၁၁ ပတ်မြောက်အထိ ရုံတင်ခွင့်​ရတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂုဏ်ယူနေတဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်

0
238

ဆရာတော် ရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်​ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာသြရသက ရိုက်ကူးပုံဖော်​ထားကာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့ အနုပညာရှင်​ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်​ဇာတ်ကားကြီးက ရုပ်ရှင်ရုံတွေမှာ ၁၁ ပတ်မြောက်အထိ ရုံတင်​ပြသနိုင်ခဲ့ပြီး စံချိန်သစ်​အနေနဲ့ တင်သွားခဲ့ပါတယ်။

မုန်းစွဲဇာတ်ကားကို ပရိသတ်​တွေက အားပေးကြပြီး ရုံတင်တာ စံချိန်သစ်​တင်သွားတဲ့အတွက်​တအားကို ပျော်ရွှင်မိတယ်​ဆိုတာကို ထုတ်လုပ်သူဖြစ်တဲ့ ကိုဝေမင်းမောင်​က မုန်းစွဲက ထုတ်​လုပ်သူ တစ်​ယောက်​အနေနဲ့ ပိုက်​ဆံကလည်း ရတယ်​။ ပရိသတ်​ကလည်း သဘောကျတယ်​။ အခုလိုမျိုး ပရိသတ်​ကြိုက်​တဲ့ကားက Drama ကားဆိုတော့ အစ်​ကိုက ထုတ်​လုပ်​သူတစ်​ယောက်​အနေနဲ့ ပိုသဘောကျတယ်​။ ပြီးတော့ မုန်းစွဲရုပ်​ရှင်​ဇာတ်​ကားက သာသနာ ပြုဇာတ်​ကားနဲ့ စံချိန်​တင်​တယ်​။ ကိုယ်​ကလည်း ဗုဒ္ဓဘာသာဖြစ်​တဲ့ အတွက်​ ကိုယ့်​ဗုဒ္ဓဘာသာဇာတ်​ကားနဲ့ စံချိန်​တင်​တယ်​။ ပရိသတ်​တွေက အသိအမှတ်​ပြုတဲ့အတွက်​ ဂုဏ်​လည်းယူတယ်​။ ကိုယ်​ကလည်း အမြတ်​အစွန်း အများကြီးရတဲ့အတွက်​ အတိုင်းထက်​ အလွန်​ပျော်​ပါတယ်​လို့ ပြောပြခဲ့ပါတယ်​။ ဆက်လက်ပြီး ပြောပြတာက ”ပရိသတ်​အကြိုက်​နဲ့ ကိုယ့် အကြိုက်​က ထပ်​တူကျသွားတယ်​ဆိုတာကိုလည်း ကျွန်​တော်​ထုတ်​လုပ်​သူတစ်​ယောက်​အနေနဲ့ တခြားကားတွေ အများကြီး ရိုက်​ကူးဖူးတယ်​။ တချို့ သောကားတွေမှာ ပရိသတ်​အကြိုက်​နဲ့ ကိုယ့်​အကြိုက်​ထပ်​တူမကျတာတွေ ရှိတယ်​။ ကိုယ်​က တအားကြိုးစားထားတယ် အများကြီး ရင်းနှီး မြှုပ်​နှံထားပေမယ့်​လည်း ပရိသတ်​က သိပ်​မကြိုက်​တာတွေ ရှိတယ်​။ ကိုယ်​က သိပ်​မကြိုက်​ပေမယ့်လည်း ပရိသတ်​က အားပေးတဲ့ဇာတ်​ကား တွေလည်းကြုံဖူးတယ်​။ ပရိသတ်​နဲ့ ကိုယ်​ကတစ်သား တည်းကျဖို့ဆိုတာ တအားခက်​တယ်​။ အခုမုန်းစွဲ ဇာတ်​ကားကတော့ ပရိသတ်နဲ့ တစ်​သားတည်း အကျလွန်​သွားတယ်​”လို့ ဝေမင်းမောင်​က ပြောပြခဲ့ပါတယ်​။ အကယ်​ဒမီနဲ့ပတ်​သက်​ပြီးတော့လည်း ဝေမင်းမောင်က ”အကယ်​ဒမီ ပေးပွဲကနီးလာတဲ့အခါ ပရိသတ်​တွေရော၊ အနုပညာရှင်​သမားတွေရော၊ မီဒီယာတွေကပါ မုန်းစွဲဇာတ်​ကားကို အကယ်​ဒမီ ပေးနေကြတယ်​။ ကျွန်​တော်​ကတော့ရရင်​ အားလုံး လိုချင်​ပါတယ်​။ မင်းသား၊ မင်းသမီး၊ ဇာတ်​ညွှန်း၊ ဇာတ်​ပို့၊ အသံ အားလုံးကောင်းတယ်​။ ဇာတ်​ကား ကောင်းတစ်​ကားဖြစ်​ဖို့ဆိုတာ အားလုံးကောင်းလို့ဖြစ်​ တာလေ။ မင်း သားပဲဖြစ်​ဖြစ်​၊ မင်းသမီးပဲဖြစ်​ဖြစ်​၊ ဒါရိုက်​တာပဲဖြစ်​ဖြစ်​၊ ချွန်​ပြီး ကောင်းနေလို့ မရဘူး။ အားလုံးပေါင်းပြီး ကြိုးစားထားတဲ့အရာ ဖြစ်​တဲ့ အတွက်​ အကယ်​ဒမီကို အကုန်​လုံးကိုရစေချင်​တယ်။ အကယ်​ဒမီရခြင်း၊ မရခြင်းထက်​ အခုလိုထင်​မြင်​ချက်​ပေးတာနဲ့တင်​ ပျော်​နေပါပြီ”လို့ ပြောပြခဲ့ပါ သေးတယ်​။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here