ဂျနီဖာလိုပက်စ်က “10 Day No Sugar, No Carb Diet” ဆိုပြီး ပရိသတ်ကို ချဲလန့်လုပ်

0
130

အသက်အရွယ်အတန်အသင့် ရလာပြီဖြစ်ပေမယ့် ပုရိသတွေ ငေး ကြည့် နေရတဲ့ ကျန်းမာပြီး ဆွဲဆောင် အားပြင်းတဲ့ ခန္ဓာကိုယ်ကောက် ကြောင်းကို ပိုင်ဆိုင်ထားဆဲ ဂျနီဖာလိုပက်စ်က သူနဲ့ သူ့ပရိသတ်တွေအတွက် ၂ဝ၁၉ ခုနှစ် အမှတ်တရအနေနဲ့ ချဲလန့်လို့ခေါ်တဲ့ အခုတလော ခေတ်စားနေတဲ့ စိန်ခေါ်ယှဉ်ပြိုင်တဲ့ စကားတစ်ခု သူ့ရဲ့လူမှုစာမျက်နှာမှာ ရေးတင်လိုက်ပါ တယ်။ “10 Day No Sugar, No Carb Diet” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ စိန်ခေါ်ချဲလန့်လုပ်တာကို ပရိသတ်ကို အသိပေးခဲ့ပါတယ်။ “ကိုယ့်ဘာသာ ကိုယ်တစ်ယောက်တည်းကတော့ ကျိန်းသေလုပ်မှာပါ။ ဒါပေမယ့် ပရိသတ် တွေ မိတ်ဆွေတွေလည်း လုပ်လို့ရအောင် ချဲလန့်လုပ်လိုက်တာပါ”လို့ သူက ပြောပါတယ်။ ဆိုလိုတာက ၁ဝ ရက်တိတိ သကြားနဲ့ ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအသောက်တွေ ရှောင်ဖို့ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်က မိုင်ယာမီမှာ အားကစားလေ့ကျင့်ခန်းလုပ်အပြီး ဒီချဲလန့်ကို တင်လိုက်တာပါ။ အဲဒီနေ့က ဂျေလိုကိုတွေ့လိုက်တဲ့ မီဒီယာ သမား တွေ၊ ပရိသတ်တွေကလည်း ဂျေလိုအသက်အရွယ်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်း နိုင်ပုံကို ချီးမွမ်းရေးသားခဲ့ကြ ပါသေးတယ်။ အသက် ၄၉ နှစ်အရွယ်ရှိနေပေမယ့် ကျန်းမာရေးနဲ့ အလှအပ ကို အမြဲဂရုစိုက်တတ်တဲ့ ဂျေလိုရဲ့ ချဲလန့်ကို ဘယ်သူ မဆိုလိုက် လုပ်ကြည့်လို့ ရတာမို့ တစ်ခါလောက် စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။

Ref: HollywoodLife


LEAVE A REPLY

Please enter your comment!
Please enter your name here