအယ်လ်ဘမ်ဆို ပြီးတော့လည်း ထွက်ထားပါတယ်။ ပြီးတော့ ဒီ 3,2,1 မှာဆိုရင် ပထမနှစ်ပုဒ်နဲ့ မတူဘူးပေါ့နော်။ အရှေ့တစ်ပုဒ်မှာဆို ညီမတို့ ပင်လယ်ဘက်မှာ အဲဒီလို မြူးမြူးကြွကြွနဲ့ ကကြတယ်ပေါ့နော်။ ဒုတိယတစ်ပုဒ်ကျတော့လည်း မတူတဲ့ ပုံစံတွေနဲ့ပေါ့နော်။ အခုနောက်ဆုံးတစ်ပုဒ်မှာဆိုလည်း စိတ်အားငယ်နေတဲ့ လူငယ်တွေကို အားတွေတက်လာ အောင် ပုံစံမျိုးလေးပေါ့။ အဲဒီလိုမျိုးလေးတွေ ပြင်ဆင် ထားပါတယ်”လို့ ပြောပါတယ်။ Music Video ရိုက်တုန်းက ကိုရီးယားမှာ သွားရိုက်ခဲ့တဲ့ အကြောင်းကို Naychi က ”ညီမတို့ သွားရိုက်တုန်းကလည်း ကိုရီးယားမှာလည်း သွားရိုက်ခဲ့တယ်။ အဲဒီမှာဆိုလို့ရှိရင် ကစားကွင်းတွေမှာလည်း သွားရိုက်တယ်။ ပြီးတော့ ဟန်မြစ်မှာလည်း ရိုက်ခဲ့တယ်။ ညီမတို့ ငါးယောက်လုံး ပျော်ပျော်ပါးပါးနဲ့ ရိုက်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ပရိသတ် တွေ အားပေးကြပါဦး”လို့ ပြောပါတယ်။

Rose Quartz ဆိုတဲ့ Girls Band ဟာ Realize, Ra Pa Pam Pam နဲ့ 3,2,1 ဆိုတဲ့ MTV ၃ ပုဒ် အွန်လိုင်း မှာတင်ပြီး အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here