သာမိုမီတာဇာတ်လမ်းတွဲမှာ ဦးကင်းကောင် အတွက် Tribute အစီအစဉ်လေးတစ်ခုပြုလုပ်သွားမယ့် ဒါရိုက်တာမောင်သီ

0
804

ဒါရိုက်တာမောင်သီက ဟာသ သရုပ်ဆောင် ကင်းကောင်အတွက် လက်ရှိပြသလျက်ရှိနေတဲ့ သာမိုမီ တာဇာတ်လမ်းတွဲမှာ ဂုဏ်ပြုအမှတ် တရအစီအစဉ် Tribute အနေနဲ့ ထည့်သွင်းသွားဖို့ စီစဉ်နေ ကြောင်း သိရပါတယ်။ ဦးကင်းကောင်ဟာ ပုပ္ပားကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ သွားရင်းနဲ့ ဇာတ်ကားမ ရိုက်ကူးရ သေးခင်မှာပဲ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက ဒါရိုက်တာ မောင်သီ ပရိုဂျုစာအဖြစ် ဆောင်ရွက်တဲ့ ဇာတ် လမ်းတွဲလည်း ဖြစ်ပါတယ်။ ပုပ္ပား ကိုရောက်ရှိလာတဲ့ ဦးကင်းကောင် ရဲ့အခြေအနေကို ဒါရိုက်တာ မောင်သီက အခုလိုပြန် လည်ပြောပြတာက…

”သူ့အခန်းက ဘာမှမရိုက် ဖြစ်သေးဘူး။ ကျန်းမာရေးမကောင်း ဘဲနဲ့လာတော့ ဒါရိုက်တာနဲ့တိုင်ပင်ပြီး တော့ သူ့ကိုအနားပေးထားတာ။ သုံး ရက်လောက် နားပါစေပေါ့။ နားလို့ မှပြန်ပြီး ထူထူထောင်ထောင်မဖြစ် လာရင် ပြန်ပို့မယ်ပေါ့။ ထူထူထောင် ထောင်ဖြစ်လာရင်တော့ ရိုက်ပေါ့။နားနေရင်းနဲ့ နှစ်ရက်မြောက်နေ့မှာ အဲဒီလိုဖြစ်သွားတာပါ”လို့ ပြောပြ ပါတယ် . . .

အခုလက်ရှိမှာတော့ အဆိုပါ ဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူး လျက်ရှိပြီး ဦးကင်းကောင်နေရာမှာ တော့ တခြားတစ်ယောက်ကို အစား ထိုးသွားရတော့မှာပဲဖြစ်ပါတယ်။ ဒါရိုက်တာ မောင်သီက ဦးကင်း ကောင်နဲ့အတူ ဇာတ်ကားတွေ များစွာရိုက်ကူးခဲ့ပါတယ်။ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ သာမိုမီသာ ဇာတ်လမ်းတွဲပဲဖြစ် ပါတယ်။ နှစ်ပေါင်းများစွာတွဲပြီး ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဦးကင်း ကောင်နဲ့ ပတ်သက်လို့လည်း ဒါရိုက် တာ မောင်သီက . . .

”စိတ်ရင်းကောင်းတယ်ဗျာ။ အားလုံးကို ပျော်အောင်ထားတယ်။အားလုံးကို စိတ်ချမ်းသာအောင်ထား တယ်။ စိတ်ရင်းကောင်းတဲ့ သူတစ် ယောက် ကောင်းရာမွန်ရာ ဘဝကို ရောက်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။ ဒါရိုက်တာမောင်သီ က ဦးကင်းကောင်ရဲ့ နောက်ဆုံးခရီး ကိုလည်း ပို့ဆောင်ပေးခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here